Part57(uni*zawgyi)

1.5K 64 4
                                    

Uni

"မင်းက ဒီကိုဘယ်လိုရောက်နေတာလဲ"

ခန့် အေးအေးဆေးဆေးလေးနက်ကိုလွမ်းဖို့ နက်ကိုမေ့နိုင်အောင်ကျိုးစားဖို့ ကြီးမြရှိတဲ့ စစ်ကိုင်းတောင်ကိုရောက်အောင် လာခဲ့တာတောင်မှပဲ

နှင်းဖြူစင်ဆိုတဲ့မိန်းမဘယ်လိုသိပြီးလိုက်လာတယ်မသိ

မိမိနဲ့ တစ်ကားတည်းလိုက်လာတာကြောင့်

ကားပေါ်ကဆင်းတည်းက အနောက်ကတစ်ကောက်ကောက်ရှောက်လိုက်နေတာကြောင့်

ခန့်ထယ်ဝါ မက်တပ်စုန်ရပ်ပြီးမေးလိုက်တာပါ

"မောင်ရယ် ဖြူက မောင့်ကိုစိတ်မချလို့ပါ

မောင်တစ်ယောက်တည်း ခရီးဝေးကြီးသွားတာဆိုတော့လေ စားရေးသောက်ရေးလည်း အဆင်မပြေမှာဆိုးလို့ပါဟင်းဟင်း"

"မင်းဆက်လိုက်မလာနဲ့တော့ ဖြူ ကိုယ်တစ်ယောက်တည်းအေးအေးဆေးဆေးနေပါရစေ"

ပြောသာပြောတာ နောက်ကလိုက်လာတဲ့ မိန်းကလေးကြောင့် သူ့မှာ ထပ်ပြီးပြောပြန်ရင်လည်း တစ်ဖက်သူရဲ့သိက္ခာကရှိနေတာမို့ မပြောတော့ပဲ ကြီးမြဆီကိုသာ လိပ်စာအတိုင်းသွားလိုက်တော့တယ်

........
"ကြီးမြရေ ကြီးမြ "

ခန့်ထည်ဝါ အော်ခေါ်လိုက်တာကြောင့် စိတ်ငြမ်ရပ်ကွက်ကဲ့သို့ တိတ်စိတ်နေတဲ့ ရိပ်သာမှာ ခန့်အသံက ဟိန်းနေလေရဲ့

"ဟယ် သားခန့် ဘယ်လိုရောက်လာတာလဲ
နက်ကလေးရော မပါဘူးလားဟင် သားခန့်ရယ် မတွေ့တဲ့ အတောအတွင်းပိန်သွားလိုက်တာသားရယ်"

ကြီးမြကတေယ့ သူ့ကိုတွေ့တွေ့ချင်း ဖတ်ပြီးအလွမ်းသယ်ရှာတယ်

လာရင်းကိစ္စကို ပြောပြတော့ ကြီးမြက မယုံသလိုနဲ့

"သားကြီးရယ် မဖြစ်နိုင်တာ နက်လေးက သတ္တိနဲ့ ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရှိရမှာလဲလို့
နက်လေးနဲ့သတ္တိနဲ့က~"

"တော်ပါတော့ကြီးမြရယ် သားကို နက်ကိုယ်တိုင် ပြောသွားတာပါ သားရူးချင်နေပြီဗျ
သားကို ထပ်ပြီး မနှိပ်စက်ပါနဲ့တော့ဗျာ"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now