Part (4)

2.8K 223 1
                                    

"ဟင့်အင်း လွှတ်ပါ"

"အန်တီကလည်း တစ်ခါထဲပါ"

ဖြူ့ကိုယ်လုံးလေးကိုဆွေ့ကနဲကောက်မအပြီး
အိမ်ထဲသို့ပွေ့လာသည့်ငြိမ်။

"ငြိမ်..အန်တီမကြိုက်ဘူးဆို"

"မရဘူးကွာ ဒီတစ်ခုတော့ အန်တီ
လိုက်လျောပေးရမယ် တစ်ကယ် တစ်ခါထဲ"

"အောက်ကိုချပေးပါ"

"တစ်ကယ်"

နှုတ်ခမ်းသပ်ကာခပ်ပြုံးပြုံးလုပ်နေသောငြိမ့်ပုံစံမှာ ‌အရင်ခေတ်ဗီဒီယိုကားများ ဇာတ်ဝင်ခန်းထဲကလို ကိုကိုဦးမျက်နှာထားနှင့်ပင် ဆင်နေတော့သည်။

"ဟင် ဘာလဲ ဒီ ဒီ ကြမ်းပင်ပေါ်ချခိုင်းတာ"

ဖြူမျက်နှာ ဘယ်နားထားရမှန်းမသိ။
ဖြူ့မှာ ကိုယ်ပြောလိုက်တဲ့စကားရိုးသားသည်
မှန်သော်လည်း ဒီကလေးမက ဘယ်လိုတွေ
အဓိပ္ပာယ်ကောက်မှန်းမသိ တစ်ကယ့်
မလွယ်ကျောကလေးပင်။

"သက်ငြိမ် .. တို့စိတ်ဆိုးမှာနော်"

အန်တီ့ဘက်က နာမည်အပြည့်အစုံခေါ်လာပြီ
ဆိုရင်တော့ငြိမ်တို့ သတိထားရမယ့်အရေးပေါ်အခြေအနေပင်။အန်တီ့ရဲ့အလိုမတူခြင်းသဘောပါတဲ့ ကိစ္စတွေကိုတော့အတတ်နိုင်ဆုံး
မလုပ်ဖြစ်အောင် ဆင်ခြင်မည်ဟုတွေးထားသည်။မိမိ အမျိုးသမီးလေးအား ဧည့်ခန်းဆိုဖာပေါ်သို့ အသာလေးချပေးကာ မခို့တရို့
ရယ်နေလိုက်သည်။

"ဟွန့် ဒီခန္ဓာကိုယ်က ဒီခန္ဓာကိုယ်ကို သယ်လို့
ရအောင် ဘယ်လိုဂါထာတွေများ ရွတ်ဖတ်
ထားတယ် မသိဘူး "

မျက်စောင်းတစ်ခဲခဲနှင့်ပြောနေသောမိမိ အမျိုးသမီးကို တော်တော်‌လေး
အသဲအူတွေယားနေမိသည်။

"အချစ်ရဲ့စွမ်းအား အချစ်ရဲ့ Energy တဲ့"

"သွားပါ .."

"ရေချိုးခန်းထဲလား သွားမယ်လေ လာ"

"ကဲ စလာပြန်ပြီ ဘယ်လိုဖြစ်နေတာလဲ"

"တစ်ကယ်မတရားတာပဲ ရည်းစား
သက်တမ်း 4 လမှာ ရေလေးတစ်ခါလောက်
အတူချိုးချင်မိတာလေးကို မလိုက်လျောပေးဘူး"

"ဟယ် ..လိုက်လျောစရာလားလို့ ရှက်စရာကြီး"

"နောက်လည်း လင်မယားတွေဖြစ်လာမှာပဲကို
ဘာရှက်စရာလိုလို့လဲ ဇနီးလောင်းလေးရဲ့"

"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]Tempat cerita menjadi hidup. Temukan sekarang