"ဟော....မနက်အစောကြီးမို့ ဘယ်သူများလဲ မှတ်တယ်...ဂျင်ဝူးပါလား....လာလေ အိမ်ထဲကို....မင်း ညီကတော့ အိပ်နေတုန်းပဲ..."
ခြံတံခါးကို ဖွင့်ပေးရင်း ထယ်ယောင်း၏ဒေါ်လေးက ဆီးကြိုပြောသည်။
"ထယ်လေး လက်ကို စိတ်ပူလို့ပါ ဒေါ်လေး...သူ သက်သာရဲ့လား...."
"ညတုန်းကတော့ ဒေါ်လေး ဆေးသေချာလိမ်းပေးထားတယ်....မင်းညီက အမြဲအဲ့လိုပဲ နမော်နမဲ့အရမ်းနိုင်တာ...သတိထားပါလို့ မှာရင်လည်း သူက မကြိုက်သေးဘူး"
ကြည့်ရတာ ထယ်ယောင်းက ဟန်နီကြောင့်ဆိုတာကိုတော့ ထုတ်ပြောထားပုံမရပဲ သူ့ဘာသာဖြစ်တယ်ဟု ပြောထားတယ်ထင်သည်။
ဒီကလေး စိတ်ထားဖြူစင်ပုံကတော့ ငယ်ငယ်တုန်းကနဲ့တစ်ပုံစံတည်းပါပဲ။"ကျွန်တော် ထယ်ယောင်းကို သွားကြည့်လို့ရမလား ဒေါ်လေး..."
"ပြောရမယ့်သူတွေမှမဟုတ်တာ သားရယ်....သွားကြည့်လေ...ဒီနေ့တစ်ရက် ဆိုင်မဖွင့်ဘူးလို့ပြောတယ်....ဒါနဲ့ သားရော အလုပ်မသွားဘူးလား..?"
"နေ့လည်မှ အစည်းအဝေးရှိလို့ ဒီ မနက်ပိုင်း အားတယ် ဒေါ်လေး....အဲ့ဒါကြောင့် ဝင်လာလိုက်တာ.."
"ဒါဆို အတော်ပဲ...ဒေါ်လေး ဈေးသွားလိုက်မှာမို့ သားက အိမ်ခနစောင့်ပေးပါဦးနော်....ထယ်ယောင်းကလည်း တစ်ရက်တစ်လေ အနားယူတာမို့ မနှိုးချင်လို့.."
"ရပါတယ် ဒေါ်လေး...သွားလိုက်ပါ..ကျွန်တော် စောင့်နေလိုက်ပါ့မယ်.."
"ကျေးဇူးပါပဲကွယ်...ဒါဆို ဒေါ်လေး သွားလိုက်ဦးမယ်.."
ဒေါ်လေးထွက်သွားမှ ထယ်ယောင်းအခန်းဆီသို့ ဦးတည်မိသည်။
တံခါးကို အသာတွန်းဖွင့်လိုက်တော့ ခုတင်ပေါ်၌ အိပ်မောကျနေဆဲဖြစ်သည့် ထယ်လေး...ဘေးတစ်စောင်းအနေအထားနဲ့ခပ်ကွေးကွေးလေး အိပ်နေတာမို့ အသဲယားစရာကောင်းလှသည်။
လက်ဖမိုးပေါ်က ပတ်တီးကိုမြင်မိတော့ ရင်ထဲ စိတ်မကောင်း။
နိုးသွားမှာစိုး၍ ဖွဖွလေး ဆွဲကာ ယူကြည့်မိသည်။
ဟန်နီကြောင့် ဒီလက်လှလှလေးကို ထိခိုက်သွားရတာ...ဂျောင်ဟန်နီဆိုတာ နှစ်ဖက်မိဘကသဘောတူထားသည့် မိန်းကလေးဖြစ်ပေမယ့် ဂျင်ဝူးကတော့ ညီမလေးတစ်ယောက်ထက် ခံစားချက်ပိုလို့မရပါ။
အမြဲတမ်း ငယ်ငယ်တည်းက ထယ်ယောင်းအပေါ် မျက်မုန်းကျိုး နေတက်သည်။