Part55(uni+zawgyi)

1.6K 56 11
                                    

Uni
ကျွန်တော်ပြေးနေတာ မောကြီပန်းကြီး
နက်ရှိရာဆီကိုပေါ့

နက်ကိုလည်းမြင်နေရတယ်

နက်ဗိုက်လေးက ပူလို့ နက်ကလည်း အော်ခေါ်နေတယ်

အဝေးကြီးကနေ
ကျွန်တော်နက်ဆီပြေးသွားနေတာ

ဝေးသထက်ဝေးနေတာကြောင့် အော်ခေါ်မိတော့

"ကိုကိုရေ နက်ကိုကယ်ပါ
နက်နဲ့ကလေးလေးကို လာကယ်ပါကိုကိုရယ်"

"နက် ကိုကိုလာနေပြီ
ဘာမှမကြောက်နဲ့နော်"

"ကိုကိုရေ"

"အား "

ပြေးရင်း နက်က ပျောက်သွားတယ်

မနက်နိုးလာမယ့်အချိန်ကို တွေးပြီး ရင်ခုန်နေတဲ့ခန့်ထယ်ဝါတစ်ယောက် မိုးလင်းခါနီးမှနိုးသွားတာကြောင့် တော်တော်နဲ့အိပ်ယာကမထနိုင်ခဲ့

ချွေးစီးတွေပျံပြီးနိုးထလာတော့လဲ ခုဏကနက်ထွက်သွားတာအိမ်မက်မှန်းသိပြီးသက်ပျင်းချမိတော့တယ်

စောစောစီးစီး ကြက်သရေမရှိတဲ့ အိမ်မက် နက်နဲ့ကျုပ်ကိုခွဲထားတယ်ဗျာ

ကုတင်ပေါ်ကနေအမြန်ဆင်းပြီး လှမ်းအော်ခေါ်တော့ တော်တော်နဲ့ပြန်ထူးသံမကြားရတာကြောင့် အရမ်းကျယ်နေတဲ့အိမ်ကြီးကိုတောင်စိတ်တိုမိတယ်

အမှန်ဆို လူနှစ်ယောက်ပဲနေတဲ့အိမ်ဆိုတာ ဒီလောက်မှမကြီးသင့်တာ

ခုတော့ မလိုအပ်ပဲ ကျယ်နေတာကြောင့်အော်ခေါ်တိုင်းမကြားရတာပေါ့

အော်ဒါပေမယ့် သားသားမီးမီးတွေရလာရင် အိမ်ကျယ်ကျယ်ကကောင်းပါတယ်လေ

သားကဘောလုံးကန်မှာဆိုတော့ အကျယ်ကြီးမှဖြစ်မှာ သမီးလေးအတွက်လည်း birbe
ရုပ်တွေထားဖို့နဲ့ သူ့ရဲ့tea party အတွက် နေရာယူရမှာဆိုတော့ အိမ်ကကျယ်တာအကောင်း
ဆုံးပါပဲနော်

(အေးဟိုက ဗိုက်တောင်မကြီးသေးဘူး နင်ပဲစိတ်ကူးယဉ်နေလိုက်)

ကိုယ့်အတွေးနဲ့ကိုယ် ပျော်ပြီး အိမ်ခန်းတွေကိုလိုက်ရှာနေတာ

"နက်ရေ နက် ဟင်"

နက်က အရင်သူနေတဲ့အခန်းထဲမှာ ဘာတွေထည့်နေမှန်းမသိ အိပ်တစ်အိပ်ထဲထိုးထည့်နေတာတွေ့တော့

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now