သူငယ်ချင်းရဲ့မွေးနေ့မှာခင်ပွန်းဟောင်းနဲ့အမှတ်မထင်ပြန်ဆုံခြင်း ၂

2.9K 334 4
                                    

ဒါပေမဲ့ သေချာတာကတော့လမ်းခွဲဖို့ကိစ္စကိုအဲ့ဒီလူဖက်ကအရင်စပြောခဲ့တာဖြစ်သည်။

တစ်ဖက်လူကဘာမှမပြောတော့ Xi Yang မှာလည်းပြောစရာစကားမရှိပါ။

ကားဆရာက သူတို့နှစ်ယောက်ကိုသေချာကြည့်ပြီးတော့မှသူ့ရဲ့ကားမောင်းတဲ့နေရာကိုပြန်ဝင်ထိုင်လိုက်သည်။ သူနေရာယူပြီးတာတောင်မှအပြင်ဖက်ကလူက အခုထိကားထဲကိုဝင်မလာသေးပေ။ ကြည့်ရတာအဲ့ဒီလူကလည်း ‌မူးနေပုံရသည်။ ဒီလိုလူအချို့ရှိတယ်မလား။ သူတို့ကမူးနေသော်လည်း သာမန်လူနဲ့ဘာမျှမခြားသလိုတည်ငြိမ်နေတဲ့လူမျိုးတွေ။

ကားဆရာကမနေနိုင်တဲ့အဆုံး အပြင်ဖက်က Zhou Qirong ကိုဝင်လာဖို့တိုက်တွန်းလိုက်သည်။

Zhou Qirong ကတော့ Xi Yang ကိုပဲတစ်ချိန်လုံးစိုက်ကြည့်နေသည်။ Xi Yang ကသူ့ကိုတစ်ချက်ပဲကြည့်လိုက်ပြီး သူ့သူငယ်ချင်းတွေကိုလှမ်းကြည့်လိုက်သည်။ လူတစ်အုပ်က သူ့ကိုငါမှီ ငါ့ကိုသူမှီနဲ့ တစ်ယောက်ကိုတစ်ယောက်တွဲပြီး ဟိုတယ်ထဲကိုဝင်သွားကြပြီ။ မွေးနေ့ရှင်ကရုတ်တရက်လှည့်ကြည့်လာပြီး Xi Yang ကိုလက်လှမ်းပြတော့ Xi Yang လည်း ကားမှန်ကိုချပြီး သူ့သူငယ်ချင်းကိုလက်ပြန်ပြလိုက်သည်။

"သွားရအောင်"

ဒီတစ်ခါတော့ Xi Yang ကကားဆရာကိုစကားစလိုက်သည်။

ကားဆရာကလည်းမောင်းချင်ပါတယ်။ ဒါပေမဲ့ နောက်ကတံခါးကြီးတစ်ဖက်ကအခုထိပွင့်နေသေးတယ်လေ။

လေထုကအေးစက်ပြီးတည်ငြိမ်လှသည်။ Xi Yang က Zhou Qirong ကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး ဘာမျှတော့မပြောပေ။ ဒါပေမဲ့ Zhou Qirong က ချက်ချင်းပဲသူ့ခါးကိုလှည့်ပြီး ကားထဲကိုဝင်ထိုင်လိုက်သည်။

ကားတံခါးကပိတ်သွားပြီ။ ကားကလည်းလမ်းပေါ်မှာအရှိန်ပြင်းပြင်းမောင်းနှင်နေပြီဖြစ်သည်။

Xi Yang ကကားမှန်ပေါ်ကိုမှီကာ မျက်စိမှိတ်ထားပြီးအနားယူရင်းလိုက်လာခဲ့သည်။ ခန္ဓာကိုယ်ကပင်ပန်းနေပေမဲ့ အသိဉာဏ်တွေကတော့အံ့ဩစရာကောင်းစွာပဲရှင်းလင်းလို့နေသည်။

သူ မတော်တဆ Zhou Qirong နဲ့ အတူရှိခဲ့တုန်းကအချိန်တွေကိုပြန်တွေးမိသွားသည်။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now