Part56(uni+zawgyi)

1.5K 71 16
                                    

Uni

စနေသွေးတစ်ယောက်ချိန်းတဲ့နေရာရောက်ကတည်းက ဘာမှမေးမရပဲငိုနေတဲ့ပုလဲနက်ကြောင့်

အိမ်ကိုသာခေါ်လာခဲ့တော့ ဒေါ်လေးနဲ့တွေ့မှပိုငိုနေတာ

"blackရာ ငိုမနေပါနဲ့ဟာ ငါလည်း နင်ငိုတာမမြင်ချင်ဘူး

ငါခုပဲ ကိုခန့်ကိုသွားသတ်မိတော့မယ်နော်"

ဆိုမှ တိတ်တော့တယ်

​ဒါတောင်ဘာမှမေးမရတာ နောက်ဆုံးဒေါ်လေးကချော့မေးတာကြောင့်

"အိမ်ပေါ်ကတော့ ဆင်းလာပြီ
ဘယ်သွားရမယ်ဆိုတာလည်းမသိသေးဘူးဟုတ်လား
Blackရာ အဲ့တာဆိုလဲ
ငါ့အိမ်မှာနေဆိုတော့လည်း မဟုတ်
နင်ခုဘာဖြစ်ချင်နေတာလဲ ပြော"

​တော်​သေးတယ်စနေသွေးဆိုတာ ပုလဲနက်ခေါ်တိုင်းချက်ချင်းရောက်လာပြီး ကူညီပေးနိုင်မှန်း ပုလဲနက်သိသေးလို့ပေါ့

ဂရုဏာဒေါသနဲ့အော်လိုက်မိတော့လည်း
မျက်နှာငယ်လေးနဲ့ စနေသွေးကိုကြည့်နေတဲ့ ပုလဲနက်ကြောင့် ဆူရမှာလဲ မဆူရက်

ပုလဲနက်ဆိုတာလေ စနေသွေးကိုသာ သူခံစားရသမျှပြောပြပြီး အကူအညီတောင်းရဲတာ
ကျန်တဲ့သူတွေဆို သူ့ကိုဘာပဲလုပ်လုပ် ငြိမ်ခံလာတာရယ်

ခုလည်းကြည့် သူဘယ်လောက်သည်းခံနေခဲ့ရတယ်ဆိုတာ

ဘယ်လိုမှမတတ်နိုင်တော့တဲ့အဆုံးမို့သာ ထွက်လာခဲ့တာနေမယ်

ထပ်လည်း မဆူရက်တော့တာမို့ သူမလေးဖြစ်စေချင်တာသာလုပ်ပေးလိုက်တော့မယ်

"ကဲပြော blackရာ နင်ဘာဖြစ်ချင်လဲပြော
ငါဘာလုပ်ပေးရမလဲဟင် "

"ဟင့်အင်း ငါမနေချင်တော့ဘူးဟာ ငါနေလို့မပျော်တော့ဘူး

ငါအသက်မရှင်ချင်တော့ဘူး သွေး ဟင့် ဟင့်"

"ဘာ ဘာပြောတယ် black နင်ဘာစကားပြောတာလဲ နင့်မှာ ငါတစ်ယောက်လုံးရှိသေးတယ်
နင်ခုငါ့အိမ်မှာမနေချင်လဲ ဘေးကနင့်အိမ်မှာပဲနေပေါ့ ဒါပေမယ့် ဒေါ်လေးကိုတော့ခေါ်ထားရမယ်နော် နင်တစ်ယောက်တည်းငါစိတ်မချဘူး"

ပြောနေတာကိုကြားလား မကြားလားလည်းမသိ အပြင်ဘက်ကိုငေးကောင်းနေတဲ့ ပုလဲနက်ကိုစနေသွေးဘယ်လိုစိတ်ချရမလဲမသိ

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now