Part54(uni+zawgyi)

1.5K 81 19
                                    

Uni

"ဆရာ ကျွန်တော့်မိန်းမ ဘာဖြစ်တာလဲဟင်"

"ဟင်း မင်းသူ့ကို ဂရုစိုက်ဖို့တော့လိုနေပြီ

သူအရမ်းအားနဲနေတယ် ပြီးတော့ သူ့ရောဂါကဒီတိုင်းထားလို့မရတော့ဘူး

ဖြစ်နိုင်ရင် ဆေးရုံတက်ကုတာအကောင်းဆုံးပဲ
ဒီလိုသာ မကြာမကြာဖြစ်နေရင်~"

"ခဏခဏ ဆရာ ဆရာဆိုလိုတာ ကျွန်တော်သိပ်နားမလည်ဘူး

နက်မှာဘာရောဂါရှိလို့လဲဆရာ နက်ကအရင်ကဘာတွေဖြစ်ထားလို့လဲ"

"မင်းမသိဘူးလား နက်မှာ မင်းနဲ့ပတ်သက်ပြီးစိတ်ရောဂါရှိနေတာကိုတော့ မင်းမသိဘူးလို့မငြင်းနဲ့ကွ

ငါမင်းအဖေကိုရော မမမြကိုရော သေချာမှာခဲ့တာ ပြီးတော့ ပုလဲနက်ရောဂါက စိတ်ထိခိုက်လို့မရဘူးလို့အတန်တန်ပြောခဲ့တယ်လေ"

အသက်ငါးဆယ်နီးပါး ဆရာဝန်တစ်ယောက်က ချက်ကျလက်ကျပြောလိုက်တာကြောင့် ခန့်ထယ်ဝါ ခေါင်းငိုက်စိုက်ကျသွားတယ်

သူမမှာ မိမိနဲ့ပတ်သက်ပြီးစိတ်ခံစားချက်ဆိုးရှိနေတာသိပေမယ့် အဲ့လောက်ထိပြင်းထန်သွားလိမ့်မယ်လို့တော့ မသိရိုးအမှန်ပါ

နောက်ဆုံးကတော့ ပုလဲနက်ရဲ့ကိစ္စတွေကိုသူပဲနောက်ဆုံးမှသိလာရတာမလား

"ဆရာ ကျွန်တော်သူ့အတွက်ဘာလုပ်ပေးရမလဲ "

"ဖြစ်နိုင်ရင်စိတ်ချမ်းသာအောင်ထား
စိတ်ထိစိုက်လိုက်ပြီဆိုတာနဲ့ သက်ရောက်မှုတွေက မမျှော်လင့်ထားတာထပ်ဆိုးသွားနိုင်တယ်

အော်ပြီးတော့ ဒီညသူသတိရလာလိမ့်မယ် မင်းသူ့ကိုမနက်ဖြန်ဆေးရုံခေါ်လာခဲ့လိုက်ပါ
ငါဆေးစစ်ပေးစရာလေးရှိလို့

သူ့ရဲ့သွေးခုန်နှုန်းတွေက မမှန်ဘူး ကိုယ်ဝန်ရှိနေနိုင်တယ်"

"ဗျာ ဆရာ တကယ်လား နက်မှာကိုယ်ဝန်ရှိနေတာလား "

ခုဏကထိ သေမလိုမျက်နှာက ခုကျတော့ ရေနဲ့ပတ်လိုက်သလိုပဲ ချက်ချင်းလန်းသွားတယ်"

"အေး မသေချာဘူး ဒါပေမယ့် ကျုပ်ကသံသယရှိယုံတင်ပါ ဆေးရုံမှာသေချာစစ်ဆေးကြည့်မှ သိရမှာမို့ အမြန်လာပြလိုက်ပေါ့ဗျာနော် ကိုယ်ဝန်ရှိမရှိဆိုတာ နားကြပ်လေးထောက်ပြီးစမ်းသပ်လိုက်ရုံနဲ့ အဖြေထွက်တာမဟုတ်ဘူး

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now