"ထယ်လေး..."
ဆိုင်ကို ပန်းလာပို့သည့် အလုပ်သမားနဲ့ထယ်ယောင်း စကားပြောနေခိုက် အစ်ကိုဂျင်ဝူးက ဆိုင်ထဲသို့ ရောက်လာခဲ့သည်။
"အစ်ကို ဂျင်ဝူး ...ခနထိုင်ဦးနော်...ကျွန်တော် ဒါလေး လက်စသတ်လိုက်ဦးမယ်.."
ထယ်ယောင်းရဲ့အပြောကို အံ့ဩသွားရသူက ဂျင်ဝူးဖြစ်၏။
အတင်းကျပ်ချစ်ရေးဆိုမိထားသည့် ကိစ္စကြောင့် သူ့ကိုတွေ့ရင် အကြီးကျယ်စိတ်ဆိုးလိမ့်မည်ဟု ထင်ခဲ့သော်လည်း ထယ်ယောင်းက ဘာမှမဖြစ်ထားသလို ဆက်ဆံသည်မို့ ဂျင်ဝူးစိတ်ထဲ အနည်းငယ်တော့ သက်သာသွားရသည်။"ဒါဆို နောက်အပါတ်ထဲအချိန်မှီပို့ပေးရင်ရပါပြီ....ကျေးဇူးပဲနော်.."
တစ်ဖက်က အလုပ်ကိစ္စအကုန်ပြောပြီးမှ ထယ်ယောင်းမှာ အစ်ကိုဂျင်ဝူးကို စတင်ဧည့်ခံဖို့အတွက် ပြင်ရတော့သည်။
"ခနနော်....ကျွန်တော် ကော်ဖီပူပူလေးဖျော်ပေးမယ်....ဒီဇင်ဘာထဲဝင်တော့မှာမို့ ရာသီဥတုက အခုတည်းက အေးနေပြီဆိုတော့ နွေးတာလေးသောက်တာပိုကောင်းတယ်.."
ထယ်ယောင်းက အရင်ကလိုပဲ အနောက်ထဲသို့သွားကာ ကော်ဖီဖျော်ဖို့ဝင်သွားလေ၏။
ခနအကြာ ကော်ဖီခွက်လေးနဲ့အတူ ပြန်ထွက်လာပြီး..."ရော့ အစ်ကို...ကော်ဖီရပါပြီဗျ....မလာတာတောင်ကြာပြီနော်....အလုပ်တွေရှုပ်နေတာလား..?"
ဂျင်ဝူး ဘာမှပြန်မဖြေမိ။
အခုမျက်လုံးရှေ့တွင် မြင်နေရသည့် နီရဲရဲပတ္တမြားဆွဲကြိုးက သူ့အာရုံတွေကို ဖမ်းစားထားသည်။တကယ်တော့ ဂျင်ဝူးဒီကိုရောက်လာတာကလည်း ထိုဆွဲကြိုးကြောင့်ပင်ဖြစ်၏။ချေးငှားထားသည့် အကြွေးတွေအား အချိန်မှီမဆပ်နိုင်၍ ဂျင်ဝူးထွက်ပြေးရှောင်တိမ်းနေရသည်မှာ အတော်ကြာပြီ။ဒါကြောင့် ထယ်ယောင်းထံမှာ ထိုဆွဲကြိုးရှိလိုရှိငြား ရှာဖို့ထွက်လာခဲ့တာဖြစ်သလို တိုက်ဆိုင်စွာ ထယ်ယောင်းလည်ပင်းမှာ ရှိနေသည့်ဆွဲကြိုးကြောင့် အားတက်သွားရသည်။
ကျွန်တော့်ကို ထယ်ယောင်း အကြီးကျယ်စိတ်ဆိုးမယ်ထင်ထားခဲ့သည်မှာလည်း မထင်မှတ်ပဲအဆင်ပြေနေသည်မို့ ထယ်ယောင်းကို အချိုသပ်ရန်သာ ကျန်တော့၏။