အမှာစာ

656 17 2
                                    

စာရေးသူ၏ အမှာစာ

ကျွန်မ ကလောင်အမည် ယု(ကျွန်းတော်) ပထမဦးစွာ ရေးသားထုတ်ဝေသည့် ဥဩငှက်၏ သီကျူးသံ ဝတ္ထုအား ဖတ်ရှုကြသော စာဖတ်သူအားလုံးတို့အား များစွာ ကျေးဇူးတင်ရှိပါတယ်ရှင့်။ ပထမဦးစွာ “လက်ဦးဆရာ မည်ထိုက်စွာ မာတာပိတ၊ မိနှင့်ဘ” ဟူသော လင်္ကာစကားနှင့်
အညီ လက်ဦးဆရာဖြစ်သော် မိဘနှစ်ပါးအား ကျေးဇူးတင်ရှိပါသည်။ စာရေးသူ၏ စာပေအရေးအသား အမှားအမှန်ကို အမုန်းမပွား၊ မေတ္တာထား၍ ဖတ်ရှုပေးကြပါလို့ မေတ္တာရပ်ခံ အပ်ပါသည်။ ဥဩငှက်၏ သီကျူးသံလေးမှ ‌ဘော့စ်ဖြစ်သူ၏ အခက်ခဲဆုံးအချိန်မှာတောင် အနားမှာ
ရှိနေပေးခဲ့တဲ့ မိုးမင်း၏စိတ်ဓာတ်၊ ချစ်လွန်း၍ မပိုင်ဆိုင်ရ
မည်စိုးကာ  တဖက်လှည့် သိမ်းပိုက်ခဲ့ရတဲ့ ဘုန်းမဟော်၏ အချစ်၊ သမီးနှင့်ဇနီး အသက်လုနေသည့်အချိန်တွင် သမီးလေးအား ရွေးချယ်ခဲ့သည့် ဖခင်စိတ်၊သမီးလေးကို အရွယ်ရောက်တဲ့အထိ တဦးတည်းသာ ထိန်းကျောင်းမွေးမြူရဲသည့် ရွှေချည်ကြိုး၏ စိတ်၊ အသက်လုနေရသည့်အချိန်ပင် သူမထက် သမီးဖြစ်သူအား ပို၍ ပူပန်နေရသော မိခင်စိတ်၊ဖခင်အား အချစ်လွန်၍ သဝန်တိုကာ အပြစ်မြင်သည့် ရွှေကြိုးဘုံ၏ စိတ်ဓာတ်တွေကို သေသေချာချာဖတ်ကြည့်ရင် သနားစရာတစ်နည်း၊ ဝမ်းသာစရာတဖုံ ရေးဖွဲ့ထားကြောင်း တွေ့မြင်နိုင်
ပါတယ်နော်။ စာရေးသူ၏အမှားကို သေချာဝေဖန်ထောက်ရှု ပေးနိုင်ပါတယ်ရှင့်။ အဘက်ဘက်ကနေကူညီပံပိုးပေးခဲ့
ကြသော လူတစ်ဦးချင်းစီတိုင်းအား အထူးပင် ကျေးဇူးတင်ရှိ  ပါသည်။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now