Part 23

952 29 0
                                    

“ဒုန်း ဒုန်း”
“မိုးမင်း ဆေးပေး ဆေးပေး”
“ဘုန်း”
အသံတွေပါ တုန်ယင်နေသည်။ မိုးမင်း အခန်းတံခါးတွန်းဖွင့်လိုက်တော့ အခန်းထဲတွင် ပစ်လှဲနေသော ဘော့စ်။ ခြေဖဝါးတွင်လည်း ဖန်ကွဲစများစူးနစ်လျက်။
@@@@@




               ကြိုး အိမ်ကထွက်လာပြီး မာမီ၏ အိမ်သို့လည်း မပြန်ဖြစ်တော့ပေ။ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုမှာ အိမ်ငှားပြီးနေဖြစ်ခဲ့သည်။ သူနှင့် ပြန်ဆုံနိုင်လျက်နှင့် ကြိုးကိုယ်တိုင်က ရှောင်ဖယ်ခဲ့သည်။ ကြိုး ထိုအိမ်က ထွက်လာပြီး မည်မျှမှပင် မကြာ သူ၏မိဘတွေက အမွေဖြတ်စွန့်လွှတ်ခဲ့သည်ဟူ သော သတင်းသဲ့သဲ့ 
ကိုသာ  ကြားခဲ့ရသည်။

