စိန်ကြယ်သီးတစ်လုံးလက်ဆောင်ပေးခြင်း

1.4K 213 1
                                    

Jian Hong ကသူ့အပေါ်ခံစားချက်တစ်ချို့ရှိနေပြီး သူ့ကိုချည်းကပ်ဖို့ကြိုးစားနေတာကို ဟိုတစ်ခေါက်ထမင်းအတူစားကတည်းက Xi Yang ရိပ်မိပါသည်။ အဲ့ဒီတုန်းက သူ့အတွေးတွေလွန်နေတာဖြစ်ဖို့ကိုမျှော်လင့်ခဲ့သေးသည်။

ဒါပေမဲ့ လျှင်မြန်စွာပါပဲ သူတို့တွေဒုတိယအကြိမ်ပြန်တွေ့တဲ့အချိန်မှာ Jian Hong က အလွန်လက်ရာမြောက်တဲ့လက်ဆောင်ဘူးလေးတစ်ဘူးကိုယူလာခဲ့သည်။ အထဲမှာတော့ တလက်လက်တောက်ပနေတဲ့ စိန်ကြယ်သီးလေးတစ်လုံး။ စိန်ကိုမြင်လိုက်ကတည်းက ဒီလူသူ့အပေါ်မှာ တကယ်ကိုခံစားချက်တစ်ချို့ရှိနေကြောင်းကို Xi Yang အတိပြုနိုင်လိုက်ပြီဖြစ်သည်။

အတိအကျပြောရရင်တော့ သူ့ရဲ့ဒီမျက်နှာအပေါ်မှာခံစားချက်တွေရှိနေတာဖြစ်သည်။

လူအများစုကဒီတိုင်းချည်းသာ။ သူတို့က Xi Yang ရဲ့ ဒီမျက်နှာကိုပထမအကြိမ်မြင်ပြီးသွားတာနဲ့ ဒီမျက်နှာရဲ့ဆွဲဆောင်ခြင်းကိုခံလိုက်ကြရသည်။ ခနတိုင်းကြုံရလွန်းလို့ Xi Yang အတွက်ကထူးတောင်မထူးဆန်းတော့ပေ။

ဒါပေမဲ့ Xi Yang ကိုလိုက်ဖို့အတွက်ကတော့ ထင်သလောက်လွယ်ကူနေမှာမဟုတ်ချေ။ Xi Yang က ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ အခွင့်အရေးလေးတစ်ခုတောင်ပေးခဲ့တာမဟုတ်။

လက်မခံတာမျိုးမဟုတ်ဘဲ အခွင့်အရေးလေးတောင်မပေးချင်တာမျိုးဖြစ်သည်။ သူ့နှလုံးသားထဲမှာ လူတစ်ယောက်က ရှိနေပြီးပြီ။

အတိတ်မှာတုန်းက ထိုလူကသူ့လက်ကိုအရင်လွှတ်ချခဲ့ပြီး သူ့ကိုအရင်စွန့်ခွာခဲ့တာတောင်မှ Xi Yang ကတော့ အဲ့ဒီလူကိုချစ်နေဆဲပဲဖြစ်သည်။ Xi Yang ဘယ်တော့မှနောက်ကြောင်းပြန်မလှည့်တော့ဘူးဆိုရင်တောင်မှ ဒီအချစ်တွေကတော့ လွယ်လွယ်နဲ့ပျောက်ပြက်သွားမှာမဟုတ်ပေ။

သူ့ကိုလိုက်နေတဲ့လူတွေအတွက်ကတော့ တစ်ဖက်လူကအမူအယာနည်းနည်းလောက်ပြလိုက်တာနဲ့ မိမိကိုမျက်စိကျနေကြောင်း Xi Yang အတပ်သိပါသည်။ ဒါကကိုယ့်ကိုကိုယ် အထင်ကြီးနေခြင်းမျိုးလုံးဝမဟုတ်ရပါ။

ဒါပေမဲ့ ပထမခြေလှမ်းမှာတင် သောင်းချီတန်တဲ့ပစ္စည်းတစ်ခု လက်ဆောင်ပေးတဲ့လူမျိုးကိုတော့ သူအခုထိမကြုံဖူးသေးပါ။ အလုပ်အတူတွဲလုပ်ကြမယ့်လူတွေဖြစ်လို့ နှုတ်ဆက်လက်ဆောင်ပေးတယ်ဆိုရင်တောင် ဒီလိုလက်ဆောင်မျိုးကတော့ ပုံမှန်ဟုတ်မနေ။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now