Xi Yang ကိုဖက်ထားချင်တယ် ၂

1.2K 205 9
                                    

Jian Hong ဗီလာထဲကထွက်လာတာကို Zhou Qirong ကကြည့်နေခဲ့တယ်။ တစ်ဖက်လူရဲ့မျက်နှာက ထူးထူးခြားခြားကို ကြည်နူးနေတဲ့ပုံပေါက်နေပြီး အတော်လေးကိုပျော်ရွှင်နေပုံပဲ။

Xi Yang အထဲမှာရှိနေတာကို Zhou Qirong သိသည်။ သူကအစကတည်းက Xi Yang တို့ အိမ်ရာဝင်းအပြင်ဖက်ကနေစောင့်ကြည့်နေခဲ့တာဖြစ်ပြီး Jian Hong ရောက်လာတာကိုလည်း အစကနေအဆုံး သူအကုန်မြင်ခဲ့သည်။

ကားနားရောက်လာတဲ့ Xi Yang ကို ကားတံခါးဖွင့်ပေးနေတဲ့ Jian Hong ရဲ့ပုံစံကိုလည်းသူမြင်ခဲ့ပါသည်။ အဲ့ဒီမြင်ကွင်းက သူတို့နှစ်ယောက်ကိုရည်းစားတွေလို့တောင် ထင်ရစေနိုင်သည်။

Xi Yang က မငြင်းခဲ့ဘူး။ Xi Yang က Jian Hong ပေးတဲ့လက်ဆောင်ကိုလည်း လက်ခံခဲ့သေးတယ်။

ဒါတွေကို Zhou Qirong အကုန်သိနေသည်။ Xi Yang ဘေးနားမှာဖြစ်ပျက်နေတဲ့ ကိစ္စတွေမှန်သမျှကို Zhou Qirong က ကကြီးကနေ အ အထိကိုအကုန်သိသည်။

Xi Yang အနားကိုသွားဖို့ အကြိမ်ပေါင်းထောင်သောင်းမကစဉ်းစားမိတဲ့တစ်ချိန်တည်းမှာပဲ လက်လျော့လိုက်တဲ့အကြိမ်အရေတွေကလည်းထောင်သောင်းမက။

Xi Yang က သူ့ကိုမြင်ချင်မှာမဟုတ်ဘူး။
နာကျင်မှုတွေပဲပေးခဲ့တဲ့ သူ့ကို Xi Yang က မုန်းနေတယ်ဆိုတာကိုလည်း သူ အသေအချာကို သိပါသည်။

Zhou Qirong က ဆေးလိပ်ကိုမီးညှိလိုက်ကာ တစ်ရှိုက်သာသောက်လိုက်ပြီး မီးကိုပြန်သတ်လိုက်သည်။
Xi Yang က ဆေးလိပ်သောက်တာကိုသဘောမကျပေ။ သူကိုယ်တိုင်လည်းမသောက်သလို သူ့ဘေးမှာလာသောက်တာကိုလဲ သဘောမကျ။ ဆေးလိပ်သောက်နေတဲ့လူတစ်ယောက် သူ့ဘေးကဖြတ်သွားခဲ့ရင်တောင် သူ့မျက်နှာက မသက်မသာဖြစ်လာပြီး မျက်လုံးတွေပါပြာဝေလာလိမ့်မည်။

အရင်က သူ Xi Yang ကြောင့် ဆေးလိပ်ဖြတ်ခဲ့သည်။ သူတို့နှစ်ယောက်လမ်းခွဲပြီးနောက်ပိုင်း သူ ဆေးလိပ်လည်းပြန်သောက်ဖြစ်ခဲ့သည်။ ဒါပေမဲ့ များသောအားဖြင့် တစ်ရှိုက် နှစ်ရှိုက်လောက်သောက်ပြီးတာနဲ့ ဆက်သောက်လို့မရတော့။

သူ ဆေးလိပ်ကိုဘယ်လောက်ပဲ စွဲလမ်းနေပါစေ Xi Yang မကြိုက်ဘူးဆိုတာကိုစဉ်းစားမိတာနဲ့ ချက်ခြင်းရပ်ပစ်လိုက်တာချည်း။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now