လိုက်နေတဲ့လူတွေအကုန်လုံးကိုငြင်းတယ် ၂

1.6K 238 3
                                    

Chen Sheng ရဲ့လက်က လေထဲမှာတန်းလန်းကြီးကျန်နေခဲ့သည်။ ခနကြာတော့ သူကလက်ကိုပြန်ချလိုက်ကာ တဟားဟားရယ်ရင်းကားထဲကိုပြန်ဝင်လာသည်။ တစ်ဖက်မှာထိုင်နေတဲ့ Xi Yang ကိုကြည့်လိုက်‌တော့ Xi Yang က သူနဲ့မျက်လုံးချင်းဆုံဖို့တောင် ပျင်းနေသည်ထင်။

Chen Sheng တစ်ယောက်လျစ်လျူရှုခံလိုက်ရပြီ။ Xi Yang က သူ့ကိုလာကြိုတဲ့အခါ သာမန်ကားတစ်စီးသာမောင်းခဲ့ဖို့နဲ့ ဒီအနီရောင်ပြိုင်ကားကြီးကို မောင်းမလာဖို့ အရင်ကတည်းက သတိပေးပြီးသားဖြစ်သည်။ ဒါပေမဲ့ Chen Sheng က အမြဲတမ်း ရှေ့မှာသာခေါင်းညိမ့်နားထောင်ပြီး ဟိုဘက်လှည့်တာနဲ့ မေ့မေ့သွားသည်။

Chen Sheng က သူ့မျက်လုံးများကို လခြမ်းကွေးလေးလိုမှိတ်ကျသွားသည်အထိရယ်လိုက်သည်။ ပြီးမှ

" ဒီတစ်ခေါက်ရဲ့ ကာစတန်မာက အကောင်ခပ်ကြီးကြီးထဲက၊ သူကလောလောလတ်လတ်ကမှ ကျွန်းပေါ်က ဗီလာတစ်လုံးကို ဝယ်ထားတာ၊ အခုအဲ့ဒီ ဗီလာကိုပြန်ပြင်ဖို့အတွက် ဒီဇိုင်းနာရှာနေတုန်း သူ့သူငယ်ချင်းကငါတို့ကုမ္ပဏီကို မိတ်ဆက်ပေးလို့ရောက်လာတာ။ သူ့ သူငယ်ချင်းရဲ့ အရက်ဘားကိုလည်းမင်းပဲဒီဇိုင်းဆွဲပေးခဲ့တာလေ။ သူကမင်းဒီဇိုင်းတွေကိုသဘောကျလို့ ဒီလူကိုမင်းဆီညွှန်လိုက်တာ။ "

" ငါသူ့ကို မင်းရဲ့အရင်ကလက်ရာတွေကိုပြပြီးပြီ။ သူတော်တော်လေးသဘောကျနေတယ်။ အဲ့ဒီတော့ ဒီနေ့ကအလုပ်ကိစ္စအတွက်ဆိုပေမဲ့ အဓိက ကတော့ ထမင်းတစ်နပ်အတူစားပြီး မိတ်ဆွေတစ်ယောက်တိုးလာဖို့ပဲ။"

" သူ့ဘေးနားကလူတွေအကုန်လုံးက ပိုက်ဆံရှိတဲ့လူတွေချည်းပဲ။ သူတို့က ဒီနေ့အိမ်ဝယ်ပြီး မနက်ဖြန်ဆိုင်ခန်းတွေထပ်ဝယ်တဲ့လူတွေ။ ဒီအခွင့်အရေးကိုမင်းရအောင်ယူ။ အလုပ်တွေအကုန်လုံးကိုသာမင်းရမယ်ဆိုရင် ပေးဖို့ကျန်တဲ့ တိုက်ခန်းခတွေလဲ ခနနဲ့ပေးလို့ပြီးသွားလိမ့်မယ်။ "

Chen Sheng ဒီလိုပြောခြင်းက Xi Yang ကိုကြိုတင်သတိပေးလိုက်ခြင်းဖြစ်သည်။ ဒီလိုမှ တစ်ဖက်လူကိုဘယ်လိုဆက်ဆံရမလဲဆိုတာ Xi Yang က သိမှာဖြစ်သည်။

Xi Yang က ခေါင်းကိုဖြည်းဖြည်းချင်းငြိမ့်ကာ

" ငါသိပြီ " လို့ပြောလိုက်တော့ Chen Sheng က စိတ်ချသွားသလိုတစ်ချက်ပြုံးလိုက်သည်။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now