ငါ့အပေါ်အကြွေးတင်နေသေးတယ်

2.3K 307 6
                                    

ဝင်လာတဲ့လူသုံးယောက်ထဲမှာ ကလေးလေးတစ်ယောက်လည်းပါလာသည်။ ကလေးလေးက သူ့အဖေရင်ခွင်ထဲအိပ်ပျော်နေပြီးတော့ ကလေးရဲ့အမေကတော့ ဘေးနားမှာခရီးဆောင်အိတ်ကိုဆွဲကာဝင်လာသည်။ တစ်ချက်ကြည့်လိုက်တာနဲ့ ခရီးကပြန်လာတဲ့မိသားစုမှန်းသိသာသည်။

Zhou Qirong က သူတို့သုံးယောက်ကိုမြင်တာနဲ့ မြန်မြန်လမ်းဖယ်ပေးလိုက်သည်။ မိသားစုကသူ့ကိုကျော်ကာဓာတ်လှေကားထဲဝင်သွားကြသည်။

" ရှင်မလိုက်ဘူးလား " ကလေးလေးရဲ့အမေက Zhou Qirong ကိုမေးလိုက်တယ်။

Zhou Qirong အလျင်အမြန်ပဲ Xi Yang ကိုလှမ်းကြည့်လိုက်တော့ သူက ခေါင်းငုံကာ ကလေးလေးကိုကြည့်နေသည်။

Zhou Qirong လည်းသူ့ကိုယ်သူထိန်းချုပ်မနေတော့ပဲ ခြေထောက်တစ်ချောင်းကို လွှားခနဲ မ ကား ဓာတ်လှေကားထဲကိုဝင်သွားလိုက်တော့တယ်။

ဓာတ်လှေကားကအပေါ်ကိုတက်သွားသည်။ မိသားစုသုံးယောက်ကအရင်ဆင်းသွားတာကြောင့် အခုတော့သူတို့နှစ်ယောက်တည်းသာကျန်နေခဲ့တော့သည်။

Xi Yang ကိုလှမ်းကြည့်လိုက်တော့ သူကဓာတ်လှေကားရဲ့တံခါးကိုသာ အေးစက်စက်စိုက်ကြည့်နေပြီး Zhou Qirong ကိုတော့ တစ်ချက်မျှလှည့်မကြည့်။

Zhou Qirong က Xi Yang နောက်မှာရပ်နေတာဖြစ်သည်။ Xi Yang ရဲ့သွယ်လျနေတဲ့လည်တိုင်လေးကိုကြည့်ရင်း သူ့လက်တွေကလှုပ်ရှားလာခဲ့သည်။

သူ Xi Yang ရဲ့ကိုယ်လုံးလေးကိုထွေးပွေ့ထားချင်တယ်။ သူတကယ်ကိုပဲ Xi Yang ကိုသူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ်ထည့်ပွေ့ထားလိုက်ချင်တာပါ။

ဒါကမဖြစ်နိုင်ဘူးဆိုတာကိုလည်းသူသိပါသည်။ အခုလက်ရှိသူ့မှာ အဲ့ဒီလိုလုပ်နိုင်တဲ့အရည်အချင်းကရှိမနေတော့။

ဓာတ်လှေကားက သူနေတဲ့အထပ်ကိုရောက်တာနဲ့ Xi Yang ထွက်ခဲ့လိုက်သည်။ သူ့နောက်မှခပ်ဖွဖွခြေသံတစ်ခုကလည်းကပ်ပါလာလျှက်။

Xi Yang သော့ကိုထုတ်လိုက်ပြီး အခန်းတံခါးကိုဖွင့်လိုက်တယ်။ သူအိမ်ထဲကိုရောက်ရောက်ချင်းမှာပဲ တံခါးကို ဝုန်းကနဲမြည်အောင်ပိတ်ချလိုက်တော့သည်။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now