တည်းခိုခန်းတစ်ခု၌ ပုန်းအောင်းနေသည့် ဂျင်ဝူး....
ဖမ်းဝရမ်းထုတ်ထားတာမို့ သူ့ဘဝက အရင်ကလို စိတ်ရှိတိုင်းသွားလာလို့မရတာကြောင့် နာမည်သိပ်မရှိသည့် တည်းခိုခန်းမှာ ရှောင်ပုန်းကာနေရသည်။သူ့ကို အပူတပြင်းလိုက်ရှာနေတဲ့ ရဲတွေကိုလည်း အပြင်ထွက်ရင်သတိထားရသေးတော့ အတော်လေးမလွတ်လပ်ချေ။
အခုဝရန်တာမှာ ထွက်ကာ ဆေးလိပိသောက်ရင်း အတွေးတို့ကလည်း တောင်စဉ်ရေမရပြန့်ကျဲလျက်ဖြစ်နေ၏။
ပါလာတဲ့ငွေတိုငွေစတွေကလည်း ကုန်သလောက်ရှ်ိနေပြီ။သက်မှတ်ထားသည့်ရက်အတွင်း မဆပ်နိုင်လို့ ဝရမ်းထုတ်ခံထားရတဲ့ကိစ္စတွေပါ ဖြေရှင်းဖို့ဆိုရင် ငွေအများကြီးလိုအပ်တယ်လေ။
ထိုငွေပမာဏအများအပြားကို လွယ်လင့်တကူရနိုင်ဖို့ နည်းလမ်းကိုရှာမတွေ့ခဲ့ရာကနေ အခုတော့ မျှော်လင့်ချက်ရောက်ခြည်သန်းလာပြီထင်တာပဲ။
လက်ထဲက ဆေးလိပ်ကို တစ်ချက်ဖွာလိုက်ပြီး အငွေ့တွေကို မှုတ်ထုတ်လိုက်ရင်းကနေ ဆက်တွေးနေမိသည်က ထယ်ယောင်းလည်ပင်းပေါ်မှ ပတ္တမြဆွဲကြိုး...ထိုဆွဲကြိုးကို ထယ်ယောင်းဆီမှာရှိတာကို သိပြီးတဲ့နေ့တည်းက သူဘယ်လိုနည်းနဲ့ယူရင်ရနိုင်မလဲဆိုတာကိုသာ ဆက်တိုက်တွေးနေမိ၏။
အစက ပတ္တမြားတစ်ခြမ်းတည်းသာရှိပေမယ့် အခုအကုန်အပြည့်ဆိုတော့ ဈေးကလည်း နှစ်ဆနီးပါးရမှာဖြစ်ပြီး
ဆွဲကြိုးကိုသာအရယူနိုင်ခဲ့ရင် ခက်ခဲနေတဲ့ ငွေရေးကြေးရေးပြဿနာတွေပါ အကုန်ပြေလည်မယ့်အပြင် ကျွန်တော့်ဘဝလည်း အရင်လိုပြေလည်သွားမယ် မဟုတ်လား။ခက်တာက အဲ့ဒီဆွဲကြိုးကို ထယ်ယောင်းကဝတ်ထားတာမို့ ဘယ်လိုလုပ်ပြီးယူရပါ့မလဲ?
ပြီးတော့ ထူးဆန်းနေသည့် ထယ်ယောင်းမှတ်ဉာဏ်တွေကို တွေးမရပေမယ့် ဂျောင်ဂုဆိုသည့် ဟိုကောင်လေး သူ့အနားမှာမရှိတော့တာတော့ သေချာသည်။လွန်ခဲ့တဲ့သုံးလေးရက်အတွင်း ထယ်ယောင်းနောက်ကို နောက်ယောင်ခံလိုက်ကြည့်ခဲ့ပြီးပြီ။
အသွားရောအပြန်ပါထယ်ယောင်းတစ်ယောက်တည်းဆိုတော့ ဂျင်ဝူးအကြံစည်တွေဖြစ်မြောက်ဖို့ ပိုအားသန်တာပေါ့။