Part 21

932 28 0
                                    

။ဒီနေ့တော့ အလုပ်လည်း မသွားဖြစ် ဘားသို့သွားမည်ဟု ရည်ရွယ်ကာ ထွက်လာခဲ့သည်။
“ကောင်လေး ဝမ်းကပ်”
“အိုကေ ဆရာ”
တရက်တရက် သူ၏အလုပ်က ဘားသို့  အရက်သောက်မည်။ ဒီလောက်မျှ သာ။ သူ၏ ကျန်သည့် အလုပ်ကိစ္စအဝဝကို မိုးမင်းက စီစဉ်ပေးနေရသည်။ ဘုန်းမဟော် ဝီစကီတခွက်အား အချိန်ယူ၍ သောက်နေစဉ် ဘေးတွင် သူနှင့် အရွယ်တူလူတယောက်ရောက်လာ သည်။
“ခင်ဗျား စိတ်တွေ အရမ်းမွန်းကြပ်နေတယ်ဟုတ်လား”
“အင်း ခင်ဗျား ဘယ်လိုသိတာလဲ”
“အဲ့ဒါက အရေးမကြီးပါဘူး အခု ကျုပ် ခင်ဗျား အတွက် စိတ်ထွက်ပေါက်ရမယ့်ဆေး ယူခဲ့တယ်”
“အဟက် ဟုတ်လှချည်လား”
ဆေးဆိုသည်မှာကား မူးယစ်ဆေး။ သူသည် ထိုသူ၏ ကောင်းမှုကြောင့်  ရှုရှိုက်ရုံမျှသာ မဟုတ်တော့ပေ ထိုးသည့်အဆင့်ထိပါ  ရောက်လာလေပြီ။ မျက်ကွင်းတွေကလဲ သိသိသာသာပင် ချောင်ကျလာသည်။ ခန္ဓာကိုယ်ကလည်း ပိန်သည်ထက်ပို၍ ပိန်လာသည်။
မိုးမင်းသာ ဘော့စ်အား ထိန်းသိန်းနေရသဖြင့် ဘော့စ်၏ပုံစံအား ကြည့်ကာ စိတ်မကောင်းပင် ဖြစ်မိသည်။
“ဘော့စ် လာပါဗျာ ကျွန်တော် ဟော်တယ်ပို့ပေးမယ်”
“ကိုဘုန်းရယ် ထိန်းအုံးမှပေါ့ ကျန်းမာရေးထိမယ်နော်”
           ကျန်းမာရေးမကောင်းပဲ အရက်ပဲစွတ်သောက်
နေတာကြောင့် လူက ဝါးခြမ်းပြားသာသာ ရှိတော့သည်။ ဆရာနှင့် ဆရာကတော်ကလည်း မည်သည့်စိတ်ဖြင့် ပစ်ပယ်ထားသည်ကိုပင် နားမလည်။ ဘော့စ် အခြေအနေက စိတ်မချစရာဖြစ်၍ ဇနီးယုယကိုခေါ်ကာ အားဆေးထိုးခိုင်းရသည်။  အိမ်ကထွက်သွားသည့် မမလေးနှင့်ဘုံဘုံလေးအကြောင်းကို မိုးမင်းနှင့် ယုယ စုံစမ်းသော်လည်း သတင်းအစအနပင် မရချေ။ ဒီပြဿနာတွေဖြစ်ရတာ ဘော့စ်ကြောင့်လား၊ဆိုဖီယာကြောင့်လား မသဲကွဲပေမယ့် တကယ့်တမ်းလက်တွေ့ခံစားရသူကား မမလေးနှင့် ဘုံဘုံ။
“အကိုရယ် ဘယ်လိုလုပ်မလဲ ကိုဘုန်းရဲ့ အခြေအနေက တဖြည်းဖြည်း ဆိုးလာပြီအခုတောင် အလုပ်တွေကို အကိုဦးစီးနေလို့”
