Part 24

1.1K 30 0
                                    

အကို ရောက်နေတာ ကြာပြီ”
“အင်း သိပ်မကြာသေးပါဘူး ဒါနဲ့ ရှေ့ကထွက်သွားတဲ့သူက မမလေး မဟုတ်လား”
“ဟုတ်တယ် အကို မမလေး ကိုယ်ဝန်က ကိုးလထဲမှာ ကိုဘုန်းနဲ့ရတဲ့ကလေးတဲ့  မီးဖွားရက်က နောက်လထဲမှာတဲ့လေ”
“တော်တော် အပုန်းကောင်းတာပဲနော်”
ယုယ အတန်ကြာ ညိမ်သွားပြီး သေချာဆုံးဖြတ်ချက်ချ လိုက်သည်။
“အကို ကိုဘုန်းဆီ အရင်သွားရအောင်”     
“ဘာလဲ သွားပြောပြမလို့လား”
“ဟုတ်တယ်အကို နှစ်ယောက်လုံး ချစ်ရဲ့သားနဲ့ ဒီလိုဝေးသွားမှာ ကိုတော့ မကြိုက်ပါဘူး”-
   ကြိုးတွင် သူနှင့်ရသော ကိုယ်ဝန်ပါသွားသည်တဲ့လား။ သမီးဘုံဘုံ မွေးတုန်းကလည်း ကြိုးအနားတွင် သူမရှိခဲ့ အခု ဒုတိယကလေး။ ကံကြမ္မာက မည်သည်ကြောင့် သူ့အား ဤသို့ ဒဏ်
ပေးထားရသနည်း။ အပုန်းကောင်းလိုက်တာ ကြိုးရယ်။
             တထပ်တိုက်လေး အရှေ့တွင် ဆော့ကစားနေသော ဘုံဘုံ။
“သမီး အထဲဝင်တော့လေ မိုးတွေ ညိုလာပြီ”
“ဟာ မေမေကလည်း ဘုံဘုံက မိုးရေချိုးချင်တာကို”
“မိုးရေချိုးပြီး မိုးမိရင် ဖျားမယ်နော်”
“မဖျားပါဘူး နော်”
“သမီးရယ် လာစမ်းပါ”
          သမီးကို လာခေါ်သွားသော ကြိုးက ကိုယ်ဝန်
အရင့် အမာကြီးနှင့်ပင်။ မိုးတွေ ရွဲစိုနေသည်အထိ သူခြေတလှမ်းမှ မရွေ့လျားသေးပေ။ မိုးတွေကပဲ အလိုက်သိတာလား မသိတတ်ပေ။
မိုးရည်တွေကြောင့် သူ မျက်ရည်ကျနေသည်မှာ မသိသာတော့ပေ။
“ဒေါက် ဒေါက် ဒေါက်”
“နေနေ မေမေ ဘုံဘုံသွားဖွင့်လိုက်မယ်”
  အသက်သာငယ်သော်လည်း အရာရာသိတတ်သည့် သမီးရှိနေသေးသည်။ ဘုံဘုံ တံခါးဖွင့်လိုက်တော့ မျက်စိရှေ့တွင် ပေါ်လာသူသည် ဘုံဘုံ စောင့်မျှော်နေသော ဖေဖေ။  ဖေဖေမျက်နှာက ကြည့်ကောင်းနေဆဲ။ မျက်ရည်စတွေ တွဲခိုနေသော ဖေဖေ
မျက်နှာက  သိသာနေသည်။ ကိုယ်တခုလုံးကလည်း မိုးရည်တွေ
စိုစွတ်၍ အေးစက်နေလေသည်။ သမီးထံမှ ခေါ်သံကြားသည်နှင့် သမီးလေး၏ ကိုယ်အား ထွေးဖက်လိုက်သည်။
“ဖေဖေ”
“သမီး”
       ဤအသံသည် သူ၏အသံ….။သေချာပါသည်။ သားအ‌ဖ
နှစ်ယောက် ဖက်၍နေသော မြင်ကွင်း။ သူသည် အတော်မိုးတွေပင် စိုရွဲနေသည်။နှုတ်ခမ်းတွေပင် ပြာနှမ်းနေလို့။ ဟင်း…….။
“ကြိုး”
“မေမေ ဖေဖေ မိုးတွေစိုနေတယ်”
“ကြိုး”
“ရှင် ဘာလာလုပ်တာလဲ”
“ကိုယ် ကြိုးကို ပြန်လာခေါ်တာ”
“ဟင်… ကျွန်မတို့ မဖြစ်နိုင်တော့ဘူးလေ “
