ငြိမ် ရင်တွေပူလှပြီ။ဂနာမငြိမ်ဖြစ်၍ ကားကိုအရှိန်ပြင်းပြင်းနှင့်မောင်းလာကာ ဟိုတယ်ရဲ့ဘေးလမ်းကြားထဲသို့ကားကွေ့ဝင်လိုက်သည်။လမ်းကြားထဲမှ ကားတစ်စီးထွက်အလာနှင့် ဆုံနေပြန်သေးသည်။ငြိမ်ဘရိတ်အမြန်အုပ်လိုက်ရသည်။pajero အမဲရောင်ထိုကားကလမ်းဘေးသို့ကပ်ပေးလေသည်။ထိုကားဘေးမှကပ်ရှောင်လိုက်သည်။တစ်ဖက်ကားကကားမှန်ချလိုက်သည်ထင်၏။ကားထဲမှ လူကလက်နှစ်ချောင်းထောင်ပြလိုက်သည်လား။အား !ထားလိုက်ပါတော့ ငြိမ်ဂရုစိုက်ရမှာက သွားရင်းလာရင်းတွေ့မိသောအရာများမဟုတ် အန်တီဖြူသာလျှင်ဖြစ်သည်။
"ဟို အမျိုးသမီး.."
အိမ်ထဲသို့ပြေးဝင်ကာ သူမအားရှာမိသည်။ကြမ်းပြင်ပေါ်တွင် ပေနေသောသွေးစများ
ကိုလည်းအထိတ်တလန့်မြင်တွေ့ရလေသည်။"ငြိမ်...."
သူမကဧည့်ခန်းထောင့်တစ်နေရာတွင် ကျုံ့ကျုံ့လေးထိုင်ကာ ရှိုက်ကြီးတစ်ငင်ငိုကြွေးနေလေ၏။ပါးပြင်မှာလည်း သွေးတွေနဲ့ပါလား။
"ငြိမ် ..."
ငြိမ့်ကိုမြင်တော့ အားကိုးတစ်ကြီးငြိမ့်ရင်ခွင်ထဲသို့ပြေးဝင်လာလေသည်။သူမကိုယ်လုံးလေး
တဆတ်ဆတ် တုန်နေလေပြီ။"ဘာမှမဖြစ်ဘူးနော် ဘာမှမဖြစ်ဘူး"
ငြိမ်ပိုတိုး၍ဖက်ပေးထားမိသည်။
ခဏအကြာ..မေးစေ့လေးအား ဖြေးညင်သာစွာဆွဲယူကာ ရင်ခွင်ထဲမှ သူမခေါင်းလေးအား
မော့စေသည်။ထို့နောက် ဆိုဖာပေါ်တွင်
ထိုင်စေသည်။ရေတစ်ခွက်ခပ်တိုက်ရန် မီးဖိုချောင် ထဲသွားဖို့ပြင်လိုက်သည်။"ဘယ်သွားမလို့လဲ .."
ငြိမ့်လက်ချောင်းများကိုပြာပြာသလဲ
ဆုပ်ကိုင်လာသော သူမ။"ရေသွားခပ်မလို့ ..ရေသောက်လိုက်ဦးလေ"
"ဟင့်အင်း ...ဘယ်မှမသွားပါနဲ့"
"အန်တီ ..ငြိမ် ဘေးမှာ ရှိနေတယ်လေ
ဘာမှမဖြစ်တော့ဘူး ဒီမှာ ငြိမ့်ကိုကြည့်
ဘာမှမဖြစ်ဘူး စိတ်မပူနဲ့ စိတ်ကိုအေးအေးထား""ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ
မျက်စိရှေ့တင်လူတစ်ယောက်လုံး အသတ်ခံလိုက်ရတာလေ ..ဘာလို့ စိတ်အေးခိုင်း
နေတာလဲ"
YOU ARE READING
"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]
Romance"အင်း ...ဟုတ်တယ် အနမ်းတွေဟာ ချိုသလောက် အလွမ်းတွေဟာ သိပ်ခါးပါတယ်ဆိုတာ ဒီတစ်ခေါက် အန်တီနဲ့တွေ့မှရင်ခွင်ထဲထည့်ပြီး သက်သေပြပါဦးမယ် အန်တီ.."