Part 11

1.1K 40 0
                                    

“အား”
အလန့်တကြားအော်လိုက်တော့ မဟော်ပါနိုးသွားရသည်။
“ကြိုး ကြိုးဘာဖြစ်လို့လဲ”
“ရှင် ဘယ်လိုလုပ်ကျွန်မကုတင်ပေါ်ရောက်နေရတာလဲ”
“ညက ကြိုး ဖျားနေလို့ ကိုယ်ဆေးထတိုက်ပြီးတော့ ကြိုးပဲ ကိုယ့် လက်ကို ဆွဲပြီး ထွက်မသွားပါနဲ့လို့ပြောတာလေ”
“အို ဟုတ်စရာလား”
ရှက်သွေးပိုနေသော သူမ၏ မျက်နှာလေးက စွဲမက်စရာ ဆေးတစ်မျိုးပင်။
မဟော် ရှက်သွေးပိုနေသော ဇနီးဖြစ်သူ ကြိုးကြောင့် ရယ်၍ စောင်နှင့် ခေါင်းအုံးလေး ပိုက်ကာ သူ၏ အခန်းဆီသို့ ပြန်လာလိုက်၏။
ဒီနေ့တော့ သမီးလေးကို ကျောင်းပို့ရပေအုံးမည်။
“သမီး ဘုံဘုံ”
“ရှန်”
မီးဖိုခန်းတွင် မနက်စာစားနေရာမှ လှမ်းခေါ်သံကြောင့် ထပြေးသွားလေရဲ့ ။ ကြိုးပါ ထလိုက်ကြည့်မိ၏။
“မာမီ လာလာ အိမ်ထဲဝင်မာမီ”
“ညည်းနဲ့ မြေးလေးကို သတိရလို့ လာခဲ့ရတာပါအေ”
“မာမီကလဲ  ကြိုးတို့လာလည်မှာပေါ့”
“မဟုတ်တာအေ ညည်းတို့က အခုမှ လက်ထပ်ပြီးစ ညည်းအမျိုးသားကလဲ အလုပ်ကခပ်များများရယ်ဆို”
ဒေါ်သီရိက ဧည့်ခန်းဆိုဖာဆက်တီတခုမှ ဟန်ပါပါဝင်ထိုင်လိုက်ပါသည်။ ရီကတော့ သမီးလေးကို အဝတ်အစားလဲပေးဖို့ခေါ်သွားလေ၏။ မဟော်လည်း အလုပ်သွားဖို့ အောက်ထပ်သို့ ဆင်းခဲ့ရာမထင်မှတ်ထားသော  ယောက္ခမကြောင့် အံ့အားသင့်ရ၏။
“မေမေ”
“အော် သား”
“မေမေတို့ သမီးလေးကို လာခေါ်တာလား”
“ဟုတ်တယ်ကွယ် သူ့တီလေးက သတိရနေတာ အခုလဲ သူကျောင်းပို့ချင်ပါတယ်ဆိုလို့  ဒါနဲ့ မင်းက အလုပ်လား”
“ဟုတ်တယ် မေမေ ကျွန်တော် သွားတော့မယ်နော် ကြိုးကိုယ်သွားပြီနော်”
ဟု မေမေအား‌ ပြောပြီး ကြိုး၏ နှဖူးလေးအား ခပ်ဖွဖွနမ်းလိုက်၏။
ဟော် အဲ့ဒါတွေ မုန်းလိုက်ပါဘိ။ ငယ်ငယ်ကအတိုင်း အခွင့်အရေးရရင် ရသလို လူကိုများ သူ့နယ်ရုပ်လေးသားကျလို့။
မိုးမင်း၏ လက်ထပ်ပွဲအတွက် သူကိုယ်တိုင် အလုပ်တွေရှုပ်နေရသည်။
“ဘော့စ် မမလေးရဲ့ မွေးနေ့က ဒီလထဲရှိတယ်ဟုတ်လား”
“ဟာ မင်းက ဘယ်လိုသိတာလဲ”
မျက်ထောက်နှီကြီးနှင့် မေး‌လာတော့ မိုးမင်းက ချက်ချင်းပင်။
“အေးအေးပြောစမ်းပါ ဘော့စ်ရယ်ဘော့စ်ရဲ့ အချိန်ဇယာီထိပ်ဆုံးမှာ ပြူးပြဲနေအောင် ပါနေတာကို”
“အေးပါ ငါက ဘာပြောနေလို့လဲ”
တကယ်ဆို ကြိုးနှင့် ပတ်သက်သမျှကိုသာ သူ၏ အချိန်ဇယားတွင် ဦးစားပေးထားသည်ကို မည်သူသိမည်နည်း။ ဒီနေ့တော့ မိုးမင်းက သူ၏ ဇနီးလောင်းနှင့် ဒိတ်ရှိသဖြင့် မဟော်တယောက်တည်းသာ ပြန်လာခဲ့ရသည်။

