ကိုယ်ဝန်ရှိနေတယ်

1.4K 214 7
                                    

Xi Yang မှာ ကိုယ်ဝန်ရှိနေပြီ။ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဒီလိုအဖြေထွက်လာတဲ့အခါမှာတော့ Xi Yang မပြောနဲ့ ဆရာဝန်ကိုယ်တိုင်တောင်မှ အံ့ဩတုန်လှုပ်သွားရသည်။

ကိုယ်ဝန်ဆောင်တွေအများကြီးကို သူ့ဆရာဝန်သက်တမ်းတစ်လျှောက် မရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးပေမဲ့ ယောက်ျားလေးကိုယ်ဝန်ဆောင်ကတော့ ဒါကပထမဦးဆုံးပင်။ ဒီဆေးရုံးအတွက်လည်း ဒါက ပထမဦးဆုံးဖြစ်သလို သမိုင်းတစ်လျှောက်မှာလည်း ဒါက ပထမဦးဆုံးပင်ဖြစ်သည်။

ဆရာဝန်က သူ့အရှေ့မှာရပ်နေတဲ့ လူငယ်လေးကို မော့ကြည့်လိုက်မိသည်။ လူငယ်လေးက တစ်ယောက်တည်းလာခဲ့တယ်ဆိုပေမဲ့ သူ့မှာသေချာပေါက်လက်တွဲဖော်ရှိလိမ့်မည်။ မဟုတ်လျှင် ဒီကိုယ်ဝန်က ဘယ်ကရောက်လာမည်နည်း။

ဘယ်လိုလူမျိုးကများ ဒီလူငယ်လေးနဲ့ ကလေးရခဲ့သည်မသိ။

ဒါပေမဲ့ လူငယ်လေးရဲ့ မျက်နှာကတော့ သိပ်မကောင်းပေ။ ကြည့်ရတာက ဒီကိုယ်ဝန်က မမျှော်လင့်ပဲရခဲ့တာဖြစ်နိုင်သည်။

ဒါကလည်း သဘာဝကျပါသည်။ ယောက်ျားတစ်ယောက်ဖြစ်ပါလျှက်နဲ့ မိန်းကလေးတစ်ယောက်လိုမျိုး ကိုယ်ဝန်ဆောင်နိုင်နေမည်ဆိုပါလျှင် မည်သူမဆို တုန်လှုပ်မိကြမှာပဲဖြစ်သည်။

ဆရာဝန်က Xi Yang ရှေ့ကိုရောက်လာပြီး တစ်ခုခုပြောရန်ပြင်လိုက်သည်။ ဥပမာ အားပေးစကားတစ်ခုခုပေါ့။ အကယ်၍ ဤကိုယ်ဝန်ဆောင် အမျိုးသားဆီမှာ ဒီကိုယ်ဝန်ကိုမလိုချင်ဘူးဆိုတဲ့ အတွေးတွေရှိနေလျှင် သူတားချင်လို့ပဲဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက လူ့အသက်တစ်ချောင်းလေ။

ပြီးတော့ ဒီကောင်လေးရဲ့ ကလေးသာဆို သေချာပေါက်ကို ချောမောလှပမှာဖြစ်သည်။ ကောင်လေးကိုယ်တိုင်ကတောင် ငွေကြယ်ပွင့်တစ်ယောက်လိုမျိုး တစ်ဖိတ်ဖိတ်လက်ကာ ကြည့်ကောင်းသည့် ရုပ်ရည်မျိုးရှိသည်။

ဒါပေမဲ့ ဆရာဝန်က ဘာမျှမပြောရသေးခင်မှာပင် Xi Yang အခန်းထဲကနေပြေးထွက်လာခဲ့မိသည်။ သူ့ရဲ့ ဆေးစစ်ချက်မှတ်တမ်းတွေကိုတောင် ယူမသွား။

သူကိုယ်တိုင်ကပဲရူးနေတာလား၊ ဆေးရုံက ဆရာဝန်ကပဲ ရူးနေတာလား ဆိုတာ Xi Yang လည်းမသိတော့။ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ ဆေးစစ်ချက်နဲ့မှားနေတာလည်း ဖြစ်နိုင်သည်။ ဒါပေမဲ့ ဒါပေမဲ့ ဆေးစစ်မှတ်တမ်းထက်မှာ သူ့နာမည်ကြီးက ထင်ရှားစွာ နေရာယူလျက်ရှိသည်။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now