အောက်စီဂျင် လုံလောက်စွာမရရှိ၍ပင်လား။
နှာခေါင်းထဲသို့ဝင်လာသော အောက်သိုးသိုး
အနံ့သက်ကြောင့်ပင်လား။အသက်ရှုကျပ်သည်။"ဟင်"
လက်တွေကို တစ်ခုခုနှင့်ထိန်းချုပ်ထား၏။
ထလို့မရ ရုန်းလို့မရ။မျက်လုံးဖွင့်ကြည့်သည်။
မျက်နှာကျက်တွင် ရင်းနှီးနေလေသော ပြုံးရယ်
နေတဲ့မျက်နှာတစ်ခု။ဟင့်အင်း ရင်းနှီးနေတာမဟုတ် အဲ့ဒါ ဖြူကိုယ်တိုင်ပဲ ဖြူ့မျက်နှာ ဖြူ့ပုံရိပ်။လက်တွေကိုအားစိုက်ကာ ထပ်ရုန်းကြည့်သည်။ထိုစဉ် အခန်းတံခါးပွင့်လာသည်။"အန်တီ နိုးပြီလား"
မိမိ မျက်စိရှေ့တွင်ရပ်နေခဲ့သောတစ်စုံတစ်ယောက်အား ကြည့်၍ မယုံနိုင်လောက်အောင် အံ့ဩမှင်သက်နေမိသည်။
"ဟာ ဘာလို့ငြိမ်ငြိမ်မနေတာလဲ လက်မှာ
အရာတွေထင်ကုန်ပြီ"ကုတင်တိုင်တွင် ဖြူ့လက်များကို လက်ထိပ်နှင့်
တွဲခတ်ထားသည်။"ကျွတ် ကျွတ်"
သူက စုတ်သတ်လိုက်ပြီး ဖြူ့လက်မှ အရာထင်နေသောနေရာအား သူ၏လက်မဖြင့်ပွတ်သပ်နေလေသည်။ဖြူ အော်ဂလီဆန်လာ၍ အကြောက်အကန်ရုန်းမိသည်။
"ဟေး.. ရှူး ....စိတ်လျှော့ အိုခေ စိတ်လျှော့"
"မင်းပဲမလား ..ကိုဦးကို မင်းသတ်ခဲ့တာမလား"
"အဟား..ကိုဦး ...ပြန်စဉ်းစားကြည့်လိုက်တော့
အဲ့ဘဲက အဲ့လောက်လည်း စောက်ရေးမပါပါဘူးအလကားနေရင်း သတ်မိသွားတာပဲ"သူ၏မျက်နှာ ဖြူ့မျက်နှာအနားသို့ တိုးကပ်လာသည်။ဖြူ တစ်ဖက်လို့ လှည့်လိုက်၏။သူက
ဖြူ့မေးစေ့အား ဒေါသဖြင့် ဆွဲယူလိုက်သည်။
ဖြူ့နှုတ်ခမ်းဆီသူ့မျက်နှာက ဦးတည်လာနေလေသည်။ဟင့်အင်း ဖြူ မလိုချင်ပါဘူး။ငြိမ် ..အန်တီ့ကိုကယ်ပါဦး။"တို့ ဗိုက်ဆာတယ်"
လျှင်မြန်စွာထွက်ပေါ်လာသော ဖြူ့စကားကြောင့်သူ့မျက်လုံးများ ပွင့်လာသည်။
"အန်တီ ..ဘာစားချင်လဲ"
"အင်! something..ဘာပဲဖြစ်ဖြစ်"
YOU ARE READING
"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]
Romance"အင်း ...ဟုတ်တယ် အနမ်းတွေဟာ ချိုသလောက် အလွမ်းတွေဟာ သိပ်ခါးပါတယ်ဆိုတာ ဒီတစ်ခေါက် အန်တီနဲ့တွေ့မှရင်ခွင်ထဲထည့်ပြီး သက်သေပြပါဦးမယ် အန်တီ.."