Part 13

991 35 0
                                    

ရုံးခန်းထဲမှ ထွက်လာသော ဝန်ထမ်းမလေးအား မိုးမင်းက လှမ်း၍ ဟောက်လိုက်သည်။
“မိဖြူ ဘာလုပ်တာလဲ ရုံးခန်းထဲကို”
“ဟို မဆိုဖီယာ ရောက်နေလို့ပါ ဂျာကြီး”
                ဆိုဖီယာ ဟူသော အမည်နာမ ကြားရုံဖြင်ပင် ‌အကြောများပင် ကျဉ်တက်သွားချင်သည်။ ဒီခြောက်နှစ်အတွင်း သူ၏အနားတွင် ဆိုဖီယာ အမြဲရှိနေခဲ့သည်လား။ ကြိုး၏ လက်အား ဆုပ်ကိုင်ထားသော သူ၏လက်သည်လည်း ပြေလျော့သွားလေပြီ။ သူသည် တံခါးအား ဖွင့်လိုက်တော့ ရုံးခန်းထဲရှိ သူ၏ စားပွဲတွင် ဝင်ထိုင်နေသော မိန်းမကြောင့် ဒေါသထွက်နေမည်လား၊ ဝမ်းသာနေမည်လားတော့ ကြိုးလဲ မခန့်မှန်းနိုင်ပေ။
“ဆိုဖီယာ”
“မောင်”
           သူ အော်လိုက်သော အသံက ‌ဒေါသသံစွတ်ဖက်နေသည်ကိုတော့ ကြိုးသတိထားမိပါသည်။       ပြေးလာပြီး ထွေးဖက်နေပုံက နိုင်ငံခြားမှ ပြန်လာသော အချိန်အကြာကြီး ခွဲခွာခဲ့ရသော ချစ်သူနှစ်ဦး တွေ့ဆုံနေသည့်ဟန်။ ဒီမြင်ကွင်းကို ကြိုး မမြင်ချင်ပေမယ့် ရင့်နင့်စွာ မြင်လိုက်ရပြန်သည်။
“မောင် ဘာဖြစ်နေတာလဲ မျက်နှာလဲမကောင်းဘူး မပျော်လို့လား ဒါမှမဟုတ် accident ဖြစ်တုန်းကဟာ မကောင်းသေးတာလား မဟုတ်မှလွဲရော ဆိုဖီကို စိတ်ကောက်နေတာလား”
               လှည့်ထွက်ဖို့ လှမ်းပြင်နေသော ကြိုး၏ လက်အား လှမ်းဆွဲကာ ပုခုံးဖက်လိုက်၏။
“ဆိုဖီယာ ငါလက်ထပ်လိုက်ပြီ သူနာမည်က”
“ရွှေချည်ကြိုး”
             ဆိုဖီယာက အပြုံးမပျက်ပင် ပြောလာတော့ မဟော်မပြောနဲ့ ကြိုးပင် အံ့အားသင့်ရသည်။ ကြိုးကို ကြည့်နေသော အကြည့်က စားမတတ်ဝါးမတတ်ပင်။
“ရွှေချည်ကြိုး မင်း ဆိုဖီယာဆိုတဲ့ နာမည်ကိုတော့ မှတ်မိသေးတယ် မဟုတ်လား”
“ဟင် မှတ်မိပါတယ်”
             ဘုန်းမဟော်သိသလောက်တော့ ဆိုဖီယာနှင့်ကြိုး အခုမှတွေ့ဆုံကြခြင်း မဟုတ်လား ။
“အဲ့လိုပဲ တချိန်က ပြောခဲ့တဲ့အတိုင်း မောင့်ကို တို့ပြန်လာခေါ်ပြီ မင်းအသင့်ပြင်ထားလိုက်တော့နော်”
“ဟင်”
              ရင်ဘတ်ထဲ မြားတွေ ဝင်စိုက်သွားရသလို တဆစ်ဆစ်နှင့်ပင် နာကျင်လွန်းလှပါသည်။
“မောင် တို့သွားလိုက်အုံးမယ်နော်”
        ထွက်သွားသည့်တိုင် ရုံးခန်းထဲတွင် ငြိမ်သက်စွာ ကျန်နေမိကြသည်။ အတွေးကိုယ်စီနှင့်မို့ စကားပင် မဟပြောဖြစ်ပေ။ ဘယ်ကစ၍ ဘယ်လိုရှင်းပြရမည်ပင် စဉ်းစား၍မရ ဖြစ်ရပြန်သည်။
“ကြိုး ကိုယ်”
“ကို ကြိုးသွားစရာရှိလို့  ပြန်နှင့်မယ်နော် ကိုမိုးမင်းနဲ့ ပြန်ခဲ့လိုက်နော်”
