Part (11) 🌚

4.2K 221 3
                                    

ဝဏ္ဏ ဖုန်းဆက်တယ်။ငြိမ်တို့ဆိုင် မနေ့ညကဖောက်ထွင်းခံလိုက်ရသည်တဲ့။ငြိမ် သွားကြည့်မှ
ဖြစ်မည်။ချစ်သူအနားက တစ်ဖဝါးမှမခွာချင်ပေမယ့် ငြိမ်တို့လူသား‌တွေဟာ ဗာဟီရတွေ များသည်မဟုတ်လား။ချစ်သူကို အနမ်းပေး‌၍ကျောခိုင်းခဲ့လေသည်။လမ်းခုလတ် တစ်နေရာမှ နောက်တွင် ထပ်ကြပ်မကွာလိုက်လာသော Pajero အမဲရောင်ကားတစ်စီးကြောင့် စိတ်စနိုးစနှောင့်ဖြစ်လာသည်။တစ်ဖက်သို့ ရှောင်ပေးသော်လည်း ထိုကားကကျော်မတက်။

"တောက်.. ဘာလဲကွာ စောက်ရေးထဲ"

ထိုကားက ငြိမ့်ကားနှင့်ယှဉ်ကာမောင်းနေသည်။
ငြိမ် ဟွန်းများ ဆက်တိုက်တီးလိုက်သည်။ကားမှန်ချလိုက်သည်။တစ်ဖက်မှ မတုံ့ပြန်။ငြိမ် ကျော်တက်ဖို့ လုပ်သည်။ထိုကားက အရှိန်လိုက်မြှင့်ကာကားနှစ်စီးပြိုင်မောင်းနေသည့်အနေအထားမျိုးရောက်နေလေသည်။

"ဟာ ..."

လမ်းကြားတစ်နေရမှကလေးမလေးတစ်ဦး
စက်ဘီးတစ်စီးဖြင့်ထွက်လာလေသည်။ငြိမ်
တစ်ဖက်သို့ ကွေ့လိုက်ရာ လမ်းမဟုတ်သော
လမ်းဘေးတစ်နေရာ ချိုင့်ထဲသို့ကားကခုံဆင်း
သွားလေသည်။အရှိန်မထိန်းနိုင်၍ သတိလက်လွတ်ဖြစ်ကာ သစ်ပင်တစ်ပင်ကိုဝင်ဆောင့်မိသလိုSteering wheel နှင့်ဦးခေါင်းသည်လည်း ပြင်းထန်စွာဆောင့် မိသည်။ကားပေါ်က ကြိုးစား ရုန်းထွက်ဆင်းလိုက်သည်။မြေကြီးပေါ်သို့မောက်လျက်သား။လူတစ်ဦး အနားသို့လျှောက်လမ်းလာသည်။

"ဝူး ဟူး .. yess.."

ငြိမ် မော့ကြည့်ဖို့ကြိုးစားသည်။မရ။ထိုလူက
ငုတ်တုတ်ထိုင်လိုက်ကာ ငြိမ့်ဆံပင်ကိုဆွဲမသည်။
ဟင်..!!ဝဏ္ဏ။

"ကျွန်တော် စားဖို့ကြံထားတဲ့ အသီးကို မမငြိမ်
လုစားလိုက်ဖို့ ခွင့်မပေးနိုင်ဘူး"

ငြိမ်တစ်ခုခု ပြောချင်ပေမယ့်ငြိမ့်အသံဟာ
ထွက်မလာ။ငြိမ် အိပ်ချင်လာသည်။

"ပြစမ်းပါဦး အဲ့နာရီ"

ငြိမ့်လက်မှ နာရီကိုဆွဲချွတ်သည်။

"သူပေးထားတဲ့ birthday present"

ရယ်မောကာ နာရီလေးကို တက်နင်းလေသည်။

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Where stories live. Discover now