စိန်ကြယ်သီးတစ်လုံးလက်ဆောင်ပေးခြင်း ၃

1.2K 211 9
                                    

Xi Yang နေတဲ့နေရာနဲ့ Jian Hong ရဲ့ ဗီလာကအနည်းငယ်ဝေးတာကြောင့် ကားနဲ့တောင် တစ်နာရီလောက်မောင်းရသည်။

ကားကဗီလာဝင်းအတွင်းကိုတန်းတန်းမတ်မတ်မောင်းဝင်လာခဲ့သည်။ ကားဂိုဒေါင်ထဲမှာလည်း အရေအတွက်မနည်းတဲ့ ကားနောက်မြှီးများကိုမြင်နေရ၏။

ဒီဗီလာကို Jian Hong မကြာသေးမီကမှဝယ်ထားခဲ့တာဖြစ်သည်။ သူရဲ့ရည်းစားတွေထဲကတစ်ယောက်မှ ဤဗီလာအား သဘောကျသည်ဆို၍ သူကဝယ်ခဲ့လိုက်ခြင်း။ အခုတော့ ကိစ္စတွေကတစ်မျိုးတစ်ဖုံပြောင်းလဲခဲ့ပြီ။ Xi Yang လိုအလွန်ချောမောတဲ့ ဒီဇိုင်းအင်ဂျင်နီယာလေးတစ်ယောက်နဲ့သူတွေ့ခဲ့ရသည်လေ။

အဲ့ဒီနေ့က ပြန်ရောက်ရောက်ချင်းပဲ ဒီဗီလာက အငြင်းပွားမှုလေးတွေဖြစ်နေတာကြောင့် အချိန်တွေနှောင့်နှေးမှာစိုးရိမ်လို့ဆိုတဲ့ ဆင်ခြေတစ်ခုပေးပြီး သူ အဲ့ဒီရည်းစားကို တစ်ခြားဗီလာတစ်လုံးဝယ်ပေးလိုက်သည်။

အဲ့ဒီရည်းစားလေးကတော့ အကြောင်းအရင်းမှန်ကိုမသိဘဲ Jian Hong က သူ့ကိုတကယ်ချစ်တာလို့တောင်တွေးနေသေးသည်။

Jian Hong က Xi Yang အတွက် ကားတံခါးကိုဖွင့်ပေးချင်ခဲ့ပေမဲ့ Xi Yang ကအရင်ဆင်းသွားခဲ့ပြီ။

Xi Yang က ဗီလာကိုတစ်ချက်မော့ကြည့်လိုက်သည်။ အရမ်းကိုကြီးတာပဲ။ ကြည့်ရတာ ယွမ်မီလီယံဆယ်ချီတန်လိမ့်မည်။

သူဌေးတွေကတော့ လက်ဖျောက်လေးတစ်ချက်တီးလိုက်တာနဲ့ ဒီလောက်ကြီးတဲ့ ဗီလာကြီးတစ်ခုကိုဝယ်ပြီးသွားပြီ။

Xi Yang က ဗီလာအနောက်ဘက်ပိုင်းကိုမကြည့်ရသေးပေမဲ့ မှန်တွေကနေတစ်ဆင့်မြင်နေရတာနဲ့တင်ကိုတော်တော်သဘောကျနေပြီဖြစ်သည်။

ဒီဇိုင်းနာ တစ်ယောက်အနေနဲ့ အိမ်အတွင်းအပြင်အဆင်ဒီဇိုင်းကိုမဆွဲခင် အိမ်တစ်ခုလုံးနဲ့ အိမ်ရဲ့ပတ်ဝန်းကျင်အခြေအနေတွေကိုပါ အသေးစိတ်သိရှိဖို့လိုသည်။ ဒါမှ နောက်ပိုင်း အိမ်ဒီဇိုင်းကိုပြန်ဆွဲကြတဲ့အခါအထောက်အကူပြုမှာဖြစ်သည်။

ဗီလာနောက်ဘက်မှာက ပန်းခြံနဲ့ရေကူးကန်ရှိပြီး လူလုပ်ရေတံခွန်အသေးလေးတောင်ပါလိုက်သေး။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now