           ကြိုး ဤပြဿနာတွေကို ရှောင်ချင်၍ ထွက်ခဲ့ခြင်း ဖြစ်ကြောင်း မဟော်နားလည်ပါသည်။ သူကိုယ်တိုင်ကလည်း ဘယ်လို ဖြေရှင်းရမလဲ စဉ်းစားမရသေးပေ။ ဆိုဖာပေါ်တွင် စိတ်ပျက်စွာ ထိုင်နေသော ဘော့စ်ဖြစ်သူကြောင့် မိုးမင်းပင် စိတ်ညစ်ရပြန်ပေသည်။ ကြိုးကလည်း မျက်ရည်တွေ ဝိုင်း၍ ထွက်သွားသည် မဟုတ်ပါပေလား။သူ ပြန်ထွက်မည် ပြုတော့လည်း ဘော့စ်ဖြစ်သူက လှမ်း၍ တားနေပြန်ပေသည်။
“ငါ ဘယ်လိုလုပ်ရမလဲ ကြိုးနဲ့ငါ အခုမှ ပြေလည်စရှိသေးတာကို အခု အခု”
“ဘော့စ်နဲ့ မမလေးနဲ့ စဆုံတာကကို မှားနေတာ”
“ဆိုဖီယာ ဆိုဖီယာနဲ့ ကြိုးက ဘယ်လိုဖြစ်ပြီး သိနေကြတာလဲ”
“ဘော့စ် နှလုံးသားထဲက မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး ချစ်တာ ဘယ်သူ့ကိုလဲ ဘော့စ် မမလေးကိုလား ဆိုဖီယာကိုလား”
“ကြိုး”
           ဘော့စ် မျက်ဝန်းတွေကို ကြည့်ရုံနှင့် ဘော့စ်သည် မမလေးအား မည်၍မည်မျှချစ်သည်ကိုပါ သိသာစေသည်။ သို့ပေမယ့်လည်း ကံစီမံရာ မဟုတ်ပေဘူးလား။ မိုးငမင်း တယောက်လည်း ဘော့စ်အတွက် စဉ်းစား၍ မရနေသေးပေ။
              အိမ်ထဲသို့ ဝင်လာသော်လည်း မီးဖိုခန်းထဲမှ ကြိုးက မသိသလိုပင်။ လှည့်၍တောင် ကြည့်ဖော်ပင်မရ။ဟင်…. ဘုန်းမဟော် သက်ပြင်းချလိုက်သည်။
“သမီးလေး ဘုံဘုံ သမီးလေးရေ ဖေဖေ ရောက်လာခဲ့ပြီ”
“ယေး” 
                အိမ်ပေါ်မှ ပြေးဆင်းခဲ့သော သမီးဖြစ်သူကြောင့် တနည်းအားဖြင့် သူစိတ်ချမ်းသာရပါသည်။ သမီးလေးသည် အိမ်၏ ဆည်းလည်းလေးတလုံးပင်။ မို့အစ်နေသော ပါးအိအိဖောင်းဖောင်းလေး တွေက ဆွဲညစ်ချင်စရာ။
“ဖေဖေ သမီးကို ဆော့ကူ”
“ဟာဗျာ ဖေဖေ အခုမှရောက်တာလဲ”
“မသိဝူး ဖေဖေ ဆော့ကူ ဆော့ကူ”
            ငိုသံလေးပါ စွတ်ဖက်လာပြီ။ ကိုက အခုမှ နေကောင်းစမို့ ဆော့ကူနိုင်မှာ မဟုတ်ပေ။ ကြိုး မီးဖိုချောင်ထဲကနေ၍ လှမ်း၍ ဟောက်ရသေးသည်။
“ဘုံဘုံ သမီး ရေမချိုးရသေးဘူး ဟုတ်လား ရေသွားချိုး”
“ဟာ မေမေကလဲ ဖေဖေကို ဆော့ကူခိုင်းနေပါတယ်ဆို”
“သမီး ဖေဖေနေမကောင်းသေးဘူးလေ သွားသွား ရေချိုး”
          ကြိုး ဟောက်လိုက်မှ သမီးလေးက ဆူပုတ်၍ တက်သွားသည်။ မဟော် ဆိုဖာပေါ်တွင် အကြာကြီး ထိုင်နေသည့်တိုင် တခွန်းမှ မပြောခဲ့သော ကြိုးကြောင့် သူနေရပင် ခက်သည်။
“ရှင် နားပြီးရင် ရေချိုးလေ တော်ကြာ နောက်ကျလို့အအေးပတ်နေမယ်”
“အော် အင်း”

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now