မနက်တစ်နာရီဖြစ်သည့် သန်းခေါင်ယံအချိန်...
ငှက်ဆိုးထိုးသံ တဂီးဂီးက ညနက်နက်ထဲကြားနေရသည်မှာ ထိတ်လန့်စရာကောင်းလွန်းနေသည်။မြို့ပြင်နားဖြစ်တာမို့ အချို့ အဆောက်ဦးတွေက ဟောင်းနွမ်းလို့နေပြီး တစ်ချို့နေရာတွေကလည်း လူသူကင်းမဲ့ကာတိတ်ဆိတ်လို့နေ၏။
အတော်သင့် ဟောင်းနွမ်းနေပြီဖြစ်တဲ့အဆောက်ဦးရှေ့၌ ခြေစုံချလို့ရပ်နေသူ ဂျောင်ဂုကတော့ ဒီပါတ်ဝန်းကျင်ကိုရော တိတ်ဆိတ်မှုကိုပါ နေသားကျနေသလိုမျိုး တည်ငြိမ်စွာဖြင့် ရပ်နေခဲ့သည်။"နောက်ဆုံးတော့ ငါ့မူလနေရာကို ပြန်ရောက်လာခဲ့ပြီပဲ.."
တစ်ကိုယ်တည်းရေရွတ်လိုက်ပြီးနောက် လေးလံသောခြေလှမ်းတို့က ထိုအဆောက်အအုံရဲ့ မြေညီထပ်သို့ဝင်သွားလိုက်၏။
အသင့်စောင့်နေဟန်တူသော ခေါင်းဆောင်၏ လက်ထောက်ဖြစ်သည့် ဦးလေးကြီးက ဂျောင်ဂုကိုတွေ့တာနဲ့ ပြုံးရွှင်စွာနှုတ်ဆက်လာသည်။"ရောက်လာပြီလား Scarlet.."
"ဟုတ်ကဲ့ ဦးလေးကြီး..."
"ဒါဆို ခေါင်းဆောင်ဆီ သွားတွေ့ရအောင်..."
ဂျောင်ဂု ခေါင်းငြိမ့်ပြလိုက်ပြီး အရှေ့ကဦးဆောင်သွားနေသည့်ဦးလေးကြီး နောက်ကိုသာ လိုက်သွားလိုက်သည်။
"ခေါင်းဆောင်...Scarlet ရောက်ပါပြီ.."
ဦးလေးကြီးက ခေါင်းဆောင်ရဲ့ အခန်းတံခါးကို ခေါက်ကာအသံပြုလိုက်ပြီးမှတွန်းဖွင့်လိုက်သည်။
အလင်းရောင်အနည်းငယ်သာရှိနေသည့် အခန်းထဲ ဦးလေးကြီးနည်းတူဂျောင်ဂုပါလှမ်းဝင်လိုက်တော့.."ကြိုဆိုပါတယ် Jeon Scarlet... အခုမှပဲ မင်းရဲ့နေရာမှန်ကို ပြန်ရောက်လာပြီပဲ..."
ခေါင်းဆောင်က ဝမ်းသာအားရပြောမေသည့်တိုင် ဂျောင်ဂုကတော့ ဘယ်လိုအမူယာမျိုးမှ ရှိမနေပဲ မျက်နှာသေဖြင့်သာ ရပ်နေမိသည်။
"ဘယ်လိုလဲ...မရောက်တာကြာပြီဖြစ်တဲ့ မူလနေရာကို ပြန်ရောက်လာတော့ ဘယ်လိုခံစားရလဲ..?"
"အရင်အတိုင်း မွန်းကျပ်စရာကောင်းနေတုန်းပါပဲ...ကျွန်တော့်ကို ပေးထားတဲ့ ကတိကိုတည်မယ်လို့ ယုံကြည်တာကြောင့် ဒီကိုပြန်လာခဲ့တာပါ.."