Part53(uni+zawgyi)

1.4K 108 28
                                    

Uni

တစစ်စစ်ကိုက်နေတဲ့ခေါင်းကိုကိုင်ပြီး ခန့်ထယ်ဝါ ကုတင်ပေါ်က မနဲအားယူပြီးထလိုက်တယ်

မျက်လုံးထောင့်လေးက အရိပ်လေးကြောင့် ခန့်ထယ်ဝါရဲ့ပတ်ဝန်းကျင်တစ်ခုလုံး အေးချမ်းသွားစေနိုင်တဲ့
အကြည်ဓာတ်လေး

ဘာတွေတကုတ်ကုတ်လုပ်နေမှန်းမသိ

ပုခုံးပေါ် တွဲကျနေတဲ့ ဆံနွယ်လေးတွေက တညီတညာတည်းရှိမနေတာကြောင့် သူမလေးအိပ်ယာနိုးနေတာ မကြာသေးမှန်းသိသာလှတယ်

အဝါရောင် ညအိပ်ဝတ်စုံလေးနဲ့ ပုခုံးသာသာလောက်ဆံပင်ဖရိုဖရဲလေးတောင် လှချင်တိုင်းလှနေတဲ့ချစ်ရသူကြောင့် ခန့်အတန်ကြာငေးနေရာကနေ

"ဟော ကိုကို နိုးလာပြီလား နက်ထမင်းကြော်ထားတယ် အလုပ်မသွားခင်စားလိုက်ဦးနော် နက်အားလုံးပြင်ပြီးပြီ"

"အင်း ငါခေါင်းကိုက်နေတယ် တစ်ခုခုလုပ်ပေးဦး"

နက်ဘာမှ ပြန်မပြောပေ

black coeffeeလေးကို ခွက်ထဲဖောက်ထည့်ကာ သံပုရာသီးလေးကို အူတိုင်မပါအောင်လှီးပြီး အမျှင်လေးတွေပါအောင် ဇွန်းပါးလေးနဲ့အားသုံးပြီးညှစ်ချလိုက်တယ်

ဒါအရက်နာကျတဲ့သူတွေအတွက် အကောင်းဆုံးဆေးတစ်ခွက်ပဲ

ကိုကို ထမင်းကြော်စားနေတဲ့နားကို အသာလေးသွားချပေးတော့ ကိုကိုက အလိုမကျသလိုနဲ့ မျက်လုံးလှန်ကြည့်တယ်

"ဒါဘာလဲ "

"black coffee ပါ အရမ်းအဆင်မပြေဖြစ်နေလားဟင် နက်ဘာထပ်လုပ်ပေးရမလဲ"

"ရပြီ မလိုတော့ဘူး"

"ဟိုလေ ကိုကို ဒီနေ့ ဘာအစီအစဉ်ရှိလဲဟင်"

"ဘာကိုလဲ ငါက ဘာအစီအစဉ်ရှိရမှာလဲ မင်းကရုံးလိုက်မလို့လား

ငါပြောပြီးသားနော် မင်းအကောင်လဲမရှိတော့ဘူး မင်းလဲလိုက်ဖို့မလိုတော့ဘူး ငါစိတ်မတိုချင်ဘူးနော်"

"ဟိုလေ ဒီနေ့အဆင်ပြေရင် ရုံးမသွားလို့ရမလားဟင်

ဒီနေ့တစ်ရက်လောက် နက်ကိုအချိန်ပေးပါလား တစ်ရက်တည်းပါနော်"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now