Part (12) 🔞

5.7K 250 9
                                    

"ပင်ပန်းရောပေါ့ ဒေါ်လေးသင်ရယ် ..
တကူးတကကြီး ချက်ပြီးလာပို့ရတာ"

"အမလေး ဖြူရယ်..မပင်ပန်းပါဘူး ခါတိုင်းလည်း
ဒေါ်လေးသင်ချက်နေကြပါပဲ..ငြိမ်က ဒေါ်လေးသင် ချက်တဲ့ မုန့်ဟင်းခါးမှကြိုက်တာ.."

"ဟော ဟိုမှာလာပါပြီ"

အချိန်မှာ နံနက် 7နာရီကျော်လေပြီ။ပုံမှန်ဆို
9 နာရီလောက်မှ အိပ်ယာထသည်ဖြစ်သော်လည်း‌ဈေးကိုအသွား မုန့်ဟင်းခါးဝင်ပို့မည်ဖြစ်ကြောင်းဒေါ်လေးသင် ဖုန်းဆက်လာသောကြောင့် အိပ်ချင်စိတ်ကိုမြိုသိပ်၍ ပြူးပြဲထရ၏။ညက ရုပ်ရှင်အကြည့်ကောင်းလွန်း၍ 2 နာရီကျော်ခဲ့သည်။

"ငြိမ်..."

ဝမ်းနည်းတတ်သောဒေါ်လေးသင်မှာ‌မျက်ရည်လေး စမ်းစမ်း။ငြိမ့်ကို မြင်တော့ပြေး၍ဖက်ရှာသည်။

"တစ်ယောက်ယောက်မြင်ရင် .. ဝေးကွာနေတဲ့
သားအမိတွေပြန်ဆုံကြတယ် ထင်နေဦးမယ်"

"ဒေါ်လေးသင်တော့ ငြိမ့်ကို အရမ်းသတိရတာပဲ
ငြိမ်နဲ့သာ လာနေလိုက်ချင်တော့တယ်"

"ငြိမ်လည်း သတိရပါတယ် .. ‌ကျန်းမာရေးရော
ကောင်းတယ်မလား"

"ကောင်းပါတယ် ငြိမ်ရယ်.. ငြိမ့်မာမီကတော့
ဒီရက်ပိုင်း ချူချာနေတယ် ..ဟိုတလောက
ရေချိုးခန်းထဲ ‌ချော်လဲသေးတယ်..ဒူးယောင်
နေတယ် .. အခုထိ ပတ်တီးနဲ့ပဲ"

ငြိမ့်ရင်ထဲ နင့်သွားရသည်။မာမီရယ် ..ကိုယ့်ကို
ကိုယ် ဂရုစိုက်ပေးပါ။

"ငြိမ် .. ငြိမ့်ကို မျှော်နေရှာတယ်..ငြိမ် အိမ်ပြန်
လိုက်ခဲ့ပါလား"

အကျပ်ရိုက်သွားရသည့် အခြေအနေပင်။

"ငြိမ်.."

အဖြေကို ငြိမ်မ‌ပေးတတ် ခေါင်းလေး ငုံ့‌နေရုံ‌သာ။

"ငြိမ် လိုက်သွားပါ.."

"အန်တီ..."

"အန်တီ့ကို ထည့်တွက်မနေနဲ့ငြိမ် .. ငြိမ့် မေမေရဲ့
ကျန်းမာရေးက ပိုအရေးကြီးတယ်"

"ငြိမ် အန်တီနဲ့ မခွဲနိုင်ဘူး"

"ငြိမ် .. အန်တီပြောတာ နားထောင်"

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Where stories live. Discover now