Part - 4

5.5K 956 299
                                    

ခြေဗလာဖြင့် လျှောက်သွားနေမိသည့် ထယ်ယောင်း..။
သူအခုဘယ်ရောက်နေလဲဆိုတာကို မခန့်မှန်းတက်သလို သိလည်းမသိ။
ညဘက်ကြီးတစ်‌ယောက်တည်း ရှိနေပြီး အရှေ့ကိုကြည့်လည်း လမ်းမရှိပဲ မှောင်မဲလို့သာနေသည်။

သို့သော် ခပ်လှမ်းလှမ်းက မြင်ကွင်းတစ်ခု...

အဖြူရောင်ကားတစ်စီးဟာ လမ်းမထက်မှာ ပက်လက်အနေအထားနဲ့ရှိနေခဲ့တယ်။
မီးခိုးတွေ တစ်ငွေ့ငွေ့ထွက်နေတာမို့ လောလောလတ်လတ်ပင် ကားတိုက်မှုဖြစ်ထားတာကို ပြသနေတယ်။

ကားရဲ့ ရှေ့ခန်းထဲမှာ ဇနီးမောင်နှံနှစ်ယောက်ဟာ အပြင်ကို ကိုယ်တစ်ပိုင်းထွက်လျက် အနေအထားဖြင့် သွေးသံတရဲရဲနဲ့လဲကျနေသည့်တိုင် ကူညီမယ့်သူမရှိ။
ထယ်ယောင်း အပြေးသွားကာ ကြည့်မိတော့ နှစ်ယောက်လုံးအသက်မရှိတော့ပေ။

ထိုစဉ်...

"အီးးးးဟီးးးးး"

စူးစူးဝါးဝါး အာခေါင်ခြစ်ကာငိုလိုက်သည့် ကလေးတစ်ယောက်ရဲ့ အသံက ကားအနောက်ခန်းထဲကနေ ထွက်လာခဲ့သည်မို့ ငုံ့ကြည့်မိတော့ တစ်နှစ်သားအရွယ် ယောင်္ကျားလေးတစ်ယောက်။
အဲ့ဒီကလေးရဲ့ နဖူးမှာ သွေးအချို့တွေ့ရပေမယ့် ကြီးကြီးမားမားတော့မဟုတ်...
ဒီအတိုင်း လန့်ကာ ငိုနေခဲ့ခြင်းဖြစ်သည်။

"ကလေး...မငိုပါနဲ့..."

ကလေးဆီ လက်လှမ်းလိုက်ချိန် ရုတ်ချည်း‌ပြောင်းလဲသွားသည့် မြင်ကွင်း...
ဘေးပတ်ပတ်လည် အမှောင်ထုသာဖြစ်နေပြီး ပြေးလွှားနေတဲ့ ခြေသံတွေ... ငြင်းခုန်သံတွေကိုသာ ကြားနေရပြီး အကောင်ထည်မမြင်ရ။

ထိုစဥ် လည်ပင်းကိုဆုပ်ကိုင်လာသည့် အေးစက်စက် လက်တစ်ဖက်...
အားထည့်ကာ ဖျစ်ညှစ်လာသည်မို့ အသက်ရှုကြပ်ကာ မျက်လုံးတို့ပြာဝေလာသည်။

မပီသသည့် အမြင်အာရုံတွေနဲ့ အမှောင်ထုထဲမှာ ကူကယ်ရာမဲ့လို့နေ၏။
ကယ်ကြပါ....ကူညီကြပါ။
ထယ်ယောင်း စိတ်ထဲမှ ဆက်တိုက်အော်ဟစ်နေပေမယ့် အသံတို့က ပေါ်ထွက်မလာခဲ့...။

နောက်တော့ အမြင့်မှပြုတ်ကျသွားသလို ခံစားချက်ကြောင့် အသည်းထဲအေးခနဲ..

SCARLET EYES (Completed)Where stories live. Discover now