Part 9

1.1K 44 0
                                    

ကြည့်စမ်းပါအုံး စကားတစ်ခုချင်းစီကို အထအနာကောက်နေလိုက်တာများ မိန်းမကြီးကျလို့။ နောက်ဆုံးတော့ ကြိုးနှင့် နီးစပ်လာသလိုခံစားရလာပြီ။
“မေမေ ဖေဖေ မီးမီးကို ဆေးလိမ်းပေးပါအုံး အရမ်းယားနေပြီ”
“အော် အေးအေး အေးပါကွယ်”
ကြိုး သမီးလေး၏ ကျောပြင်တလျှောက် ဆေးဖြင့် နေရာအနှံ ပွတ်လိမ်းပေးနေ၏။ သူကလည်း မထွက်သေးပဲ ထိုအနားမှာ ဆက်၍ ထိုင်နေလိုက်သည်။
“ဘော့စ် ဘော့စ်”
အောက်ထပ်မှ အော်သံကြောင့် မဟော်အောက်သို့ ပြေးဆင်းလာခဲ့၏။ ဆိုဖာပေါ်တွင် စတိုင်ကျကျနှင့်ထိုင်နေသော မိုးမင်း။
“ဘော့စ်ရာ ရှစ်နာရီပဲ ထိုးနေပြီ အခုထိအခန်းထဲက မထွက်သေးဘူးလား”
“ဘာကွာ”
မိုးမင်းက ပြုံးစိစိဖြင့် စနေ၏။
“ဘော့စ် လိုက်မှာလား ကျွန်တော်ရုံးသွားတော့မှာ”
“ငါမသွားတော့ဘူး ‌သမီးလေး ကျန်းမာရေးမကောင်းလို့ အလုပ်ကို သေချာဂရုစိုက်လုပ် ဘာပြဿနာမှ မကြားချင်ဘူး”
“ဟုတ်ပါပြီဗျာ”
မိုးမင်း ပြုံးပြုံးပြုံးပြုံးဖြင့် ထွက်သွားလေ၏။သူမီးဖိုခန်းထဲက သိမ်းလက်စကို ပြီးအောင်သိမ်းပြီး အပေါ်သို့ တက်လာခဲ့၏။ အခန်းထဲသို့မဝင်ခင် အခန်းထဲမှ အသံကြောင့် သူငြိမ်ပြီး နားထောင်နေလိုက်၏။
“အင်း အဲ့ဖိုင် မမလဲ သမီးလေးကို စိတ်မချနေလို့”
“***”
“စိတ်ချမယ်နော် ထား”
“****”
“အေးပါကွယ် အဲ့ဒါဆို ဒါပဲနော်”
စာချုပ်ချုပ်ရန် ချိန်းဆိုထားသော်လည်း သမီးလေးက ကျန်းမာရေးမကောင်း၍ မသွားနိုင်သဖြင့် ထားနှင့် လက်လွှဲလိုက်ရသည်။ ကြိုး သမီးလေးကို ကြည့်လိုက်တော့ အိပ်မောကျနေချေပြီ။
“ကြိုး အလုပ်သွားစရာရှိတယ်ဟုတ်လား သွားလေ”
“ကျွန်မသွားရင် သမီးလေးကို ဘယ်သူကြည့်မလဲ ဟင်း”
“ကိုယ်ရှိနေတာပဲ ကြိုးသာ အလုပ်ကို စိတ်ချလက်ချသွား”
“ ရှင် ဖြစ်နေလို့ကို စိတ်မချတာ”
မဟော် ပါးချိုင့်ပေါ်အောင် ရယ်လိုက်မိသည်။
“ဟား ဘာလဲ ကိုယ် သမီးလေးကို ပြန်ပေးဆွဲမှာ စိုးလို့လား”
“ဆွဲရဲ ဆွဲကြည့်ပါလား”
“ဟုတ်ပါပြီ ကြိုးသာသွား ကိုယ်အိမ်က အလုပ်တွေ အားလုံးတာဝန်ယူတယ်”
“ရှင် ဆေးတော့ ကောင်းကောင်းလိမ်းတတ်ပါတယ်နော်”
ဟုတ်ပါသည်။ ‌မဟော်ကျောင်းသားဘဝက လက်ရွေးစင် ဘောလုံးသမားဖြစ်ခဲ့ဖူးသည်။ ခြေစမ်းပွဲကန်ရင်း ခြေထောက်ခေါက်သွားသည်ကို ကြိုးရှိရာ မရောက်ရောက်အောင်လာပြီး ဆေးလိမ်းခိုင်းသည်ကို မှတ်မိပါသေးသည်။
“လိမ်းတတ်ပါတယ် ကြိုးသာ သွားစရာရှိသာသွား”
