Part (1)

6.9K 311 1
                                    

ဒီနေ့က ကျွန်မအတွက်အတော်လေးဗရုတ်ကျတဲ့နေ့ပါပဲ ရုံးကိုအသွား Bus ကားပေါ်ကအဆင်း ဖိနပ်ပျက်ရတာနဲ့နေ့လည်စာစားခါနီးမှထမင်းချိုင့်အိမ်ကစားပွဲပေါ် ဒီတိုင်းတင်ခဲ့မိတာကိုသတိရ,ရတာနဲ့အပြင်မှာဝယ်စားလိုက်ရပြန်နဲ့ ညနေပိုင်းရောက်မှခေါင်းကကိုက်လာပြန်တာနဲ့ ဆေးခန်းပြရပြန် အို..တော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်လေအသက် 42 နှစ်အရွယ်မိန်းမတစ်ယောက်အဖို့တော့တစ်ယောက်တည်းနေပြီးရှင်သန်ရသိပ်မလွယ်ကူတဲ့နေ့ရက်တွေပါပဲ..ကျွန်မနဲ့တစ်အိုးတစ်အိမ်ထူထောင်ချင်တဲ့ယောကျာ်းအချို့ရှိပေမယ့်အမှန်တိုင်းပြောရရင် ကျွန်မအဲ့လိုယောကျာ်းယူချင်စိတ်လည်းမရှိပါ..တော်ပါပြီရှင် ဒါတွေလည်းဆက်တွေးမနေချင်တော့ပါဘူး အိပ်တာပဲကောင်းပါတယ်။

                               ~ ~

"မာမီ"

"....."

"မာမီရေ"

"ဟာဗျာ .. ဘယ်တွေရောက်နေကြတာလဲ ဒေါ်လေးသင်ရေ .."

"လာပြီ သမီးရေ"

"ဒေါ်လေးသင် မာမီတို့ရော..."

"လာပြီ..လာပြီ"

ပန်းကန်ဆေးအပြီးလက်မှရေများထမီကိုပျာပျာသလဲသုတ်ပြီးသည်နှင့်ငြိမ့်အသံလာရာဆီသို့ဒေါ်လေးသင်ပြေးရသည်။

"မမချိုတို့ အိမ်တက်
ရှိလို့သွားကြတာငြိမ်ရဲ့ ..ငြိမ်မနက်စာ
စားတော့မလား ဒေါ်လေးသင်မုန့်ဟင်းခါးချက်ထားတယ်"

"မုန့်ဟင်းခါးဆိုရင်တော့ကြိုက်ပြီ..
စားတော့မယ်"

ခုထိညအိပ်ဝတ်စုံ မလဲရသေးသောငြိမ်မှာဒေါ်လေးသင်ပုခုံးကိုနောက်မှတွန်းရင်းထမင်းစားခန်းသို့ရယ်ကာမောကာ သွားတော့သည်။

"အဲ့ဒါမှ ခက်ပြီ"

မုန့်ဟင်းခါနောက်တစ်ဇွန်းစားမည်ပြင်ပြီးဆူပုတ်ပုတ်နှင့်ပြောလာသည့်ငြိမ်..

"ဘာလို့လဲ သမီး..စားလို့မကောင်းဘူးလား"

"ဟုတ်ဘူး ဒေါ်လေးသင်ရဲ့မာမီ့ဆီဖုန်းဆက်လိုက်ဦးမယ် 10 နာရီလောက်ကျ ဆိုင်ခန်းခသွားပေးရဦးမှာအမှန်က မနေ့ကပေးရက် ကျွန်မမေ့နေတာမို့အန်တီအေမီ့ ကိုဒီနေ့ပေးလာပေးမယ်ပြောထားတာ..မာမီ့ဆီပိုက်ဆံတောင်းရဦးမယ် "

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Where stories live. Discover now