“အင်း ဟုတ်တယ် ယုရယ် မမလေးရဲ့ အခြေအနေသတင်းလဲ ဘာမှမကြားရဘူး”
“ဟုတ်တယ်နော် ဒါနဲ့ ဆိုဖီယာကကော ဘယ်ရောက်သွားတာလဲ”
“သူ့ကိုလဲ လက်မထပ်ပဲ ဘော့စ်အိမ်မှာလာနေတယ် ဘော့စ်က ပိုင်ဆိုင်သမျှက်ု ဘုံဘုံလေးနာမည်နဲ့ လွဲလိုက်တော့ ငွေမက်တဲ့ သူဆိုတော့ ဘော့စ်ကို မွဲသွားပြီဆိုပြီး ခွာသွားတာ”
“ဟင်း ကိုဘုန်းဘဝကလဲနော်”
              အခုလောလောဆယ်တော့ ဘော့စ်ရဲ့ ကိစ္စအဝဝအား မိုးမင်းနှင့် ယုယက တာဝန်ယူထားသည်။ ဘော့စ်သည် သူ့တို့နှစ်ယောက်၏ ကျေးဇူးရှင်လို့ပင် သတ်မှတ်ထားသည်။ ကုတင်ပေါ်တွင် အိပ်နေသော ဘော့စ်၏ မျက်တောင်တွင် မျက်ရည်စတို့က တွဲခိုနေသည်။ ဖြည်းညှင်းစွာ ညည်းနေသော ဘော့စ်ကြောင့် ယုယတို့ပင် အံ့အားသင့်ရသည်။
“ဟင်း ကြိုး ကြိုး”
“ဘုံဘုံ ဟင်း သမီး ဖေ့သမီး”
             ယုယကသာ အခန်းထဲဝင်ပြီး အနားယူနေသော်လည်း မိုးမင်းမှာကား မနားနိုင်။ အခန်းတံခါးအား ခေါက်၍ နေသော်လည်း ပြန်မလှုပ်ရှားလာ။
“ဒေါက် ဒေါက် ဒေါက်”
မိုးမင်း ဈ်ပူစွာ တံခါးတွန်းဖွင့်လိုက်တော့ မြင်လိုက်ရသော မြင်ကွင်းကြောင့် အထိတ်အလန့်ဖြစ်ရသည်။ ဆေးမိန်းမိန်းနေသော ဘော့စ်။
“ဘော့စ်ရာ ဘယ်လိုဖြစ်ပြီး ဒီလို အခြေအနေအထိ ဖြစ်လာရတာလဲ
ဘယ်ချိန်ကစပြီး အခုလိုတွေး သုံးလာရတာလဲ”
သူ၏ ဆရာလို အကိုလို အားကိုးရသူက အချစ်ကြောင့် မူးယစ်ဆေးသမား ဖြစ်နေရပြီသည်တဲ့လား။ ဤပြဿနာကို ဇနီးဖြစ်သူနှင့် တိုင်ပင် ညှိနိုင်းပြီး ဖြေရှင်းရပေအုံးမည်။
ဘဝမှာ ဘယ်လိုပဲ မှန်ကန်အောင်နေနေ ဘဝတကွေ့မှာ ဘာရယ် မဟုတ်တဲ့ အမှားတခုကလည်း ဘဝကို ပြောင်းလဲ စေနိုင်ပါသကား။
“ဘယ်လို “
“ဟုတ်တယ် ယုယ အကိုလဲ မျက်မြင့်မို့ သူများတွေ ပြောရင်တောင် ယုံမှာ မဟုတ်ဖူး”
“အခု ဘယ်လို လုပ်ကြမလဲအကို ဒီတိုင်းဆက်ထားလို့တော့ မဖြစ်ဖူး”
“ဘော့စ် ဆေးသုံးတယ်ဆိုတာကို အပြင်လူတွေသိလို့ကတော့ အကိုတို့ HKLက ရစရာမရှိအောင် စုတ်ပြတ်သွားမှာ”