သမီးလေးကို သူနှင့်စိတ်မချပေမယ့်လည်း အလုပ်ကိစ္စက စာချုပ်ချုပ်ရန်ရှိနေပြန်သေးသည်။ ကြိုး နီဝါရောင် ဝမ်းဆက်လေးဝတ်ပြီး ဆင်းလာတော့ သူက မီးဖိုခန်းထဲတွင် အေပရွန်တထည်နှင့် အလုပ်ရှုပ်နေ၏။
“ကြိုး သွားတော့မှာလား”
“အင်း”
“ခဏစောင့်လိုက် မိုးမင်းပို့လိမ့်မယ်”
စလာပါပြီ ဟိုကိုစိတ်မချဒီကို စိတ်မချနှင့်။
“အို ကျွန်မဟာနဲ့ ကျွန်မသွားပါ့မယ်”
နတ်သမီးလေးတစ်ပါးလို လှနေသည့်သူမလေးအား အဘယ်ကြောင့်စိတ်ချရမည်နည်း။ ကားပေါ်တွင်လိုက်ပါလာသော ကြိုးကိုကြည့်ကာ မိုးမင်းက စကားစလေသည်။
“မမလေး ဘယ်မောင်းရမလဲ မမလေးရဲ့ Companyကိုလား”
“အင်း ဟုတ်တယ် ဒါနဲ့လေ ကြိုးကို မမလေးလို့ခေါ်စရာမလိုပါဘူးသာမန်ရင်းရင်းနှီးနှီးကြိုးလို့ပဲခေါ်ပါ”
မိုးမင်းက ရယ်၍
“မဟုတ်တာမမလေးရယ် မမလေးကို နာမည်တပ်ခေါ်တာ ဘော့စ်ခွင့်မပြုထားဘူး”
ကြိုး တချက်ပြုံးလိုက်မိသည်။ ကြည်နူးသော အပြုံးနှင့်အတူ
“ကြိုးကိုတောင် ဒီလောက်သဝန်တိုနေလျှင် သူမကိုဆို ဘယ်လောက်ထိ ချစ်မယ်မသိဘူး” ဟူသော အတွေးတို့ကြောင့် မျက်နှာလေး ညို့မှိုင်းသွားရပြန်ပေသည်။
(သူမဆိုတာက ဘယ်သူလဲ😥)
🥰🥰🥰🥰🥰
ကြိုး အိမ်ပြန်ရောက်တော့ မိုးတောင်တော်တော်ချုပ်နေပြီ။ဧည့်ခန်းထဲတွင် ထိုင်နေသော မဟော်က ပြာပြာသလဲထလာကာ ဆီးကြိုလေသည်။
“ကြိုး ရောက်ခဲ့ပြီလား ရေအရင်ချိုးမလား ထမင်းအရင်စားမလား”
“ဟင့်အင်း သမီးလေးကော”
“သမီးလေးကို ဆေးတိုက်ထားလို့ မိန်းနေတယ်”
“အော် အင်း”
ဟုဆိုကာ အပေါ်သို့တက်သွားလေရဲ့။ သူအား နည်းနည်းမျှပင် ဂရုမစိုက်သွားသော သူမအား အသဲယားလှပေသည်။  ဧည့်ခန်းထဲသို့ဝင်‌လာသော မိုးမင်း။ မိုးမင်း၏ မျက်နှာက တစ်ခုခုပြောချင်နေသယောင်။
“မိုးမင်း ဘာပြောစရာရှိလို့လဲ”
“ဟို ဘော့စ်ဆီက အကူအညီတောင်းချင်လို့ပါ”
“အင်း ပြောလေ”
“ကျွန်တော် မိန်းမယူတော့မလို့”
“အေး ယူပေါ့ မင်းလဲ အသက်ရလာပြီလေ”
“အဲ့ဒါ ဘော့စ်နဲ့ မမလေး လိုက်တောင်းပေးပါလား”
အဲ့ဒါမှ ဂွကျတာ။ ကိုယ့်တောင် စကားမပြောတာ။ ခက်ပါသည်။
“အေးပါကွာ ငါကြိုးကို တိုင်ပင်လိုက်ပါအုံးမယ်”
ဒီအကြောင်းကို ကြိုးနှင့် သေချာတိုင်ပင်ရပေအုံးမည်။ မိုးမင်းဆိုသည်ကား သူ၏ ဘဝအတွက် မည်မျှအရေးပါခဲ့သည်ကိုသူသာသိသည်။ ‌ထိုစဉ် ဝင်လာသော ဖုန်းသံကြောင့် မဟော်ကော၊မိုးမင်းပါ အတွေးစ ပြတ်သွားရ၏။ ဖုန်း Contact ပေါ်တွင် ပေါ်လာသော နာမည်ကြောင့် သူမျက်ခုံး ရှုံ့လိုက်မိ၏။
😥😥😥(စလာပါပြီနော် ကြိုးတို့ လောင်ဖို့ပြင်ထားကြပါ

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now