The End 🔞

6.6K 288 2
                                    

"အန်တီလို့.."

သူမက ငြိမ့်ကိုမကြည့်အားခေါင်းတစ်ချက်ဆတ်ပြလိုက်ပြီးTV မှာလာနေသောဟင်းချက်အစီအစဥ်ကိုကြည့်၍ တစ်ခစ်ခစ်ရယ်မောနေလေသည်။

"တော်ပြီကွာ..မကြည့်နဲ့တော့"

ငြိမ် TVကိုပိတ်ချပစ်လိုက်သည်။

"အာ...ငြိမ့် သူများကြည့်နေတယ်လေ"

"တမင်သက်သက် လုပ်နေတာလား
တစ်ကယ်လား အန်တီဒေါ်ဖြူ"

"ဘာကိုလဲကွာ"

"ဘာကိုလဲတဲ့ .. ငြိမ်တို့နှစ်ယောက်ရဲ့
wedding party ကို ဆင်နွှဲဖို့အချိန် 4 နာရီလောက်ပဲလိုတော့ပေမယ့် အန်တီကဒီမှာ TV ထိုင်နေကြည့်
နေပြီး ဘာကိုလဲဆိုပြီးမေးနေတုန်းလား"

သူမက အဲ့ဒီနှုတ်ခမ်းထူထူလေး‌ကို
ထော်နေလေရဲ့။

"ပြီးရောလေ .. Party ပွဲဖျက်လိုက်တော့
ငြိမ့်ကိုလည်း ယူမနေနဲ့တော့"

"ဘာ .. စားပြီးနားမလည်"

"ဘာ .. ပြန်ပြောပါဦး"

"ဟွန့်.."

သူမကတစ်ဖက်သို့လှည့်သွားသည်။

"ဟွန့်.."

ငြိမ်လည်းတစ်ဖက်သို့လှည့်ကာသူမကိုကျောပေးလိုက်လေသည်။

"တစ်ကယ်ကြီးလား!"

"တစ်ကယ်ကြီးလား!"

နှစ်ယောက်လုံးပြိုင်တူလှည့်၍ပြိုင်တူထွက်လာ
သောအသံ။

"ကျွတ်.. အန်တီကလည်း"

သူမအနားသို့သွားကာ သူမခါးလေးကိုနောက်မှ
သိုင်းဖက်ကာ သူမပုခုံးပေါ်မေးတင်လိုက်၍

"ပတ်ရှောင်နေလို့ မရဘူးလေ အန်တီရယ်..
ငြိမ် နားလည်ပါတယ်လူတွေရှေ့မှာ အန်တီရှက်
နေမယ်ဆိုတာ.. ဒါပေမယ့် ငြိမ့်ကိုကြည့်
ငြိမ့်ကိုကြည့်ပါဦး"

သူမ ပုခုံးလေးကိုကိုင်၍ငြိမ့်ဘက်ကိုလှည့်စေသည်။

"အန်တီ ငြိမ့်ကိုချစ်လား"

"....."

"ချစ်လားလို့..."

"အရမ်းချစ်တာ"

"ငြိမ်လည်း အန်တီ့ကိုအရမ်းချစ်တာ.. ဒီမှာကြည့်
ငြိမ်တို့တွေ စိတ္တဇကောင်နဲ့လည်းကြုံခဲ့ပြီးပြီ
သဘောမတူခဲ့တဲ့ ငြိမ့်မိဘတွေရဲ့လက်ခံပေးမှုကို
လည်းရရှိခဲ့ပြီးပြီ ငြိမ်အတိတ်လည်းမေ့ခဲ့ဖူးတယ်
ငြိမ် အတိတ်မေ့နေတုန်းမှာလည်းအန်တီ့ကိုပဲ
ချစ်ခဲ့တယ်..အန်တီလည်း ငြိမ့်ကိုစောင့်နေပေးခဲ့တယ်..ငြိမ် တစ်သက်လုံးအန်တီ့ကိုပဲချစ်သွားမှာ
အဲ့ဒါဟာ ဘယ်တော့မှမပြောင်းလဲဘူး ပြီးတော့
အန်တီ့ကို ချစ်တဲ့စိတ်နဲ့ငြိမ်အားလုံးကိုကျော်ဖြတ်သွားမှာ အန်တီက ငြိမ့်ဘေးနားမှာရှိနေပေးရုံပဲ  ကျန်တာတွေအတွက် စိတ်မပူနဲ့နော် ငြိမ့်ကိုယုံ"

You've reached the end of published parts.

⏰ Last updated: Sep 01, 2023 ⏰

Add this story to your Library to get notified about new parts!

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Where stories live. Discover now