ငါ့ဗိုက်ထဲမှာတစ်ခုခုကရှင်သန်နေတယ်

1.3K 204 4
                                    

Chen Sheng က တံခါးကိုအရင်ခေါက်လာပေမဲ့ လာမဖွင့်ပေးတာကြောင့် Xi Yang ဆီကိုသာဖုန်းခေါ်လိုက်ရတော့သည်။

အကြိမ်ပေါင်းများစွာခေါ်ဆိုပြီးနောက်မှသာ တစ်ဖက်ကပြန်လည်ဖြေဆိုသံကိုကြားရသည်။

" Xi Yang, ငါအခုမင်းအိမ်ရှေ့မှာ၊ တံခါးလာဖွင့်ပေးအုံး။ "

Xi Yang ရဲ့ ဖျော့တော့နေတဲ့ အသံလေးကိုကြားလိုက်တော့မှ Chen Sheng ရဲ့ စိုးရိမ်မှုတွေကပိုတိုးလာရသည်။ နောက် ၁၅မိနစ်လောက်ကြာမှXi Yang က တံခါးလာဖွင့်တော့သည်။

တံခါးဖွင့်ဖွင့်ချင်းပဲ တွေ့လိုက်ရတဲ့ ဖြူဖျော့နေတဲ့ Xi Yang မျက်နှာလေးကြောင့် Chen Sheng မှာ Xi Yang ပုခုံးနှစ်ဖက်ကိုကိုင်မိရက်သားဖြစ်သွားတော့သည်။

တစ်ချိန်တည်းမှာပဲ ထောင့်အကွယ်က Zhou Qirong က ထွက်လာကာ Chen Sheng က Xi Yang ရဲ့ ပုခုံးကိုကိုင်ထားတာကိုမြင်လိုက်တာနဲ့ သူ့အကြည့်တွေထဲမှာ ဒေါသရဲ့ အရိပ်အယောင်တွေကဖုံးလွှမ်းသွားတော့သည်။

Chen Sheng လည်း မိမိနောက်ကျောဖက်ဆီကရနေတဲ့ အေးစက်စက်အငွေ့အသက်တွေကြောင့် နောက်လှည့်ကြည့်လိုက်မိပေမဲ့ မည်သည့်တစ်စုံတစ်ယောက်ကိုမျှမတွေ့ပေ။ ထို့ကြောင့် သူလည်းအများကြီး စဉ်းစားမနေတော့ပဲ Xi Yang နဲ့အတူ အိမ်ထဲကိုသာ ဝင်လာခဲ့လိုက်တော့သည်။

" CEO Zhou  က မင်းကြည့်ရတာအခြေနေသိပ်မကောင်းဘူး။ နေမကောင်းဖြစ်နေတယ်ထင်တယ်လို့ ပြောလို့။ Xi Yang မင်း ဆေးရုံသွားခဲ့တာလား။ "

" ဆေးစစ်ချက်ရလဒ်တွေကရောထွက်လာပြီလား။ အဖြေကဘာတဲ့လဲ။ အရမ်းဆိုးနေလား။ "

" မင်းမှာဘာရောဂါတွေဖြစ်နေတာလဲ။ မင်းမျက်နှာကလည်းသိပ်မကောင်းဘူး။ Xi Yang မင်းမှာအခက်အခဲတွေရှိရင် ငါ့ကိုပြောပြလို့ရပါတယ်။ ငါတို့က သူငယ်ချင်းတွေပဲမလား။ ဘာအခက်အခဲတွေပဲရှိရှိ ငါမင်းနဲ့အတူဖြတ်ကျော်ပေးမှာပါ။ "

Chen Sheng က သူဌေးတစ်ယောက်ရဲ့ တာဝန်ကိုလည်းကျေသလို သူငယ်ချင်းတစ်ယောက်လိုလည်း ထိုနည်းလည်းကောင်းပင်။

သူနဲ့ Xi Yang က အချိန်တော်တော်များများမှာ အလုပ်ရှိမှသာဆက်သွယ်ဖြစ်တာဆိုပေမဲ့ Chen Sheng က Xi Yang ကို တကယ်ဂရုစိုက်တာဖြစ်သည်။ သူရဲ့ စိတ်ရင်းတွေကို Xi Yang မြင်နေရပါသည်။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now