ကိုယ်ဝန်ရှိနေတယ် ၂

1.3K 189 10
                                    

ဒီဆေးရုံကတော့ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည်။ လူအလာကျဲပြီး အဝင်ဝမှာ ဧည့်ကြိုတွေဘာတွေနဲ့တောင်ဝန်ဆောင်မှုပေးသေးသည်။

ဆေးစစ်ချက်တွေကလည်းမြန်မြန်ဆန်ဆန်ပဲထွက်လာခဲ့သည်။ ဒါပေမဲ့ ရလဒ်တွေကတော့ထူးမခြားနား ရှေ့ကဆေးရုံနှစ်ခုနဲ့အတူတူပင်။

Xi Yang မိမိဗိုက်ကိုယ်မိမိ လက်နဲ့စမ်းကြည့်လိုက်ပြီး
ဆေးရုံတွေရဲ့ဆေးစစ်ချက်တွေကသာ မမှားဘူးဆိုရင် သေချာပေါက်သူအိပ်မက်မက်နေတာပဲဖြစ်လိမ့်မည်။

အလွန်ဆိုးရွားတဲ့အိပ်မက်တစ်ခု။ သူ ကိုယ်ဝန်ဆောင်နေရပါသတဲ့။

ဟာသပဲ။ ဒါမျိုးကိစ္စတွေဆိုတာ အိပ်မက်ထဲမှာပဲဖြစ်နိုင်လိမ့်မည်။ မဟုတ်ရင်သူ့မှာ ဘယ်လိုလုပ်ကိုယ်ဝန်ရှိနိုင်မှာတဲ့လဲ။

ပြီးတော့ သံသယဝင်နေစရာတောင်မလိုဘူး။ ဒီ ကလေးက သေချာပေါက် သူ့ အရင်ယောက်ျားနဲ့ရတဲ့ ကလေးပဲ။ တစ်ခြားတစ်ယောက်ဟာမဖြစ်နိုင်ဘူး။ Xi Yang ဘဝတစ်လျှောက်လုံးမှာ အတူအိပ်ဖူးတဲ့ ယောက်ျားဆိုလို့ သူ့ခင်ပွန်းဟောင်းတစ်ယောက်ပဲရှိခဲ့တာလေ။

လောကကြီးမှာ ဘာဖြစ်လို့ ဒီလောက် အဓိပ္ပာယ်မရှိတဲ့ အိပ်မက်မျိုးရှိနေရတာလဲ။

Xi Yang ဆေးရုံထဲကနေထွက်လာခဲ့လိုက်သည်။
ဆေးရုံမှာရှိတဲ့လူတွေက သူ့မှာကိုယ်ဝန်ရှိနေတဲ့ဆိုတဲ့အကြောင်းကိုလည်းသိရော အထူးအဆန်းဝိုင်းကြည့်နေကြတာများ Xi Yang က ဒီကမ္ဘာမြေပေါ်က သက်ရှိတစ်ယောက်မဟုတ်တဲ့အတိုင်း။

ဘာတွေထူးဆန်းနေကြတာလဲဟ။ သူလည်းသူများနည်းတူ သာမန် လူသားတစ်ယောက်ပါပဲ။

Xi Yang ဆေးရုံအပြင်ကိုခပ်မြန်မြန်ထွက်လာခဲ့ပြီး သူ့စိတ်တွေက ကားဆီကိုရောက်ဖို့သာစိတ်လောနေခဲ့သည်။

သူ့ပတ်ပတ်လည်မှာလူတွေကအများကြီးသွားလာနေကြပြီး သူတို့က Xi Yang ကို စိတ်ဝင်တစားကြည့်နေကြသည်။ လူတွေက သူ့မျက်နှာကို စိတ်ဝင်စားလို့ကြည့်ကြတယ်ဆိုပေမဲ့ ဒီတစ်ခေါက်မှာတော့ Xi Yang အဲ့ဒီအကြည့်တွေကိုကြောက်လန့်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်မှာရှိရှိသမျှလူတွေက သူကိုယ်ဝန်ရှိနေတဲ့အကြောင်းသိနေလို့ ကြည့်နေကြတယ်လို့ သူခံစားနေရတာကြောင့်ဖြစ်သည်။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now