“မမေမေ ဘာဖြစ်တာလဲဟင် အခုတလော မေမေထမင်းလဲ မစားသလိုပဲ ဆေးခန်းသွားရအောင်”
“မေမေဘာမဖြစ်ပါဘူး”
“ဟင့်အင်း ဆေးခန်းသွားရအောင်”
             သမီးလေး၏ ကျေးဇူးတော်ကြောင့် ဆေးခန်းသို့ လာခဲ့ရသည်။ မထင်မှတ်ပါလျက် သူနှင့်ရသော ကိုယ်ဝန် ကြိုးတွင်ပါလာသည်။ သမီးလေးကတော့ မောင်လေး၊ညီမလေး ရတော့မည်ဆိုကာ ပျော်နေလေသည်။ ကြိုးမှာကား မပျော်နိုင်ချေ။ ပထမရင်သွေးတုန်းကလည်း သူအနားမှာ မရှိဘဲ ကြိုးတယောက်ထဲ အားငယ်စွာ မွေးဖွားခဲ့ရသည်။ အခု ဒုတိယရင်သွေး …..။ ကြိုးအားငယ်မိတာတော့ အမှန်ပင်။
“ဘော့စ် ဒါ နေပြည်တော်သွားရမယ့် အစီအစဉ်ပါ”
“အင်း ထားလိုက် မိုးမင်း ဒါနဲ့ မင်းမိန်းမရဲ့ ကိုယ်ဝန်အခြေအနေကော”
“အခုမှ လေးငါးလရှိသေးတော့ သိပ်ပြဿနာမရှိသေးပါဘူး”
“မင်းတို့ အိမ်သွားကြည့်လိုက်အုံး လိုအပ်တာ ပြောခဲ့လိုက်”
“ဟုတ်ကဲ့ဘော့စ်”
“ပြီးတော့ ကြိုး အကြောင်း တခုခုကြားတာနဲ့ အချိန်မဆိုင်းနေ ပဲလာပြောနော်”
“ဟုတ်ကဲ့ ဘော့စ်”
“အေး အလုပ်သွား လုပ်တော့”
              ဆံပင်တိုတို ရှပ်အကျီအဖြူ၊‌ယောပုဆိုးခပ်ရှည်ရှည် ဝတ်ထားသော ဘော့စ်သည် လွန်ခဲ့သော ရှစ်လခန့်က  ပုံစံမျိုး
မဟုတ်တော့ပေ။ ဤပုံစံမျိုး ပြန်ရအောင် မိုးမင်းနှင့် ယုယ မည်မျှ ကြိုးစား ပြောင်းလဲခဲ့ရသည်ကိုတော့ ပြောမပြချင်တော့ပေ။ အရက်ပုလင်းနှင့်သာ အချိန်ကုန်နေသော ဘုန်းမဟော်အား ပြောင်းလဲနိုင်ခဲ့သော မိုးမင်းနှင့် ယုယကိုတော့ ကျေးဇူးတင်မိသည်မှာ အမှန်ပင်။     မိုးသား တိမ်စိုင်တွေက တရွေ့ရွေ့သာ ရွေ့လျားနေသည်။
အိမ်ကြီးထဲတွင် ရယ်မောသံ၊အော်သံ၊စကားပြောသံတွေက တိတ်ဆိတ်၍နေဆဲ။ ည‌ဆို မှုန်ပြပြမီးတခုသာရှိနေပြီး အသက်မဲ့စွာရှိနေလေသည်။
“အကို ပြီးပြီလား”
“ပြီးပြီ ယု အဲ့နားမှာ ရပ်ထားနော် ချော်လဲမယ်”
“အကိုရယ် ရပါတယ် အကဲပိုနေလို့”
“ပိုတာပေါ့ ယုတယောက်ပဲရှိတာကို”
“ယု တယောက်ထဲမကလို့ ဘယ်နှယောက်ရှိချင်တာလဲ”
“ဟာ စတာပါကွာ ဒါနဲ့ မသွားလို့မရဘူးလား”
“မရဘူးလေ အကိုရယ် ဒီနေ့ ကိုယ်ဝန်ဆောင်တွေ ဆေးထိုးရှိတယ်”
“အင်းပါလေ တာဝန်အရဆိုတော့လဲ ဒါမယ့် ပြန်မယ်ဆိုရင် ဖုန်းခေါ်ခဲ့နော်ကြားလား ယု”
“ဟုတ်ပါပြီ”
        ယုယမေသည်ကား သားဖွားသူနာပြုတယောက်ပင် ဖြစ်သည်။ အရင်ကတော့ မြို့နယ်ဆေးရုံတွင် တာဝန်ကျပြီး အခုတော့ ရပ်ကွက်ဆေးရုံ တစ်ခုသို့ အပြောင်းကျလာလေသည်။ ဤသည်ကို ခင်ပွန်းဖြစ်သူက မမဗိုက်ကို အသဲပို အကဲပိုကာ စိတ်မချဖြစ်နေလေသည်။ အချစ်နှင့်တွေလျှင် လူတွေက သဲသဲပိုလွန်းသည်ဟု၍ ပြောစကားသည် မမှားပေ။
        ရပ်ကွက်လေးက ဆိတ်ငြိမ်ရပ်ကွက်ဟု မဆိုရဘူး အတော််ပင် အေးချမ်းလှသည်။ ကိုယ်ဝန်သည်တွေက များလှ၍ ယုယပင် အတော်မောနေချေပြီ။ နောက်ထပ် တယောက်သာ ကျန်နေသေးသည်ဟုဆို၍ မပြန်သေးပဲ‌
ငါးနာရီထိုးသည်အထိ စောင့်နေရသေးသည်။  ဆေးခန်းရှေ့သို ဝင်ရပ်လာသည့် ကားဖြူလေးမှ ဆင်းလာသော အမျိုးသမီးကြောင့် ယုယ မျက်လုံးများပင် ပင့်သွားရသည်။
