Part (9)

2.6K 205 1
                                    

မနက်စာထမင်းဝိုင်းတွင်..

"ကဲ မင်္ဂလာရှိတဲ့နံနက်ခင်းမှာ အားလုံးနဲ့ငြိမ့်ကို
မင်္ဂလာ စကားပြောစရာရှိတယ်"

နဲနဲတွန့်သွားသည်။ဒယ်ဒီ့ဆီမှ မြန်မာကားထဲက အဖေတွေရဲ့ လေသံမျိုးကြားရသည်။

"ငြိမ် အိမ်ထောင်ပြုရမယ်"

"ဟက်.."

"ရီစရာပါလို့လား သက်ငြိမ်"

"ငြိမ် ဒေါ်လေးသင်ဆီကအားလုံးကြားပြီးပြီ
အရင်ကလည်း ငြိမ့် အလိုမပါပဲယောကျာ်းပေးစားဖို့လုပ်ခဲ့တာဆို ဘယ်ခေတ်တောင်ရောက်နေပြီလဲဒယ်ဒီ မြန်မာကားထဲက
အတိုင်းပါပဲလား"

ဒေါ်လေးသင် ဂလုဆိုတဲ့အသံပင်မည်အောင်
တံတွေး မျိုချလိုက်မိ၏။

"ကိုယ့်အမေအရွယ်လောက်နဲ့ သမီးရည်းစား
ဖြစ်နေတဲ့ဇာတ်လမ်းမျိုးရော မြန်မာကားထဲမှာ
တွေ့မိသေးလား"

ခန္ဓာကိုယ်အတွင်းပိုင်းမှမီးတောက်နေပြီး
ခန္ဓာကိုယ်အပြင်ပိုင်းမှာခဲနေသည်ကိုဖြူကိုယ်တိုင်နှင့်ဘုရားသာသိသည်။ထိုနေရာမှ အငွေ့အဖြစ်သာ ပျောက်ကွယ်သွားချင်တော့သည်။

"ငြိမ် အန်တီဖြူ့ကိုပဲ လက်ထပ်မယ်"

"ဘယ်သူ့ သဘောနဲ့"

"ငြိမ့် သဘောနဲ့"

"ဟို ဖြူပြောပါရစေ.."

"ဖြူ"

ဒေါ်ချိုချိုလွင်ဖြူ့လက်များအားဆုပ်ကိုင်လိုက်သည်။ဟင့်အင်း ဒီလိုတွေမလုပ်ကြပါနဲ့တော့
ဖြူလောင်ကျွမ်းနေပါပြီ။

"ငြိမ်က ငယ်သေးတော့လောကကြီးအကြောင်း
ကောင်းကောင်းနားမလည်သေးဘူးလေ..
သူစိတ်ကစားတယ်ဆိုရင်တောင် ဖြူ့ဘက်က
ထိန်းသင့်တာလေကွယ် .."

"မာမီ လွဲနေပြီ ..ငြိမ် မငယ်တော့ပါဘူး ပြီးတော့
ငြိမ် အန်တီ့ကို စိတ်ကစား တာလည်းမဟုတ်ဘူး
ငြိမ် မချစ်တဲ့လူတွေနဲ့တော့ ငြိမ့်ကိုအတင်း
မယူခိုင်းပါနဲ့ ငြိမ် အရွယ်ရောက်ပြီးသား မိန်းမ
တစ်ယောက်ပါ ငြိမ့်ဘဝကို ငြိမ်ကိုယ်တိုင်ပဲ
စီမံပါမယ်"

"မဖြစ်သင့်တာ မဖြစ်ရအောင်"

"ဖြစ်သင့် မဖြစ်သင့်ကို ငြိမ်ပဲ
ဆုံးဖြတ်မှာပါ ..ဖြစ်လာတဲ့ကောင်းဒဏ်
ဆိုးဒဏ်ကိုလည်း ငြိမ်ပဲ ခံမှာပါ.."

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Where stories live. Discover now