ကြိုး သိပ်လှတာပဲ "
ကြိုး လှည့်ကြည့်လိုက်တော့ အပြည့်နှင့် ဘုန်းမဟော်။ ကြိုးအား ကြည့်ရသည်မှာ နတ်သမီးတစ်ပါးလိုပင်။ အပြစ်ပြောစရာဟူ၍ သူမမြင်။ နတ်ခမ်းနီလေးကိုတောင် ပေါ်ထင်နေအောင် ဆိုးမထားပါပဲ ရဲဥနေ၏။
သူ့အား စိုက်ကြည့်နေသော ကြိုး၏ မျက်ဝန်းအစုံသည် အံ့ဩမှု၊ အလိုမကျမှု သူအမည်ဖော်၍မရသော အရာတို့က ရောပြွန်းနေ၏။ ခြေလှမ်းတွေက ကြိုးအနား နီးကပ်ဖို့ တလှမ်းချင်း တိုးကပ်လိုက်သော်လည်း
"ရှင် ထွက်သွားနော် ကိုဘုန်းမဟော် ကျွန်မ မင်္ဂလာယူနေတဲ့ အချိန်မှာ ဒေါသမထွက်ချင်ဘူး"
"ကြိုး ကိုယ်ရှင်းပြပါရစေ"
"ဟင့်အင်း ရှင်းပြစရာမလိုဘူး ရှင်ထွက်သွား သိပ်မကြာခင် ကျွန်မရဲ့ သတိုးသားလာခေါ်တော့မှာ ရှင် ဒီအခန်းထဲက ထွက်သွား"
"ကြိုး ကြိုးနဲ့ သိပ်မကြာခင် လက်ထပ်မယ့် အမျိုးသားက ကိုယ်ပဲ"
"မဟုတ်"
ကြိုး နားတွေကို မယံချင်ပေ။ ဘာတဲ့ ကြိုး လက်ထပ်ရမယ့် အမျိုးသားက မဟော်တဲ့လား။ မဟုတ်ဘူး ကြိုး နားကြားမှာနေတာမဟုတ်လား။
"ဘာ "
မဟော်အတွက် အခုချိန်အလုပ်သင့်ဆုံးက ဒူးထောက်အရှုံးပေးခြင်းပင်။ ကြိုး၏ အရှေ့တွင် ဒူးထောက်ချလိုက်ကာ
"ဟုတ်တယ် ကြိုး ကိုယ်ကြိုးကို ချစ်တယ် သမီးလေးနဲ့ ကြိုးကို ကိုယ်တာဝန်ယူချင်တယ် ကြိုးကိုယ့်ကို မငြင်းပါနဲ့တော့နော်"
"ရှင် ရူးများနေလား ကိုယ်မချစ်တဲ့ ယောက်ျားတယောက်ကို ဘယ်မိန်းခလေးက လက်ထပ်မှာလဲ"
ကြိုး၏ ခပ်သဲ့သဲ့စကားသံက အပြစ်ပြောစရာမရှိအောင်ပင် ချိုမြနေသည်။
"ဟုတ်တယ်ကွာ ကိုယ်ရူးနေတာ ကြိုး မင်းကို ချစ်တဲ့ အချစ်ကြောင့် ရူးနေတာ"
မဟော် ခေါင်းကိုသာ တွင်တွင်ငုံ့ထားလေ၏။ တခန်းလုံးတွင် အပ်ကျသံတောင် ကြားနိုင်သည်အထိ တိတ်ဆိတ်သွားလေ၏။