“ဘာကြောင့်လဲ ကြိုး ဒါ …ဒါ ကိုယ့်ရင်သွေးလေးပေါ့နော ”
ကြိုး မျက်နှာကိုသာ တခြားတဖက်သို့ လှည့်ထားလိုက်၏။
“ကြိုးရယ် ဒီကလေးလေး မွေးတဲ့အချိန်တော့ ကြိုးဘေးမှာ ကိုယ်ရှိ နေချင်တယ် ကြိုး မတားပါနဲ့နော်”
“မေမေ ဖေဖေ မိုးတွေအရမ်းစိုနေတယ် အကျီလဲခိုင်းလိုက်အုံး”
“မရှိဘူး”
“ရှိပါတယ် မေမေရဲ့”
          သမီးလေးက အခန်းထဲပြေးဝင်သွားက ပုဆိုးတထည်နှင့် စွပ်ကျယ်တထည်ယူပြီး ထွက်လာလေသည်။ ငါးရာနှစ်ဆယ့်ရှစ် သံယောဇဉ်ကို ထောင့်ငါးရာ သံယောဇဉ်က မှီနိင်ပါ့မလား။ သူ၏ ဖြစ်မယ် အိမ်ထဲခေါ်ကာ အကျီတွေလဲခိုင်းပြီး ရေနွေးပူပူတိုက်နေလေရဲ့။ကြိုးကတော့ ကိုယ့်ဝန်အရင့်
အမာကြီးနှင့်မို့ လုပ်လုပ် ရှားရှား မလုပ်နိုင်ချေ။ သူတို့သားအဖ အလွမ်းသယ် နေကြသည်ကို
သာ ထိုင်ကြည့်နေရသည်။  သူ့ကြည့်ရတာလဲ ပြန်ဖို့ စိတ်ကူးရှိဟန်မတူပေ။
“ရှင် ပြီးရင် ဆေးသောက်လိုက်အုံးနော် အိမ်မှာက ဧည့်ခန်းတခန်းပဲရှိတော့ ရှင်ဆိုဖာမှာ အိပ်လို့အဆင်ပြေလား”
“အင်း ပြေတယ် ကြိုး”
“မနက်မိုးလင်းရင်တော့ ရှင်ပြန်မှ ဖြစ်မယ် သမီး အိပ်ရအောင်”
“ဟင့်အင်း ဖေဖေနဲ့အိပ်မှာ”
“ဘုံဘုံ အရင်ကလဲ မေမေနဲ့အိပ်နေတာကို”
“ဖေဖေနဲ့ အိပ်မှာ”
“ဘုံဘုံ “
          အိမ်မှာနေစဉ်ထဲက ‌သူ၏ဖေဖေနားတွင်သာ အနေများသည် မဟုတ်လား။ ကြိုးထက်  သူမ၏ဖေဖေကိုသာ ပိုချစ်သည်မှာ အသိသာကြီးပင်။ အခုလည်း ကြိုးတားမရသည့်အဆုံး သူ့ဖေဖေနှင့်သာ အိပ်ခွင့်ပြုလိုက်ရသည်။ ဆိုဖာ ကျဉ်းကျဉ်းပေါ်တွင် သားအဖနှစ်ယောက် မည်သို့အိပ်ကြမည်နည်း။ စဉ်းစားမရပေ။
           သမီးလေးကို ပုံပြောချော့သိပ်ပြီး ဆိုဖာပေါ်တွင် အိပ်စေ၏။ သူကတော့ ခေါင်းအုံးအသေးလေး ကြမ်းပြင်ပေါ်ချကာ ခွေခွေလေး သာ လှဲနေလိုက်သည်။ ကိုယ်ဝန်အရင့်အမာကြီးနှင့်မို့ ထသွားထလာ ခက်ခဲသည်မို့ မနက်စောစော မထနိုင်။ အိပ်ယာထဲတွင် လှဲနေသော်လည်း အပြင်ဘက်မှ စကားပြောသံတွေကိုကား ကြားနေရချေပြီ။ မီးဖိုခန်းထဲမှ ခလို့ခလွမ်းသံတွေက ဆူညံနေလျက်၊
“မေမေ ဒီမှာ စွပ်ပြုတ်ထုပ်ထားပြီ”
“ကြိုး မျက်နှာသစ်ပြီး ထွက်လာလိုက်နော်”
“ရှင် မပြန်သေးဘူးလား”
“ပြန်မှာပါ ကြိုးသာ အရင်ထနော်”
           ကြိုး မျက်နှာသစ်နေချိန်ကားသံတွေက ဆူညံနေသည်။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now