Part 10

1.1K 42 0
                                    

“ကျွီ “
သူ ဖုန်းပြောပြီး တက်လာတော့ သမီးလေး အခန်းက အသံမကြား၍ တံခါးသွားဖွင့်လိုက်၏။ သူမျက်စိထဲတွင် မြင်လိုက်ရသော မြင်ကွင်းသည်ကား ရေချိုးခန်းထဲမှ တဘက်ပတ်၍ ထွက်လာသောသူမ။ မျက်နှာ တစ်ခုလုံး ရဲသွားကာ
“အို ရှင် ဘာလာလုပ်တာလဲ”
သူခေါင်းအား ကုတ်ကာ
“ဟို သမီးလေးကို လာကြည့်တာပါ”
“အင်း ကြည့်ပြီးပြီ မဟုတ်လား ပြန်လေ”
“အော် အင်း ဒါဆို သွားပြီနော်”
သူထွက်လာခဲ့သော်လည်း တဘက်တထည်မျှသာ ပတ်ထားသော သူမအား တွေ့တော့ ရင်ခုန်ရပြန်ပေသည်။ တကယ်ဆိုလျှင် ထိုနေ့ညက သူ ကြိုးကို ချစ်ခွင့်ပန်မည်။သူမက လက်ခံလျှင် သူကြိုးလက်အား ဆုပ်ကိုင်ကာ အချစ်ခရီးလမ်းအား ဖြတ်ကျော်မည်။ သူမသာ လက်မခံလျှင်တော့ နည်းမျိုးစုံသုံးပြီး သူမ၏ အချစ်ကို ရအောင်ကြိုးစားရှာပေမည်။ အခုတော့ ဘဝကြီးက ဘာတွေဖြစ်ကုန်သည်ကိုမသိတော့ပေ။
ကြိုး သမီးလေးအား နိုးကာ ဆေးတိုက်လိုက်ပြီး ခချော့သိပ်နေစဉ်အခန်းထဲသို့ ခေါင်းအုံးနှင့် စောင်ပိုက်ကာ ဝင်လာသော မဟော်။ ကြိုး သူ့အား ကြည့်ကာ သက်ပြင်းချရင်း
“ဟင်း ဘာလာလုပ်ပြန်တာလဲ ကိုဘုန်းမဟော်”
အခန်းထဲရှိ ဆိုဖာပေါ်တွင် ခေါင်းအုံးချလိုက်ကာ
“ည သမီးလေးကို စိတ်မချလို့ စိတ်ချပါ ကြိုး မင်း ခွင့်မပြုပဲ မင်းမကြိုက်တာကို လုပ်မှာ မဟုတ်ဖူး”
“အို ဘာပဲဖြစ်ဖြစ် မအိပ်ရပါဘူး”
ကြိုးပြောနေသော်လည်း သူက ဂရုမစိုက်။ ဆိုဖာပေါ်‌တွင် ဝင်အိပ်နေချေပြီ။ ကြိုး သမီးလေးကို သိပ်ပြီး မီးထပိတ်ခါမှ သူက စကားပြောလေရက်။
“မိုးမင်းက မိန်းမယူတော့မယ်တဲ့”
သူက ဝမ်းနည်းသံနှင့် ပြောလာသော်အခါ ကြိုးပါငြိမ်သက်မိလိုက်၏။ ကိုမိုးမင်းက သူ၏ အရေးပါသော လူတယောက်ဖြစ်ခဲ့ဖူးဟန်တူပါသည်။
“အင်း ယူမှာပေါ့ သူလဲ အသက်ရနေပြီကို”
“အေး သူက အဲ့ဒါ ကိုယ်တို့ လင်မယားကို လူကြီးနေရာကနေ သွားတောင်းရမ်းဖို့ ပြောနေလို့”
“ဟင်”
ဘာဖြစ်လို့လဲ ဟု မမေးချင်တော့ပါ၊ မေးစရာလည်း မလိုပေ။ ကိုမိုးမင်း၏ အဖေ ဦးခင်မောင်သည် မဟော်တို့အိမ်၏ အယုံရဆုံး၊ အားအထားရဆုံး၊စိတ်အချရဆုံး လူယုံတယောက်ပင်မဟုတ်ပေလား။
“ကြိုး အဆင်ပြေမှပါ ကြိုးအဆင်မပြေရင် ကိုယ် တခြားသူကို စီစဉ်ပေးလိုက်ပါ့မယ်”
“အဆင်ပြေပါတယ် ရှင် စီစဉ်လိုက်ပါ”
“အင်း ဒါဆိုရင် ကိုယ်မနက်ခါ စီစဉ်လိုက်တော့မယ်”
သမီးလေးအား ဖက်ကာ အိပ်စက်ခြင်းဆီသို့။
🌚🌚🌚🌚