“ဘယ်လို ဖြေရှင်းကြမလဲ အကို ဆေးစွဲထားပြီဆိုရင် ဖြတ်ဖို့ခဲယဉ်းမှာ အကိုရဲ့”
“အင်း ဆေးဝါးနဲ့ ပတ်သက်ရင် ယုက ပိုကျွမ်းကျင်တော့ ယုစုံစမ်းကြည့်ပါလား"
“ဟုတ်ပြီအကို ဒီနေ့ ဒေါက်တာနေရောင်နဲ့တွေ့ဖို့ရှိတယ် ယုမေးမြန်းကြည့်ခဲ့မယ်လေ”
“အင်း ဟုတ်ပြီ ကျေးဇူးပဲယုရယ်”
“အကို အပြင်တွေတော့ မသွားနေ‌နဲ့အုံးနော် ကိုဘုန်းအခြေအနေက စိတ်ချရတာမဟုတ်ဖူး ဟိုထွက်ဒီကွက်သွားနေမှဖြင့်”
“အေးပါ အကို မသွားဘူး ဒါပေမယ့် ယုအပြန် ဆရာကတော်ကို အကျိုးအကြောင်းဝင်ပြောထားအုံးနော်”
“ဟုတ်ပြီ ဟုတ်ပြီ”
           မိုးမင်း၏ ဇနီးယုယမေက သူနာပြုတယောက်။ ဒါကြောင့်မို့လဲ တော်သေးသည်။ အရာအားလုံးက မျက်စိတမှိတ် လျှပ်တပြတ်မျှသာ ဖြစ်သော်လည်း ခံစားရသူတွေအဖို့ သေမတတ်ဝေဒနာတွေပင်။ ဒီရက်ပိုင်းတွေအတွင်း ဘော့စ်ကို မည်သည့်နေရာမျှ မထွက်အောင် မိုးမင်း စောင့်ကြည့်ရသည်။ ဒီထက် ဆေးကို ပို၍ စွဲလမ်းမှာ မလိုလား။ ပျက်စီးသွားမည်ကိုလည်း မလိုလားချေ။
အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် လူကြီးတစ်ဦး။ ဒေါက်တာနေရောင် ထင်သည်။ ယုကာ ဝင်၍ မိတ်ဆက်လိုက်မှ ကွဲကွဲပြားပြားသိလိုက်ရသည်။
“အကို ဒါက ဒေါက်တာနေရောင်တဲ့ ဒေါက်တာ ဒါက ကျွန်မခင်ပွန်းပါ”
“ဟုတ်တွေ့ရတာ ဝမ်းသာပါတယ် ဒေါက်တာ”
ဒေါက်တာက ရင်းရင်းနှီးနှီးပင် ပြုံးပြလာသည်။
“ယု ဒေါက်တာကို အခြေအနေပြောပြထားလား”
“အင်း ပြောပြထားပြီအကို ကိုဘုန်းကို ပထမဆုံး စစ်ဆေးရမယ်တဲ့ အဲ့လိုတွေ ဖြတ်ရင် ကိုယ်ခံအား ကောင်းနေမှတဲ့”
“ဆရာ အကောင်းဆုံးဖြစ်အောင် ကုသပေးမယ်ပါဗျာ ကုန်ကျသလောက် ကျွန်တော် တာဝန်ယူပါတယ်”
“ဆေးဖြတ်တဲ့အခါ အောင်မြင်နိုင်ချေက ငါးဆယ်ပဲရှိတယ် ကျန်တဲ့ ငါးဆယ်ကတော့ ကာယကံရှင်နဲ့ပဲ ဆိုင်တယ်”
ထိုနေ့က ဆေးစစ်မည်ဆို့တော့ ဘော့စ်အား မနဲပဲ ရှင်းပြရသည်။ ဒါတောင် သူက သိပ်၍ လက်မခံချေ။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now