Part 17

914 32 0
                                    

ခြံရှေ့ကားရပ်လိုက်လျှင်ပဲ သမီးလေးက ပြေးထွက်လာကာ
ကြိုးအားဖက်လေသည်။ ဘုန်းမဟော် ကားပေါ်မှ ဆင်းလိုက်သော်လည်း သမီးလေးက ဂရုမစိုက်ချေ။ သူ၏ ရင်ထဲတွင် အောင့်တက်သွားရ၏။ သူ့ကိုဆို အမြဲဂရုစိုက်နေသော သမီးသည် သူ့အားဂရုမစိုက်။
“မေမေ”
“သမီးလေး ကစားနေတာလား”
“ဟုတ်”
“ဘုံဘုံ”
          ဘုန်းမဟော်အား ဂရုမစိုက်နေသော သမီးလေးကြောင့် ကြိုး စိတ်ညစ်ရပြန်သည်။
“ဘုံဘုံ ဖေဖေဆီလာပါအုံး”
“သမီး သွားလေ ဖေဖေခေါ်နေတာကို”
“ဟင့်အင်း ဖေဖေက လူဆိုးကြီး မသွားဘူး မသွားဘူး”
          ဖေဖေက လူဆိုးကြီးဟူသော အသုံးအနှုန်းကြောင့် သူ မျက်ခုံးပင်ပင့်မိသွား ပြန်သည်။ ကြိုးကတော့ မျက်နှာ မကောင်းချေ။
သူမေးလိုက်သောအခါ သမီးလေးက စူးစူးဝါးဝါး အော်ငိုနေလေသည်။
“သမီး ဘယ်လိုပြောလိုက်တာလဲ”
“ဘုံဘုံ ဖေဖေက ဘာတွေဆိုးနေလို့လဲ”
“ဆိုးတယ် ဟီး ဖေဖေကတခြားမိန်းမကြီးနဲ့အိမ်မှာ မနက်စာ စားတယ် ဟီး”
         နောက်ဆုံးတော့ သမီးလေးက သူ့အား စိတ်ကောက် သဝန်တိုနေခြင်းဖြစ်ကြောင်း  ဘုန်းမဟော်နားလည်လိုက်သည်။ သို့ပေမယ် ကလေးဖြစ်သည့်အတွက် အကြာကြီးတော့ စိတ်မကောက်နေပေ။
“သမီး မေမေဘယ်နခါပြောရမလဲ အဲ့ဒါဖေဖေ့ရဲ့ အလုပ်အရပါဆို”
“ဖေဖေတောင်းပန်ပါတယ်နော် နောက်ခါ မဖြစ်စေရဘူးလို့ ကတိပေးပါတယ် သမီး ဖေဖေ့ကိုယုံနော်”
“ဖေဖေ ကတိပေးလား”
“ပေးသပ့ဗျာ ဆယ်ခါကိုပေးတယ်”
“ယေး”
“ဒါဆိုရင် ဖေဖေတို့ အိမ်ပြန်ရအောင်နော်”
          ကားလေးသည် အမြန်လမ်းပေါ်တွင် တရွေ့ရွေ့
ပြေးလာ ခဲ့သည်။ သမီးဖြစ်သူကတော့ သူ့ဖေဖေကားမောင်းသည့် ဘေးတွင် စကားတပြောပြောဖြင့်လိုက်ပါလာလေသည်။ ကြိုးကတော့ ညိမ်သက်စွာဖြင့် အတွေးတွေ နယ်ချဲ့နေမိခဲ့သည်။
“ကြိုး ကိုယ်တို့ တခုခုစားရအောင် သမီးလေးကော ဗိုက်ဆာပြီလား”
“ဟုတ်ဖေဖေ”
“ကြိုး စားရအောင်နော်”
           ကြိုး ခေါင်းသာ ငြိမ့်ပြလိုက်သည်။ တချို့အရာတွေက ဆိတ်ဆိတ်နေခြင်းသည် ပို၍ကောင်းသည် မဟုတ်ပါသလား။ ကြိုး သမီးလေး ပျော်နေတာကို ကြည့်ပြီး စိတ်ချမ်းသာရပါသည်။ အပြစ်ကင်းစင်နေသော ကို့မျက်ဝန်းတွေက ကြိုးအား တစုံတခုကို ဖွင့်ပြောချင်နေဟန်။
           မျက်စိရှေ့တွင် ချလာသော အစားအစာတွေထက် သမီးလေး၏ အပြုံးက ပိုချိုမြိန်သည်။ အစားတလုပ်စားရမည်ထက် ကြိုး၏ စကားသံ တခါထွက်ဖို့ရာကိုသာ ရင်ခုန်မိသည်။ သူမသိသည့် အချိန်တွင် သမီးလေးနှင့် ကြိုးသည် သူ့ဘဝ၏ အရာရာဖြစ်သွားချေ‌ပြီ။
“သမီး ဘာစားချင်သေးလဲ စားချင်သာကိုမှာနော်”
“ဟင့်အင်း တခုပဲ”
“ဘာလဲ ဖေဖေ့ကိုပြော”
“ဖေဖေနဲ့မေမေ တယောက်နဲ့တယောက်ခွံ့ကျွေးပါလား”
“ဟမ်”
            သေချာပါသည်။ ဟိုနေ့က ဆိုဖီယာ သူ့အား အတင်းခွံ့ကျွေး နေသည်ကို မြင်သွားဟန်တူပေသည်။ ကြိုးအား ကြည့်လိုက်တော့ သူ့ကို အလိုက်အထိုက်ပင် ပြန်၍ ပြုံးပြလာခဲ့သည်။ သမီးလေးစားနေသည့် ရေခဲမုန့်လေး ကော်ကာ ခွံ့ကျွေးလိုက်တော့မှ သမီးလေးက ပြုံးရွှင်သွားသည်မှာ အသိသာပင်။
