Part 8

1.6K 89 12
                                    

မာမီနှင့် အန်တီမြိုင်၏ တောင်းဆိုမှု တောင်းပန်မှုကြောင့် သူစီစဉ်ထားသော အိမ်သို့ လိုက်နေရန် အကြောင်းဖန်လာတော့သည်။ မာမီ့ကိုတော့ ရီနှင့်အသေအချာ အပ်ထားခဲ့ရသည်။ ကြိုးကသာ အနောက်ခန်းက လိုက်ပါလာသော်လည်း သမီးလေးကတော့ ရှေ့ခန်းတွင် သူ့ဖေဖေဖြင့် စကားတပြောပြောလိုက်ပါလာသည်။


ဆိတ်ငြိမ်သော သူဌေးရပ်ကွက်တွင် ထည်ထည်ဝါဝါတည်ရှိနေသော သုံးထပ် တိုက်အိမ်ကြီးက သူမတို့နေရမည့် အိမ်သည့်လား။ ဘုံဘုံကတော့ အိမ်ထဲ ပြေးလွှးဝင်သွားပြီ။ ကြိုးမှာတော့ ကားပေါ်ကဆင်းလိုက်တော့လည်း ခြေတလှမ်းမရွှေ့မိ။ မိုးမင်းနှင့် အလုပ်သမားအချို့ကတော့ အထုပ်အပိုးတွေအား အစီတကျ နေရာချနေလျက်။


"ကြိုး အိမ်ထဲဝင်ရအောင်လေ"


"ဟင် "


"ကိုယ့်ကို စိတ်မကောက်နဲ့တော့နော်"


ကြိုး၏ လက်အား သူလှမ်းကိုင်လိုက်လျှင်ပဲ သူ၏လက်အား ပုတ်ထုတ်သွားပြန်၏။ အခြားတဖက်သို့ မျက်နှာမူနေသော သူမ။


"ကျွန်မကို ပိုင်စိုးပိုင်နက် မထိပါနဲ့ ကိုဘုန်းမဟော်"


ဟုဆိုကာ ထိုနေရာမှ ထွက်လာခဲ့သည်။ သူမကြိုက်တတ်သည့် ခရမ်းရောင်လေးတွေ ဆေးခြယ်ထားသော တိုက်အိမ်လေးက လှပမှုအတိ။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဧည့်ခန်းထဲတွင်ထိုင်နေသော သူ့အား မိုးမင်းက


"ဘော့စ် အခန်းအသင့်ဖြစ်ပါပြီ သမီးလေးအခန်းက ဘော့စ်နဲ့မမလေးရဲ့ မျက်နှာချင်းဆိုင်အခန်းမှာပါ"


"အင်း ဟုတ်ပြီ မင်းအထုတ်အပိုးတွေ သွားသယ်လေ"


"ဟုတ် ဘော့စ်"


သူ၏ မန်နေဂျာ ထွက်သွားမှ


"ဒီမှာ ရှင်နဲ့ ဘယ်သူက အတူနေမယ်ပြောလို့လဲ ရှင်ကတခန်းထဲ စီစဉ်ရတာလဲ"


"ဟာ ကိုယ်တို့ လက်ထပ်ပြီးပြီလေ ကြိုးရဲ့ အတူမနေလို့"


"ကျွန်မ သမီးလေးနဲ့ပဲနေမှာ"


"ကြိုး"


အချိန်တွေကိုသာ နောက်ပြန်လှည့်လိုက်ချင်မိချေပြီ။ သူဘာ‌အမှားတွေ လုပ်ထားမိလို့ ကြိုးက ဒီလို ပြောင်းလဲသွားရတာလဲ သူမသိပေ။ ကြိုးနှင့်သူသည် ၆နှစ်တာ အတူသွားအတူလာရှိနေသည့် သူတွေပင် ဖြစ်လင့်ကစား ဘယ်လိုအရာက သူတို့နှစ်ယောက်အား ဝေးကွာစေခဲ့သည်ကို သူမသိပါ။ အချိန်တွေက ကုစားသွားရင် သိပ်ကောင်းမှာပဲ။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now