Part (13)

3.2K 209 2
                                    

"သိပ်ကိုလွမ်းရပါတယ် အမျိုးသမီးရေ
ဒီအတောအတွင်း အဆင်ပြေရဲ့လား
သတိကတော့အချိန်တိုင်း ရနေတာပဲ
သတိရရင် ဖုန်းမခေါ်တာကအသံလေးကြားပြီး
ပြေးတွေ့ချင်စိတ် မထိန်းနိုင်မှာစိုးလို့
ဒါပေမယ့်လည်း လွမ်းတဲ့စိတ်ကတော့
နဲနဲလေးတောင် လျော့မသွားဘူးအချစ်ရယ်
အင်း ...ဟုတ်တယ် အနမ်းတွေဟာ ချိုသလောက်အလွမ်းတွေဟာ သိပ်ခါးပါတယ်ဆိုတာဒီ‌တစ်ခေါက် အန်တီနဲ့တွေ့မှရင်ခွင်ထဲထည့်ပြီးသက်သေပြပါဦးမယ် အန်တီရယ်..."

လွန်ခဲ့သောတစ်ပတ်ခန့်က သူမဆီသို့ပို့ဖြစ်သော
အနဲငယ်ရှည်သည့်မက်ဆေ့ခ်ျတစ်စောင်။တိုက်ရိုက်မဆက်သွယ်ပေမယ့် ဆိုင်ကကောင်မလေးတွေကိုဖုန်းဆက်ပြီး သူမကို ဂရုစိုက်ဖို့နဲ့သူမအခြေအနေကို တိတ်တိတ်လေးစုံစမ်းခဲ့သည်။အိမ်ပြန်လာသောနေ့ကလမ်းကောင်းကောင်းမလျှောက်နိုင်ဒူးခေါင်းတွင်ပတ်တီးစည်းထား‌သော မာမီ့ကိုမြင်တော့ငြိမ်ငိုချင်စိတ်ကိုထိန်းချုပ်၍မရခဲ့ပါ။မာမီ့အနားမှာနေ၍ပြုစုပေးဖြစ်သည်။‌သူမအနားပြန်ရောက်လာသောသမီးလေးကြောင့်မာမီပျော်‌ရွှင်နေတာသိပေမယ့်ငြိမ်ဟိုအမျိုးသမီးကိုအရမ်းလွမ်းလှပြီ။မတွေ့ရတာနှစ်ပေါင်းတစ်ရာလောက်ရှိ‌ရော့ မည်။မာမီ့တို့ဘက်ကအန်တီဖြူနဲ့ပတ်သတ်ပြီးတစ်ခွန်းမှမဟလေသောကြောင့်စိုးရိမ်စိတ်လေးလည်းအနဲငယ်စွက်ဖက်နေ၏။

"သက်ငြိမ် .. လာဦး ဒီနား"

ကုတင်ပေါ်တွင်လဲလျောင်းနေသောမာမီ့ခြေရင်းသို့ဝင်ထိုင်လိုက်လေသည်။

"ဖြူနဲ့ .."

"သမီး အန်တီနဲ့လမ်းမခွဲနိုင်ဘူး"

"ကျွတ်.. မာမီပြောတာနားထောင်စမ်းပါဦး"

မာမီ့ဘက်ကစတင်ဖွင့်ဟလာပြီဖြစ်သည်။ရင်ဆိုင်ဖို့စိတ်အပြည့် ငြိမ့်မှာရှိပြီးသား။လက်လျှော့ဖို့စိတ်ကူးတော့ ရှိမနေ။

"ဖြူနဲ့နေရင်ပျော်ရမှာလား သမီး"

ခေါင်းကိုအခါခါညိမ့်ပြသည်။

"အန်တီက ငြိမ့်ရဲ့ပျော်ရွှင်ခြင်းလေး"

မာမီက မျက်စောင်းကြီးကြီးတစ်ချက်လာပစ်သည်။

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Where stories live. Discover now