Part (2)

3.1K 262 3
                                    

"တီ...တီ"

ဟော ထုံးစံအတိုင်းသက်ငြိမ်ပဲဖြစ်ရမည်။ကားဟွန်းသံကြောင့်ဖြူစိတ်ထဲကရေရွတ်မိသည်။
ခြံတံခါးဆီအပြေးသွားဖွင့်မိသည်။

"ဟလို .. ဖြူ"

"ဟင်! .. ကိုဦး"

"ဟုတ်ပါ့ဗျာ ..ဖြူက ပြင်ဦးလွင်ရောက်မလာတော့ကိုဦးပဲ ဖြူရှိတဲ့ရန်ကုန်လိုက်လာရတော့တာပေါ့"

"ဒါနဲ့ ကိုဦးတစ်ယောက်တည်းလား မမနှင်း‌ရော"

"ကိုဦး ပြောပါမယ် အဲ့အကြောင်း‌တွေ အိမ်ထဲ
မခေါ်တော့ဘူးလား"

"အော် ဟုတ်ပါရဲ့ လာ ကိုဦး အထဲဝင်"

                              ~ ~

Sunday ‌ရောက်တိုင်းငြိမ်ရင်ခုန်ရသည်။အကြောင်းမှာ အန်တီဖြူ့အိမ်သွားပြီး အန်တီကြိုက်တတ်တဲ့မုန့်အချို့ဝယ်သွားရတာကို ငြိမ်သဘောတွေ့လွန်းသည်။အန်တီက ကလေးလေးလိုပင်။မုန့်ကကြိုက်တတ်သေး။အခုလည်း အဲ့ကလေးလေးငြိမ်အလာကို မျှော်နေပြီလားမသိဘူး။ကားတစ်စီးရပ်ထားတာတွေ့တော့ ငြိမ်အနဲငယ်အံ့ဩမိသည်။အန်တီ့အိမ်ကိုလာသည့်ဧည့်သည်မှာမရှိသလောက်ကိုရှားသည်။

"အန်တီ .. အန်တီ"

"ဒါနဲ့ ဖြူ့လိပ်စာကို ကိုဦးဘယ်က ဘယ်လို"

"အန်တီ"

ငြိမ်တွေဝေသွားသည်။အန်တီက အမျိုးသား
တစ်ယောက်နှင့် စကားဖောင်ဖွဲ့နေပုံ။

"ဟယ် ..ငြိမ် လာလေ လာ ထိုင် လာ"

ငြိမ် ဖြူ့ဘေးမှာပဲဝင်ထိုင်လိုက်သည်။

"ဒါက ကိုဦးတဲ့ ပြင်ဦးလွင်ကရောက်လာတာ
အန်တီ့မိတ်ဆွေ ကိုဦး ဒါက သက်ငြိမ်တဲ့ သူက"

"အန်တီ့ ဖရန့်လို့ပြောလို့ရပါတယ်"

ဖြူ့စကား မဆုံးခင် ငြိမ်ဝင်ပြောလိုက်သည်။
ကိုဦးဆိုသူက ရယ်ပြသည်။

"တွေ့ရတာဝမ်းသာပါတယ် ဖြူ့ ဖရန့်ဆိုတော့လည်း ဖြူ့ကိုဂရုစိုက်ပေးပါဦး..ကျွန်တော်စိတ်ပူတယ်ဗျ "

"ဟုတ် ဂရုစိုက်ပေးနေပါတယ်"

ပြောရင်းဆိုရင်း ငြိမ်ဖြူ့လက်များကို ဆုပ်ကိုင်လိုက်သည်။ရုတ်တရက်မို့ ဖြူဘာလုပ်ရမှန်းမသိရုန်းမိသည်။ငြိမ် လွှတ်မပေးတဲ့အပြင် ဖြူ့လက်ချောင်းများကြားထဲငြိမ့်လက်ချောင်းများထည့်၍ဖြူ့လက်များကိုတင်းတင်းဆုပ်ထားလိုက်သည်။

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Where stories live. Discover now