"ဘယ်လို!!ဘယ်လို!!ငါက ဒီပုံစံအတိုင်း တစ်ထပ်တည်းတူတဲ့ စတော်ဘယ်ရီဖျော်ရည်ကို လုပ်ပေးရမယ် ဟုတ်လား!မင်းတော့ မဟုတ်သေးပါဘူးကွာ.."
ဂျောင်ဂု အပြောကို မင်ဂျယ်က တအံ့တဩလုပ်ကာ မျက်လုံးပြူးလို့နေသည်မို့ ဂျောင်ဂု ရီပြရုံကလွဲပြီး မတက်နိုင်ပါ။
"မတက်နိုင်ဘူးလေကွာ....သူက ငါသောက်တဲ့ဖျော်ရည်ကိုပဲ မေးနေတာကို.."
"မင်းဟာလေးကလည်း စပ်စပ်စုစုနဲ့.."
"ငါ့ ဟာလေးမဟုတ်ပါဘူးကွ..."
"မင်းပြောတော့ သူက သေးသေးကွေးကွေးလေးဆို အဲ့တော့ မင်းဟာလေးပေါ့.."
မင်ဂျယ်ကို သူ ထပ်ပြီး စောဒကမတက်မိ။
"ဒါနဲ့ ငါမေးဦးမယ်...မင်းပဲ လူတွေနဲ့မရင်းနှီးချင်ပါဘူးဆို....အခုကျ ဘယ်လိုဖြစ်ရတာလဲ....အလုပ်တူတူလုပ်ပြီး သူတောင်းဆိုတာကိုပါ လုပ်ပေးဖို့ တွေးနေသေးတယ်..."
သူပြောတာ မှန်သင့်သလောက် မှန်နေသည်မို့ ဂျောင်ဂုမှာ ခနတော့ တိတ်ဆိတ်နေမိ၏။
"ငါကိုယ်တိုင်လည်း နားမလည်ဘူးပြောရင် မင်း ထပ်ပြီး နားရှုပ်လိမ့်မယ်..."
"အေး....မင်းကိုလည်း ငါတကယ် နားမလည်တာအမှန်ပဲ....အဲ့ဒါတွေအသာထားမင်း ဘယ်တော့ ဟိုကောင်မလေးကို လိုက်ရှာမှာလဲ...?"
သူမ...?
အင်း....ဂျောင်ဂုရဲ့ ရည်ရွယ်ချက်က သူမကို ရှာတွေ့ဖို့ အဓိကဖြစ်နေခဲ့တာကို အခုမှ ဒီကောင်လေးကြောင့် လိုရာ မရွေ့နိုင်တော့ဘူးပဲ။"ငါ လိုက်ရှာခဲ့တာပဲ...အခုထိ မတွေ့နိုင်ပဲ ဘယ်မှာပုန်းနေခဲ့သလဲဆိုတာ မခန့်မှန်းတက်တော့ဘူး..."
"သူမနဲ့ပြန်ဆုံရင် မင်း မှတ်မိနိုင်မှာလား..?ဥပမာ သူ့ဆီမှာ ထင်ရှားတဲ့ အမှတ်သား တစ်ခုခုပေါ့.."
အမှတ်အသား။
အင်း သေချာပေါက် သူ့မှာ ကျွန်တော်မှတ်ပေးလိုက်တဲ့ အမှတ်အသားရှိတယ်။
သူ့ကိုတွေ့ရင် မှတ်မိအောင်လို့ လုပ်ခဲ့ပေမယ့် တကယ်တမ်းကျ အခုထိကို ရှာမတွေ့သေးပါ။"ရှိတယ်...အဲ့ဒီဟာကိုပဲ အားကိုးပြီး ငါလိုက်ရှာနေခဲ့တာပဲ.."