          ဒါ ….ကြိုး….မမကြိုး မဟုတ်ပါလား။ ကိုယ်ဝန်
အရင့်အမာကြီးနဲ့ ပါလား။ ယုယ၏ ခြေလှမ်းတွေသည် ကြိုး၏ ဘေးနားသို့ လှမ်းလာခဲ့သည်။
“မမကြိုး မမကြိုး ဟုတ်တယ်လား”
“ဟင် …. ယုယ ယုယလား”
“ဟုတ်တယ် မမကြိုး ဘယ်လိုဖြစ်ပြီး ကိုယ်ဝန်နဲ့ ဘယ်နှလရှိပြီလဲ မွေးခါနီးပြီလား အပုန်းကောင်းလိုက်တာ မမကြိုးရယ်”
“မမက ကိုးလထဲမှာ ယုယရဲ့ ကိုယ်ဝန်ကော”
“အခုမှ ငါးလထဲရှိသေးတယ်”
“အင်း ဒါနဲ့ သူတို့ကော အဆင်ပြေကြလား”
“သူတို့ဆိုတာ ကိုဘုန်းနဲ့ မဆိုဖီယာကို ပြောတာလား”
“အင်း ဟုတ်တယ်လေ”
“မမကြိုး အချိန်ရလား ယုစကားပြောချင်လို့”
“အင်းရပါတယ်”
         ယုယ ကျူတီကုတ်လေးကို ချွတ်ကာ ချိတ်လိုက်၏။
“မမကြိုးရယ် မမကြိုးကလေ သိပ်အပုန်းကောင်းတာပဲနော် သိလား မမကြိုး ထွက်သွားပြီးတော့ ကိုဘုန်း တော်တော်ထိခိုက်ခဲ့တယ် မဆိုဖီယာကို နည်းမျိုးစုံသုံးပြီး မောင်းထုတ်ပေမယ့် အရာမဝင်ဘူး ကိုဘုန်းရဲ့ မိဘတွေက အမွေဖြတ်ကြေညာခဲ့တယ် ပြီးတော့ ကိုဘုန်းကလဲ ပိုင်ဆိုင်သမျှကို ဘုံဘုံနာမည်နဲ့ လွှဲပြောင်းပေးခဲ့တယ် အဲ့တော့မှ သူလုံးဝမပိုင်ဆိုင်ရဘူးဆိုတာသိပြီး ထွက်သွားတာ”
“ဟင်”
“အဆိုးဆုံးကတော့ အရက်သမားလုံးလုံးဖြစ်သွားရတာပဲ အရက်မူး နေတာတောင် မမကြိုးနဲ့ ဘုံဘုံကို မမေ့ဘူး ကိုဘုန်းအခြေအနေတွေ ကျဆင်းလာလို့ အလုပ်တွေကို အကိုကပဲ ဦးစီးပြီး ထိန်းပေးထားခဲ့တာ”
“အခုအခြေအနေကကော”
သူ တကယ်ပင် အရက်သမားဖြစ်ခဲ့သည်တဲ့လား။ သူ ကြိုးတို့ သားအမိကို ပြန်ရှာမယ်မှန်းသိရက်နဲ့ ကြိုး ဘယ်လို စိတ်မျိုးကြောင့် ပုန်းရှောင်မိခဲ့သည်ကို နားမလည်ပေ။
“အတော်ကောင်းနေလို့ အလုပ်တွေ ပြန်လုပ်နေပါပြီ  ဒါနဲ့ ဘုံဘုံရော”
“ဘုံဘုံက သူ့တီငယ်လာကြိုသွားတယ်”
            သူ ကြိုး၏ ဆေးစာရွက်စာတမ်းအား ယူ၍
စစ်ကြည့်လိုက်သည်။ ကလေးအဖေနာမည်နေရာတွင် ဖြည့်ထား သော ဘုန်းမဟော်ဟူသောနာမကြောင့် ယုယပင် ကြည်နူးသွား ရသလို။
“ဒါ ကိုဘုန်းရဲ့ ကိုယ်ဝန်လား မမကြိုး”
“အင်း ဟုတ်တယ်”
“မမရယ် ဒါတွေကို ဖုံးထားနိုင်တယ်နော် တကယ်မှာဆို အခုအချိန် ကိုဘုန်းက မမကြိုးဘေးမှာ ရှိနေသင့်တာ အင်း မီးဖွားရက်က နောက်လထဲမှာဆိုတော့ သိပ်မဝေးတော့ဘူးပဲ”
“အင်း”
“မိုးလဲ ချုပ်နေပြီဆိုတော့ မမကြိုး ပြန်တော့လေ ယုလိုက်ပို့ရမလား ကိုယ်ဝန်ကြီးနဲ့ဆိုတော့”
“ရပါတယ် မပို့နေပါနဲ့ ယုယလဲ ကိုယ်ဝန်နဲ့ပဲကိုများ တခုပဲ ယုယ သူ့ကို သွားမပြောပြပါနဲ့နော် မမ ထပ်မနာကျင်ချင်တော့ဘူး”
“အင်းပါ မမကောင်းကောင်းပြန်နော်”
         ဗိုက်ကြီး နင့်နင့်နဲနဲနှင့် ဆေးခန်းမှ ထွက်သွားသော အမျိုးသမီးသည် ရွှေချည်ကြိုးမှ ရွှေချည်ကြိုးပင်။ ဘယ်လိုဖြစ်ပြီး မမလေးက ကိုယ်ဝန်အနက့်အနဲနှင့် ဖြစ်နေရသနည်း။ ယုယတော့ သေချာပေါက်သိမည်မှာ အမှန်ပင်။

ဥဩငှက်၏ သီကျူးသံWhere stories live. Discover now