Part 16

887 36 0
                                    

ဟယ်လို အားလုံးပဲ မင်္ဂလာပါခင်ဗျ ကျွန်တော်ကတော့ သတိုးသားမောင်မိုးမင်းပါခင်ဗျ ကျွန်တော် မင်္ဂလာပွဲဖြစ်မြောက်ဖို့ အဘက်ဘက်ကနေ ဝန်းရံပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် အထူးသဖြင့် ကျွန်တော်ရဲ့ ဘော့်စ် ကိုဘုန်းမဟော်တို့ ဇနီးမောင်နှံအား အထူးပင် ကျေးဇူးတင်ရှိပါတယ် ခင်ဗျ"


သူက ပါးချိုင့်‌လေးပေါ်အောင် ပြုံးမိလိုက်သေးသည်။ သူ၏ဘေးတွင် ထိုင်နေသော ကြိုးကတော့ သူ့အား ဂရုပင်မစိုက်ချေ။


"ကိုဘုန်းမဟော်တိုဇနီးမောင်နှံမှ မင်္ဂလာဇနီးမောင်နံအား ဂုဏ်ပြု စကားပြောပေးရန် လေးစားစွာ ပန်ကြားအပ်ပါသည်ခင်ဗျာ"


ဘုန်းမဟော်သည် ရွှေချည်ကြိုး၏ လက်အား ဆုပ်ကိုင်ကဆွဲထ လိုက်ပေမယ့် အားလုံးက ဟာခနဲ ဟင်ခနဲဖြစ်သွားကြရသည်။ စင်မြင့်ထက်က လူကြီး ပန်ကြားပြီးသည်နှင့် တပြိုင်နက် ဆိုဖီယာပါ မတ်တပ်ရပ်နေခြင်းဖြစ်သည်။ လူတွေကလည်း ကြိုးနှင့်မဟော်ကို တလှည့် ဆိုဖီယာကိုတလှည့်ကြည့်နေလေသည်။


ဘုန်းမဟော်သည် လူတွေအား ဂရုမစိုက်ချင်တော့ပေ။ သူကသာ ခြေလှမ်းတွေ ပြင်လိုက်သော်လည်း ကြိုးကတော့ ငြိမ်သက်စွာ ရပ်နေဆဲပင်။ လက်တဖက်က ကြိုး၏ ပုခုံးလေးအား ဖက်ပြီး အခြားတဖက်က သူမ၏ လက်ကလေးအားတွဲကာ ထွက်လာခဲ့၏။


"အားလုံပဲ မင်္ဂလာပါ ခင်ဗျ ကျွန်တော်ကတော့ .HKL Companyရဲ့ မန်နေဂျင်း ဒါရိုက်တာပါ ဒါကတော့ ကျွန်တော့်ရဲ့ ချစ်လှစွာသော အမျိုးသမီး ရွှေချည်ကြိုးပါ ကျွန်တော် ဒီနေ့ ဂုဏ်ပြုစကားအနေနဲ့ ပြောချင်တာကတော့ တသက်မှာ တခါလက်ထပ်တဲ့ပွဲမှာ ကိုယ်ချစ်တဲ့ အမျိုးသမီးးဖြစ်စေ အမျိုးသားဖြစ်စေ အတူပေါင်းစပ်ပြီး ဆင်နွှဲခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် လှ၍ချစ်တာမျိုး မဟုတ်ပဲ ချစ်၍လှတာမျိုးပဲ ဖြစ်ကြပါစေ၊ ကိုယ်ချစ်မြတ်နိုး၍ ယူထားသောအမျိုးသမီးကို ဖြစ်စေ အမျိုးသားကိုဖြစ်စေ စစ်မှန်သော ချစ်ခြင်းမေတ္တာဖြင့် သေတပန်သက်တဆုံး ပေါင်းစပ်နိုင်ပါစေ အားလုံးကို ကျေးဇူးတင်ပါတယ်"

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now