"ဒီမှာ ဒီမှာ ဟိုအမျိုးသမီး"
ဖြူကားနားသို့ရောက်ခါနီးအပြေးရောက်လာသော ငြိမ့်ကိုစောင်းငဲ့ကြည့်လိုက်သည်။
"ခင်ဗျား ဘဲကြီး ပိုက်ဆံအိတ်ကျန်ခဲ့တယ် "
သူမက လျှာကိုပါးစောင်ကပ်ကာ...
"ရော့"
"ဖြူတို့ ဘာမှမပတ်သတ်ကြပါဘူး"
"မေးမိလား"
"ရှင် .."
ဘဲကြီးဟုခုနလေးကပင်ပြောလိုက်သံကို
ဖြူနားကြားမမှားနိုင်။"အထင်မှားနေတဲ့ ပုံမလို့ပါ"
"အထင်မှားချင်စရာပဲလေ..."
သူမရဲ့အထင်သေးမှုတို့မှာတစ်ဖန်
အစချီလာပြန်လေသည်။"သွားလိုက်ပါဦးမယ်..."
တစ်ဖက်သို့လှည့်ကာထွက်သွားရန်ပြင်နေသော
ဖြူ့လက်ကောက်ဝတ်များကိုဖမ်းဆွဲလိုက်ကာ
မျက်နှာချင်းဆိုင်စေပြန်သည်။ပိုက်ဆံအိတ်ကလေးမှာ မြေကြီးပေါ်သို့ဖတ်ခနဲ။"အိမ်ထောင်ရှိလား အန်တီ အော် ဟုတ်သားပဲ
အိမ်ထောင်ရှိမှတော့ ယောကျာ်းကိုအိမ်မှာထားပြီး ဖရန့်ဆိုပြီး ဘဲတစ်ပွေနဲ့ ဒီအချိန်ကြီး
ကော့တေး လာသောက်ပါ့မလားနော်"ဖြူ Cocktail ဆိုင်လာခဲ့ခြင်းသည် Cocktail
လာသောက်ခြင်းမဟုတ် အခြားအကြောင်းအရာ
တစ်ခုကြောင့်ဖြစ်သည်ဟု ထုတ်မပြောဖြစ်ခဲ့ပါ။
မျက်ရည်တို့ကိုသာ သုတ်ဖြစ်ခဲ့သည်။"တော်ပါတော့ ငြိမ် အန်တီ့ကိုလွှတ်ပါ"
"ငိုနေတာလား ..."
"လွှတ်ပါ"
ဖြူရုန်းသော်လည်း ဖြူ့အားတို့သည်
မျက်ရည်တွေလောက် အဖြစ်မရှိပါ။"ပြောစမ်းပါ ကျွန်မတို့ကြားမှာ တစ်ခုခု
ရှိနေတယ် မလား..""လက်ရဲဇက်ရဲနိုင်တာကတော့ အတိတ်မေ့တဲ့
အထဲပါမသွားဘူးပဲ စိတ်မကောင်းစရာ""ကိုဦး.."
"အဲ့ဒီလက်ကို လွှတ်လိုက် ကောင်မလေး"
"ခင်ဗျား ပိုင်တဲ့ဟာလား"
"မကြာခင်ပေါ့.."
YOU ARE READING
"ကျွန်မ အသက်ရဲ့မှီတည်ရာ"[Completed]
Romance"အင်း ...ဟုတ်တယ် အနမ်းတွေဟာ ချိုသလောက် အလွမ်းတွေဟာ သိပ်ခါးပါတယ်ဆိုတာ ဒီတစ်ခေါက် အန်တီနဲ့တွေ့မှရင်ခွင်ထဲထည့်ပြီး သက်သေပြပါဦးမယ် အန်တီ.."