Part - 3

6K 1K 242
                                    

ဒီနေ့တော့ အပြင်မထွက်ရတာကြာပြီမို့ အိမ်ကနေ စထွက်လာတည်းက ဂျောင်ဂုမှာ စိတ်လှုပ်ရှားနေခဲ့တာဖြစ်သည်။

အပူချိန်အရမ်းမြင့်တက်သည့် နေ့လည်အချိန်အတွက် နေရောင်ကာဆေးကို လိမ်းပြီးနောက် ဗိုက်ဆာသည့်အခါ အလွယ်တကူ ဖြည့်တင်းရန်အတွက် သွေးအိတ်ကိုပါထည့်ပြီး ဒီနေ့ရဲ့ ရည်ရွယ်ချက်က ခြေဦးတည့်ရာ ဟိုဟိုဒီဒီ သွားဖို့အတွက်သာ..

မင်ဂျယ်က သူ ဂျူတီမရှိတဲ့‌ နေ့ကျရင် လိုက်ပို့ပေးမယ် ပြောပေမယ့် ဂျောင်ဂု က အဲ့နေ့ထိ မစောင့်နိုင်တော့တာမို့ အခုလို တစ်ယောက်တည်းထွက်လာခဲ့ခြင်းပင်။

ကျွန်တော်က ဗန်ပိုင်းယားဆ်ိုပေမယ့် လူသားစစ်စစ်အမေနဲ့ဗန်ပိုင်းယားအဖေတို့ ချစ်ကြိုက်မိရာမှ ရလာသည့်ကလေးမို့ နေထိုင်မှုပုံစံတွေကလည်း လူလောကထဲကို ပို၍အားသာသည်။
အမှန်တော့ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ လူတွေနဲ့လိုက်လျောညီထွေဖြစ်အောင် ဗန်ပိုင်းယားတွေက နေတက်ပါသည်။
လူသားတွေဆီမှ သွေးစုပ်တာမျိုးကိုလည်း သိပ်မလုပ်ကြတော့ပဲ အခြားနည်းဖြင့် သွေးသောက်ကြတာမျိုးကို လေ့ကျင့်ခဲ့ကြသည်။

ဒါကြောင့်မို့ တော်တော်များများက မရိပ်မိခဲ့ကြ။
တကယ်တမ်းကျ ဂျောင်ဂုက ဒီလိုဘဝမျိုးမှာ ဖြစ်တည်နေရတာကို မပျော်ပါ။ ကိုယ့်ဘဝကို ပြန်တွေးမိတိုင်း နာကျင်ခံစားရစမြဲဖြစ်၏။

အဖေဟာ လူသားအမေကို အမှတ်မထင်ကယ်တင်ခဲ့ရာကနေ ချစ်မိပြီး တစ်အိုးတစ်အိမ်ထူထောင်မိသည်အထိ မိမိပုံစံအစစ်မှန်ကို ဖုံးကွယ်ထားခဲ့သည်။
နောက်ဆုံး အုပ်စုကသိသွားပြီး ဗန်ပိုင်းယားလောကထဲမှ လူသားတွေကို မကယ်တင်ရ ၊မချစ်ကြိုက်ရဟူသောစည်းကမ်းကို ဖောက်ဖျက်မိသူအဖေ့အားအုပ်စုရဲ့‌ ခေါင်းဆောင်က အပြစ်ဒဏ်အနေဖြင့် အဖေ့ကို ဖမ်းဆီးကာ ချုပ်နှောင်ထားခဲ့သည်။

အမေဟာလည်း ချစ်ရသူဟာ ထိုသို့‌သော မကောင်းဆိုးဝါးဖြစ်နေတာကို သိသွားချိန်မှာ လုံးဝ လက်မခံနိုင်ပဲ သွေးပျက်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားလေ၏။
အဖေဟာလည်း အမေ့စိတ်ကြောင့် တစ်ဖြေးဖြေး ပျက်စီးလာပြီး ပိုမိုဆိုးသွမ်းလာသည်မို့ ဗန်ပိုင်းယား‌ လောကရဲ့ အမှောင်ဆုံးနေရာမှာ ချုပ်နှောင်ထားသည်ဟူ၍သာ ဂျောင်ဂုသိရသည်။

SCARLET EYES (Completed)Where stories live. Discover now