Part (8)

2.7K 204 1
                                    

နံနက်ခင်း၏အလင်းကို
ဆောင်ကျဉ်းသောရောင်နီသည်
အရှေ့အရပ်မှပန်းချီကားတစ်ချပ်ပမာထွက်ပေါ်‌နေလေပြီ။ကျေးငှက်ကလေးများ၏
ဆိုတေးသံကိုတစ်စ တစ်စ ကြားနေရခြင်း
ဖြစ်သည့်အတွက် တိတ်ဆိတ်သော
ပတ်ဝန်းကျင်ဟုမဆိုနိုင်။
ကျောပြင်သည်တစ်စုံတစ်ယောက်၏
ရင်ဘတ်နှင့်ပူးကပ်ထားခြင်းကြောင့်ခပ်နွေးနွေးဓာတ်ကိုသိသိသာသာရရှိ‌နေ၏။
ညက အဖြစ်အပျက်ကို‌တွေးမိတော့
ရင်ခုန်ရတာတစ်မျိုး မျက်နှာပူရတာတစ်မျိုး။

"မောနင်း ..."

ဘယ်လိုလုပ်ရပါ့။သူမ မျက်နှာအား
ဖြူရင်မဆိုင်ရဲပါ။

"အန်တီ.."

"......"

"စိတ်ဆိုးနေတာလား"

"ဟင့်အင်း"

"ဒီဘက် လှည့်ပါဦး"

ငြိမ် ဖြူ့လက်မောင်းလေးကိုမိမိဘက်သို့ဆွဲ့လှည့်လိုက်သည်။အရှက်သည်းနေသည့် မျက်နှာလေးငြိမ့်ရင်ခွင်ထဲ ဝင်ပုန်းနေပြန်လေ၏။ငြိမ် နမ်းဖို့ပြင်လိုက်သည်နှင့်သူမနှုတ်ခမ်းတွေကိုပြာပြာသလဲ လက်ဝါးဖြင့်အုပ်လိုက်၏။ငြိမ် စိတ်မကောင်းစွာ

"ဘာလို့လဲ .."

"သွားမတိုက်ရသေးလို့.."

ငြိမ်ရယ်မိလေတော့သည်။ဟုတ်သားပဲ။

"သွားပါပြီ"

"ဘာဖြစ်လို့လဲ.."

"ဒေါ်လေးသင်ကို ကူဖို့စဉ်းစားထားတာ အာ..
7 နာရီတောင်ခွဲနေပြီ"

ဘာများပါလိမ့်လို့ အမျိုးသမီးရယ်။
မင်းလေးမှာလည်း ဖြစ်လိုက်ရင်အဆန်း။
ကုတင်စွန်းတွင်ထိုင်၍သူမ၏ဆံနွယ်များကို
တစ်ပတ်လျှိုထုံးနေ‌လေသောအမျိူးသမီး။ဒါမျိုးလေးကို နံနက်ခင်းတိုင်းမြင်တွေ့ချင်မိသောကြောင့် ငြိမ့်ကုတင်ပေါ်ညတိုင်းသာ ခေါ်သိပ်လိုက်ချင်တော့သည်။

"အဲ့ဒါ ငြိမ့်ကြောင့်သိလား ဘာမှန်းမသိဘူး"

ဟောဗျာ..အသားလွတ်ကြီးရန်တွေ့
သွားသေးတယ်။

~ ~

ဝေးကွာနေခဲ့ရသော ငြိမ့်ချစ်ခြင်းမေတ္တာများနှင့်
တစ်ဖန်နီးစပ်လာသည့်အတွက်ဖြူကျေနပ်မိသည်ကိုဝန်ခံပါရစေ။ရုံးတက်ရုံးဆင်းအကြိုအပို့တာဝန်ကိုလည်းမပျက်မလပ်ထမ်းဆောင်သည့်အပြင် ထပ်ပြီးကျေနပ်ရသည်ကအပိုထပ်ဆောင်းအနေနဲ့နေ့ခင်းဘက်ဆို အချိုရည်လိုလို Tea လိုလိုများလာပို့တတ်သေးတာပင်။

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Où les histoires vivent. Découvrez maintenant