Part (6)

2.7K 215 2
                                    

"ကိုကိုနော် စကားပြောရင်အဲ့လိုအဆဲတွေပါရင်
မကြိုက်ဘူး သိလား"

"အင်းပါ သဲလေးရဲ့ဒီကောင်တွေနဲ့ကျအကျင့်လို
ဖြစ်နေလို့ပါ ကိုယ်နောက်ဆိုဆင်ခြင်ပါ့မယ်"

"အမယ်မယ် ..စော်ကြောက်ကောင် ဟားဟား"

"တိတ်စမ်း ချစ်တာလို့ ခေါ်တယ်ကွ"

"ဟား ဟား ဟား"

"ဟေး ဘယ်လိုလဲ အဆင်ပြေရဲ့လား စင်ဒီ"

စင်ဒီတို့ ဝိုင်းသို့ငြိမ်ရောက်လာသည်။

"မပြေဘူးဗျ Menu တွေက
ဈေးကြီးတာတွေ ချည်းပဲ"

စင်ဒီ့ကောင်လေးက ဖြေသည်။

"ဒါဆို နောက်မလာနဲ့လေ"

တစ်ဖွဲ့လုံး တစ်ဟားဟားနဲ့ရယ်မောကြသည်။
ငြိမ် စင်ဒီ့ဘေးသို့ဝင်ထိုင်လိုက်သည်။

"မမငြိမ် Deli ပစ္စည်းလာပို့တယ်
မမငြိမ်နာမည်နဲ့"

"ဘယ်သူပို့လိုက်တာလဲ ဝဏ္ဏ"

"အဲ့လိုတော့ ပြောမသွားဘူး မမငြိမ်"

ငြိမ် ပါဆယ်ဘူးကို ဖောက်လိုက်သည်။အားလုံး
ကလည်း ရုတ်တရက်ရောက်လာသော sprite ကိုစိတ်ဝင်စားနေကြသည်။ အထဲမှာနောက်ထပ်
ဘူးတစ်ဘူး ပါသည်။ဘူးကို ဖွင့်လိုက်သည်။
အလှဆင်ထားသောရောင်စုံအမျှင်များကို
ဖယ်လိုက်သည်။

"အော့"

"ဟာ ဘာကြီးလဲ wtf..?"

အားလုံးသည်  စက်ဆုပ်ဖွယ်ရာမြင်ကွင်းကြောင့်
အထိတ်တလန့်ဖြစ်ကာအသံမျိုးစုံထွက်ပေါ်လာသည်။ငြိမ်ကတော့ မျက်စိရှေ့မှကြွက်သေကောင်အားမြှောက်ကြည့်လိုက်သည်။ထို့နောက်ဓာတ်ပုံတစ်ပုံကိုယူကြည့်သည်။ဟိုအမျိုးသမီးနှင့်ငြိမ်။ငြိမ်ကကားပေါ်တွင်ထိုင်ကာထိုအမျိုးသမီးကိုတာ့တာပြကာ နှုတ်ဆက်နေသည့်ပုံစံ။ထိုအမျိုးသမီးက ငြိမ့်ကိုကျောပေးကာလှည့်ထွက်လာသည့် အနေအထားမျိုးပင်။သွားကလေးတွေပေါ်နေအောင်ရယ်မောနေတာကိုလည်း ပုံထဲတွင်တွေ့ရသည်။

"ငြိမ် ရရဲ့လား"

"တစ်ယောက်ယောက်က
စနောက်လိုက်တာများလား"

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Where stories live. Discover now