“ဟင်း ဟင်း ဟင်း”
ကုတင်ပေါ်က ညည်းနေသံကြောင့် မဟော် အိပ်နေရာမှ လန့်နိုးသွားရ၏။ ကုတင်ပေါ်သို့ ကြည့်လိုက်သော်လည်း မီးပိတ်ထားသောကြောင့် ဘာမျှ မမြင်ရပေ။မီးဖွင့်ကာ ကုတင်ဆီသို့ သွားကြည့်လိုက်တော့ ညည်းနေသူမှာ သမီးလေး မဟုတ်၊ ကြိုး။ အတော်ချမ်းနေပုံရသည် သမီးဆီမှ စောင်ကိုပါဆွဲ၍ ခြုံထားသေးသည်။ ကြိုး၏ နှဖူးလေးအား လှမ်း၍ စမ်းလိုက်တော့ ကိုယ်ပူနေသည်မှာ ချစ်ချစ်တောက်ပင်။
“ကြိုး ကြိုး”
ကြိုး၏ ပုခုံးလေးအား လုပ်၍ နိုးလိုက်၏။ အိပ်နေသည်တိုင် အပြစ်ပြောစရာမရှိအောင် လှပနေပါသလား။
“အင်း ဟင်း “
“ဖျားနေတာ ဆေးသောက်ရအောင်နော်”
“ကြိုးက အဆင်ပြေတယ် သမီးလေးကိုသာကြည့်ပေး ဟင်း”
“သမီးလေးက ကောင်းနေပြီ ကြိုးသာထ ဆေးသောက်နော်”
ကြိုးကို ဆွဲထလိုက်ပြီး သူ၏ လက်မောင်းပေါ်မှီစေလိုက်၏။ ဆေးနှင့်‌ ရေလေးလှမ်းပေးလိုက်တော့ အလိုက်သင့်ယူသောက်လေ၏။ ဆေးသောက်ပြီး ပခုံးပေါ်မိန်းနေလေသည်။  ကြိုးအား ခေါင်းအုံးပေါ်ချပေးပြီး သမီးလေး၏ စောင်ကို ယူကာ သမီးလေးကို ခြုံပေးလိုက်၏။ ကြိုးကိုတော့ ဗီရိုထဲမှ စောင်တထည်ယူကာ ထပ်ခြုံပေးလိုက်ရသည်။
“အိပ်လိုက်နော်”
ကြိုးအိပ်မောကျသာ အတော်ကြာမှ မဟော်လည်း ထိုနေရာမှ ထလိုက်၏။ သူ၏လက်အား ဆွဲထားသော  ကြိုး၏လက်။
“ ဟင်း ကို ကို ကြိုးနားက ထပ်ထွက်မသွားပါနဲ့ ကြိုးနဲ့‌သမီးလေးက ကို့ကို လိုအပ်တယ် ကြိုးအနားမှာနေပေးပါ ကို”
ဒီစကားကို မဟော် သိပ်အံ့ဩသွားရသည်။ အပြင်ပန်းမာကြောလှသည့် မိန်းမတစ်ယောက်၏ အတွင်းစိတ်သည်မည်မျှနူးညံ့နေမည်နည်း။ မဟော် ထိုင်ခုံပေါ်သို့ ပြန်ထိုင်လိုက်ကာ ကြိုး၏ လက်အား ဖွဖွပွတ်ပေးနေမိပြန်သည်။
“ကြိုး သိလား လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲက ကိုယ်ကြိုးကို ချစ်ခဲ့တာ ဒါပေမယ့် ကိုယ်အဲ့ဒီအချိန်က သတ္တိမရှိခဲ့ဘူး ထင်ပါရက် အချိန်လွန်သွားမှ နောင်တတွေ တပွေ့တပိုက်ကြီးနဲ့ ကျန်နေခဲ့ရတာ ကြိုးရဲ့ ရင်ထဲက စကားသံအစစ်ကို ကိုယ်နားထောင်ချင်တယ်ကြိုး နားထောင်ချင်တယ်”
အာရုဏ်ဦး၏ မှုန်ပြပြအလင်းက မျက်နှာပေါ်သို့ ကျရောက်လာသော ကြောင့် ကြိုး ဘက်လှည့်လိုက်၏။ ဆံနွယ်တွေ အကြား တခါတခါတိုးဝင်နေသော လေပူနွေးနွေး၊ ခါးကို တင်းကြပ်စွာ ဖက်ထားသော အရာတို့ကြောင့် ကြိုး မျက်စိ ဖွင့်ကြည့်လိုက်တော့ မဟော်။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now