“ဖေဖေနဲ့ မေမေ နက်ဖြန် မီးမီးကို ကစားကွင်းပို့ပေး”
“နက်ဖြန် ဘုံဘုံရဲ့ ကျောင်းက ပိတ်လို့လား”
“ဟုတ် သူများတွေကပြောတယ် တကယ်ချစ်တဲ့ မိဘတွေက ကလေးတွေ ဖြစ်ချင်တာလုပ်ပေးတယ်တဲ့”
“သမီးက ကစားကွင်းသွားချင်လို့ ဟုတ်လား မနက်ခါသွားကြမယ်”
“ကတိနော် ဖေဖေ”
“ကတိ ကတိပါဗျာ”
              သူ၏ အချိန်တွေကို အလုပ်မှတပါး အခြားအရာအတွက် မသုံးသော ဘုန်းမဟော်သည် အခုခါတွင်တော့ ကစားကွင်းသို့ သွားဖို့ရာ မည့်သို့ အချိန်ရသွားသည်ကိုပင် ကြိုးမတွေးတတ်ပေ။ သမီးလေးကလည်း သူဖြစ်ချင်သမျှကို အားမနာတမ်း
ပူဆာနေလေသည်။ ကြိုးပင် ဝင်ဟန့်ရသေး။
“ပြီးတော့”
“သမီးရယ် မပြီးသေးဘူးလား”
“ပြီးတော့ ဘာဖြစ်လဲ”
“ဖေဖေရယ် မေမေရယ် မီးမီးရယ် တူတူအိပ်ကြမယ်”
“အို”
“သမီးမေမေကမှ မအိပ်စေတာကို သမီးမေမေခွင့်ပြုမှ အိပ်လို့ရမှာပေါ့”
                မိသားစု အတူတူအိပ်ရန် မျက်နှာငယ်ဖြင့် သမီးလေးက ကြိုးဆီတွင် တောင်းဆိုရှာသေးသည်။ သူကလည်း အလိုတူ အလိုပါပင်။ ကြိုး ခွင့်မပြုမည်စိုး၍ သမီးလေးက အကြပ်ကိုင်လိုက်သေးသည်။
“မေမေ ခွင့်ပြုပေးပါနော် နော်”
“သမီး”
“မေမေ ခွင့်မပြုရင် ဖွားဖွားနဲ့ သွားတိုင်မှာ”
“အေးပါ မေမေ အရုံးပေးပါတယ်ကွယ်”
“ယေး”
                မိုးပင် မချုပ်ရသေးပဲ ခေါင်းအုံးနှင့် စောင်ပိုက်ကာ ဝင် လာသောသူကြောင့် ကြိုးပင် စိတ်ညစ်ရသည်။ မှန်တင်ခုံရှေတွင် ဖီးလိမ်းနေသော ကြိုးသည် ယမင်းရုပ်လေးလိုသဖွယ်။ ကြိုးကို အနောက်မှ သိုင်း၍ဖက်ကာ ဆံနွယ်ရှည်လေးအား နမ်းရှိုက်လိုက်သည်။
“ကြိုး ကိုယ့်ကို စိတ်ကောက်နေသေးလား”
“မကောက်ပါဘူး ဖယ်ပါ”
“ဆိုဖီယာနဲ့ ပတ်သက်ပြီး”
“အားလုံးပြီးသွားပြီ မဟုတ်လားကိုရယ် ဘာမှပြောစရာမလိုပါဘူး ရေချိုးအုံးမယ် ဟုတ်လား ပြီးရင် ဆင်းလာခဲ့လိုက်နော်”
           ကြိုး သူ့အား ရှောင်ဖယ်၍ နေသည်မှာ အသိသာပင်။ အရာအားလုံးကို ကံစီမံရာဟုသာ လွှဲချထားလိုက်ချင်သည်။  သမီးလေးကို ချော့သိပ်ပြီး ဆင်းလာတော့ ကြိုးက ဆိုဖာပေါ်တွင် ထိုင်ကာ ဇာတ်လမ်းကြည့်နေလေ၏။ ကြိုး၏ ပေါင်ပေါ်တွင် ခေါင်းတင်ကာ လှဲအိပ်လိုက်သည်။
“ကို ဘာလုပ်တာလဲ”
“ခဏလေးပါ ကြိုး ကိုယ် ဒီလိုလေးနေချင်သေးလို့”
“သမီးလေစ အိပ်သွားပြီလား”
“အင်း သမီးကလေ ကိုယ့်လိုပဲ ဆိုးတယ်သိလား မေမေပြောပြတာ ငယ်ငယ်က ကိုယ်လဲ  ချော့မသိပ်ရင် မအိပ်ဖူးတဲ့ အခု သမီးလေးလဲ ကိုယ်ချော့မသိပ်ရင် မအိပ်ဖူး”
“လိမ္မာတာကတော့ ကြိုးနဲ့ တူတာပါ”
“အင်း ဟုတ်မယ် ဒါပေမယ့် ကိုယ့်ကို ပိုချစ်တာနော်”
“ဟုတ်ပါ့ အဲ့ဒါတော့ အမှန်ပဲ”
“ကြိုးကော ကိုယ့်ကိုချစ်လား”
“အို လိပ်မျိုး”
“ဟား ဟားဟား”
ကြိုးမျက်စောင်းလေးထိုးလာတော့ သူအားရပါးရ ရယ်မိသေးသည်။
¥¥¥

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now