😊😊😊😊

“ဝုန်း ဒိုင်း”
ရှေ့မှ ဝင်အောင်းလာသော‌ကား။
ခေါင်းထဲတွင် တချက် မိုက်ခနဲဖြစ်သွားပြီး အရာအားလုံးဟာလည်း အ‌ မှောင်အတိပင်။
                    ကြိုးသည် ဖုန်းကို ခပ်ကျပ်ကျပ်ဆုပ်ကိုင်ထားမိကာ လက်ချောင်းများနှင့် ဖုန်းအကြား ချွေးများ စွတ်စိုစိမ့်ပျံ့လာပါသည်။ တဖက်၏ စကားသံများအကြားမှာ လေးတိုးနေသလို ဝူဝူဝီဝီ မြည်နေသည်ဟု ထင်နေမိသည်။ ရင်ထဲတွင် တဖျတ်ဖျတ်၊တလှပ်လှပ် မီးစွဲထားသလို ပူလောင်ထူပူ၍ နာကျင်ရသည်။ ဘာစကားမှ ပြန်မပြောနိုင်ပဲ ငိုင်ပေပေနှင့် ထိုင်နေသော သမီးဖြစ်သူ၏ လက်ထဲမှ ဖုန်းကို ဆွဲယူလိုက်သော ဒေါ်သီရိ။

“ဟုတ်ကဲ့ ကျွန်မတို့ ချက်ချင်းလာခဲ့ပါမယ့်”

ကြိုး မျက်ရည်များကျနေသည့်တိုင် မာမီ မြင်တာကိုရှက်သလိုဖြစ်မိကာ  ကမန်းကတန်း မျက်ရည်သုတ်လိုက်သည်။

“ကြိုး ငိုနေလို့ ဘာမှထူးလာမှာ မဟုတ်ဖူး အခု သူ့အခြေအနေဘယ်လိုဆိုတာ သွားကြည့်ကြမယ် လိုအပ်ရင် လိုအပ်တာ ဆက်လုပ်ကြတာပေါ့”
              
                 ခေါင်းတွင်ကား ပတ်တီးတခု။ခြေထောက်တဖက်ကိုကား ကျောက်ပတ်တီးက စီးထားရသေးသည်။  နှုတ်ခမ်းမှာက သွေးများမရှိ ဖြူဖပ်နေလေ၏။ အို ဒီလိုသာ ဝေးသွားခဲ့ရင် ကြိုး သူ့ကို ချစ်ပါသည်ဆိုသည့် အကြောင်းတောင် ပြောလိုက်ရမည်မထင်။
 
              နှောက်ကျိကျိအတွေး၊ခြေသံတွေ ၊စကားပြောသံတွေ၊ ငိုရှိုက်သံ သဲ့သဲ့က မသဲမကွဲ။ သူနောက်ဆုံး မှတ်မိသည်က Company မှ အိမ်သို့အပြန် လမ်းအားဖြတ်ကူးနေသော အမေအို တစ်ဦးကို ရှောင်ရင်း အရှေ့မှာ လာသော ကားဖြင့် တိတ်မိခြင်းဖြစ်သည်။  ရင်ဘတ်ပေါ်တွင် တချက်ချက် အနွေးဓာတ်က ဖြတ်သန်းနေလေ၏။ မျက်စိအား အားယူဖွင့်ကြည့်ဖို့ ခဲယဉ်းနေပြန်သည်။ သူ၏ ကိုယ်လေး လှုပ်ရှားလိုက်ရုံနှင့်ပင် ချစ်ဇနီး၏အသံက ထွက်လာသည်။ သူမ၏ အသံကြားသည်နှင့် ဝေဒနာက တဝက် သက်သာသွားသယောင်ပင်။

“ကို ကိုသတိရလာပြီလား ဘာဖြစ်နေသေးလဲ”

ရွှေချည်ကြိုးသည် ငိုမိကာ ခေါင်းတွေ မူးကိုက် နှာခေါင်းတွေ ပိတ်နေသည့်တိုင် သူ့ကို မျက်လွှာပင့်ကြည့်သည့် အကြည့်တွင် တစုံတရာ အရိပ်အယောင်မှ မပါအောင် ကြိုးပမ်းသတိထား၍ ကြည့်လိုက်မိသည်။

“အင်း ကိုယ်သတိရပါပြီ ကြိုး ကိုယ့်ကို ကိုလို့ ခေါ်လိုက်တာလား”
“ဟင် ဒါနဲ့ ဘယ်နားနာသေးလဲ”
“ကိုယ် သက်သာပါတယ် ကိုယ့်ဘေးမှာ ကြိုးရှိနေရင် ဘာမဖြစ်ဖူးသိလား ဒါနဲ့ သမီးလေးကော”
“သမီးလေးက ကျောင်းမသွားချင်ဘူးဆိုလို့ ရီအတင်းသွားပို့တယ်”
“အော်”

ဟင်….။ ဘုန်းမဟော်သက်ပြင်းချလိုက်ပါသည်။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now