ငါ့အပေါ်အကြွေးတင်နေသေးတယ် ၂

2.2K 295 6
                                    

Xi Yang စကားကိုကြားလိုက်တာနဲ့ Zhou Qirong ရဲ့ ခေါင်းထဲမှာ မေးခွန်းတွေတစ်သီကြီးပေါ်လာတော့သည်။

သူ Xi Yang ကိုဘာအကြွေးတွေတင်နေတာလဲ။ အသက်လား။ အခု Xi Yang က သူ့အသက်နဲ့ အပြစ်တွေကိုပြန်ဆပ်ဖို့ပြောနေတာများလား။ ဒီလိုသာဆိုရင်တော့ Zhou Qirong တကယ်ကိုကျေနပ်ပါသည်။

နေ့စဉ်ရက်ဆက် နာကျင်ဝမ်းနည်းနေရမယ့်အစား Xi Yang လက်ထဲမှာသေသွားတာကမှပိုကောင်းလိမ့်အုံးမည်။ သူတကယ်ကိုပျော်ပျော်ကြီးအသေခံလိုက်မည်။

" မင်းငါ့အပေါ်တင်နေတဲ့အကြွေးက... "

Xi Yang က Zhou Qirong ရဲ့လက်ကိုသူ့ဘက်ကပြန်ဆွဲလိုက်ရင်း ခုနက ပြောလိုက်တဲ့စကားကိုဆက်ရန်ပြင်လိုက်သည်။

သူဒီလိုစကားတွေကိုပြောမိသွားရခြင်းမှာ အတိတ်ကမကျေနပ်ချက်များကြောင့်လဲဖြစ်နိုင်သည်။ ဒီလူက သူ့ကို ချစ်ချင်တဲ့အခါချစ်ပြီး ပစ်ချင်တဲ့အခါပစ်သွားခဲ့တာ မဟုတ်ပါလား။ ဒါမှမဟုတ် ညဉ့်နက်လာတာကြောင့်လည်းဖြစ်နိုင်ပါသည်။ လူ့ဦးနှောက်က ညဉ့်နက်လာလေ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကျလာလေပဲလို့ သုသေသနတွေကပြောထားသည်။ ဒါမှမဟုတ်ရင်လည်း သောက်လာတဲ့အရက်တွေက အခုမှအာနိသင်ပြတာ ဖြစ်နိုင်သေးသည်။

ဘယ်လိုပဲဖြစ်ဖြစ် Zhou Qirong ကိုအနီးကပ်တွေ့လိုက်ရတဲ့အခါ Xi Yang ခေါင်းထဲမှာ ဒီအတွေးတစ်ခုထဲကိုသာတွေးနိုင်တော့သည်။

အဲ့ဒါက Zhou Qirong က သူ့အပေါ်အကြွေးတင်နေတယ် ဆိုတာနဲ့ အဲ့ဒီလူပြန်ဆပ်ကိုဆပ်ရမည် ဆိုတာကိုပင်။

" ဘာအကြွေးလဲ "

Zhou Qirong က Xi Yang ကို မေးလိုက်သည်။

Xi Yang က ရုတ်တရက် ထ ရယ်လိုက်ပြီး Zhou Qirong ရဲ့ လက်ကိုဆွဲကာ အိမ်ထဲကိုခေါ်သွားလိုက်သည်။

ဘုန်း။ Zhou Qirong နောက်ကျောနဲ့တံခါးနဲ့ရိုက်မိသွားတဲ့အသံဟာ ခပ်ကျယ်ကျယ်ထွက်လာခဲ့တယ်။ Xi Yang ကတော့သူရှေ့မှာ ရပ်နေပြီး Zhou Qirong ရဲ့မျက်နှာကို သူ့လက်လေးတွေနဲ့ပွတ်သတ်နေသည်။ ဒါပေမဲ့ မျက်ဝန်းတွေကတော့ သူအရင်ကရင်းနှီးခဲ့တဲ့ ချစ်မြတ်နိုးမှုတွေမရှိတော့ပေ။ အေးစက်စက်သူစိမ်းဆန်မှုတွေကိုသာ သူမြင်နေရသည်။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now