ကလေးကိုမွေးမယ်

1.5K 197 12
                                    

Xi Yang က အိမ်မှာတစ်ညလုံး ဒီတိုင်း ထိုင်နေခဲ့သည်။ ညအချိန်ကတဖြည်းဖြည်းကုန်ဆုံးလာပြီး အလင်းရောင်နည်းနည်းပြန်ရောက်လာတဲ့ အခါမှာတော့ သူက ရုတ်တရက်ထလိုက်သည်။ ပြီးတော့ ခရီးဆောင်အိတ်ကိုယူကာ အင်္ကျီနည်းနည်းထည့်လိုက်ပြီး အိမ်ကနေထွက်‌သွားတော့သည်။

ပြီးလျှင် ကားငှားလိုက်ပြီး အမြန်ရထားဘူတာရုံသို့သွားကာ လက်မှတ်ဖြတ်လိုက်သည်။ သိပ်မကြာခင်မှာပဲ ရထားကစတင်ထွက်ခွာတော့သည်။

သူက အိမ်ကိုပြန်တဲ့လက်မှတ်ကိုဖြတ်ခဲ့တာဖြစ်ပြီး သူ့အိမ်ကလူတွေကိုတော့ ဆက်သွယ်ခြင်းမပြုခဲ့။ မဟုတ်လည်း သူအိမ်ပြန်လာတာက သူတို့အတွက် ဝမ်းသာစရာသတင်းမှမဟုတ်တာ။

ဘာလို့လဲဆိုတော့ Xi Yang ရဲ့ အဖေနဲ့အမေက သူနဲ့ Zhou Qirong လက်ထပ်လိုက်ပြီးကတည်းက အတိအလင်းတော့ မဟုတ်ပေမဲ့ သူနဲ့အဆက်အသွယ်ဖြတ်သွားခဲ့သည်။

ပိုဆိုးတာက သူက လက်ထပ်ပြီးသိပ်မကြာခင်မှာပဲ ကွာရှင်းလိုက်ပြန်တာကြောင့်ဖြစ်သည်။

သူက မိန်းမတွေကိုစိတ်မဝင်စားသလို ဘယ်တော့မှ မိန်းမတစ်ယောက်နဲ့လက်ထပ်မှာမဟုတ်ကြောင်းကို Xi Yang အစကတည်းက သူ့အိမ်ကိုပြောခဲ့ပြီးသားဖြစ်သည်။

ဒါပေမဲ့ ကြည့်ရတာ သူကွာရှင်းလိုက်တော့ သူ့မိဘတွေရဲ့ မျှော်လင့်ချက်ကပြန်အသက်ဝင်လာတာဖြစ်မည်။ Xi Yang ကို ပြန်ခေါ်ခဲ့ပြီး မိန်းကလေးတစ်ချို့နဲ့သွားတွေ့ခိုင်းတော့သည်။

သူတို့ဆန္ဒအတိုင်း သူသွားခဲ့ပေမဲ့ ရောက်တာနဲ့ သူက ယောက်ျားလေးတွေပဲကြိုက်တယ်ဆိုတဲ့အကြောင်းကို မျက်နှာပြောင်တိုက်ကာပြောတော့သည်။ တစ်ဆက်တည်းမှာပဲ ရုပ်ချော ဥစ္စာပေါလေးတွေကိုသာ စိတ်ဝင်စားကြောင်းလည်း ကြေငြာလိုက်တော့ တစ်ဖက်မိန်းကလေးရဲ့ ဒေါသတွေက ပေါက်ကွဲထွက်ကုန်ကာ သူ့မျက်နဲ့ကို ရေနဲ့လှမ်းပက်ခြင်းနဲ့သာ တွေ့ဆုံခြင်းက အဆုံးသတ်သွားရသည်။

အဆုံးမှာတော့ အိမ်ကလူတွေက သူ့အကြောင်းကို ကောင်းကောင်းသိသွားတော့သည်။

နောက်ဆက်တွဲကတော့ သူသေသေရှင်ရှင် ဂရုမစိုက်တော့ပဲ အဆက်အသွယ်ဖြတ်သွားခြင်းသာ။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now