အဲ့ဒီနေ့ညက တကယ်တော့ မတော်တဆ

1.6K 202 5
                                    

တဖြည်းဖြည်းနဲ့ Zhou Qirong ရဲ့အခြေနေတွေက ပိုပိုဆိုးလာပြီး သူကိုယ်သူထိန်းချုပ်နိုင်စွမ်းတွေကလည်း တဖြည်းဖြည်းကျဆင်းလာသည်။ သူတို့နှစ်ယောက်အတူအိပ်နေရင်တောင်မှ Zhou Qirong ရဲ့အတွေးထဲမှာက တစ်စုံတစ်ယောက်က Xi Yang ကို ဖက်လိုက် နမ်းလိုက် လုပ်နေတယ်ဆိုတာမျိုးတွေကို မြင်ယောင်နေတာဖြစ်သည်။

သူ့မှာက ဒီလိုရောဂါမျိုးရှိနေသည်။ ရှိနေတာမှ အတော်လေးပြင်းထန်အဆင့်မျိုးဖြစ်သည်။ ပြီးတော့ သူက ဒီလို စိတ်ဝေဒနာခံစားနေရတဲ့ရောဂါသည်တစ်ယောက်ဆိုတာကိုလည်း Xi Yang ကိုမသိစေချင်။ ဒါကြောင့် သူ့ဘက်ကစပြီး ကွာရှင်းဖို့ကိုပြောခဲ့တာဖြစ်သည်။

Xi Yang ရဲ့ နှလုံးသားကို နာကျင်စေမယ်ဆိုရင်တောင်မှ Zhou Qirong မှာလည်း တကယ်ကိုရွေးချယ်စရာမရှိခဲ့ပေ။

Xi Yang သူ့ကို စိတ္တဇဆေးရုံမှာ လာတွေ့တာမျိုးကိုလည်း မလိုချင်။ ဒီလိုကိစ္စမျိုးကို သူဘယ်နည်းနဲ့မှ အဖြစ်ခံနိုင်ပေ။

ဒါကြောင့် သူက Xi Yang ကို ဘယ်တုန်းကမှမချစ်ခဲ့ဘူးလို့ Xi Yang အထင်လွဲရင်လည်းလွဲပါစေတော့။ ဒီလိုဆိုရင် Xi Yang လည်း ခံစားရ နည်းနည်းသက်သာစေလိမ့်မယ်။

Xi Yang ကို ကာကွယ်ဖို့ ဒီနည်းလမ်းကသာအကောင်းဆုံးလို့ထင်ခဲ့သည်။ အကယ်၍ သူသာအစကတည်းက Xi Yang ကိုပွင့်ပွင့်လင်းလင်းပြောခဲ့ရင် Xi Yang က သူနဲ့အတူ ဒီရောဂါတွေပျောက်တဲ့အထိ ဘေးမှာအတူတူနေပေးပြီး ကုသမှုတွေမှာ အဖော်ပြုပေးလေမည်လား။

ခက်တာက အချိန်တွေကို ဘယ်လိုမှ နောက်ပြန်လှည့်လို့မရတော့ပေ။

အခုတော့ သူစိုက်ပျိုးခဲ့တာတွေကို သူပြန်ရိတ်သိမ်းနေရပြီ။

Zhou Qirong က စားလို့ပြီးသွားတော့ ပန်းကန်တွေ တူတွေကိုသေချာလေးပြန်သိမ်းလိုက်သည်။ ဒီပစ္စည်းတွေက Xi Yang အသုံးပြုခဲ့တဲ့ဟာတွေ။ ဟိုတယ်ကိုလည်းပြန်မပေးနိုင်သလို တစ်ယောက်ယောက်ကထိလိုက်လို့ ဒီပစ္စည်းလေးတွေညစ်နွမ်းသွားမှာကိုလည်း သူမလိုလားပေ။ ဒါကြောင့် ပိုက်ဆံပိုပေးပြီး ဒီပန်းကန်တွေ တူတွေ ဇွန်းတွေကိုပါ သူဝယ်ခဲ့တာဖြစ်သည်။

စိတ်မမှန်တဲ့အရင်ယောက်ျားရဲ့ကိုယ်ဝန်လွယ်လိုက်ရတယ်Where stories live. Discover now