ပုံမှန်အတိုင်းလည်ပါတ်နေခဲ့သည့် ထယ်ယောင်းတို့ တူဝရီးတို့ဘဝထဲကို ကံဆိုးမိုးမှောင်ကျစေခဲ့သော နေ့တစ်နေ့ရောက်ရှိလို့လာခဲ့မယ်ဆိုတာကိုသာ ကြိုသိခဲ့ရင် ဘယ်လောက်တောင်များ ကောင်းလိုက်လေမလဲ..?
ဂျောင်ဂုနဲ့အတူတူ လျှောက်လည်ပြီး အိမ်သို့ပြန်လာခဲ့သော ထယ်ယောင်းရဲ့စိတ်တွေဟာ အိမ်ထဲမှာ ငိုနေသော ဒေါ်လေး၏ ပုံရိပ်ကို မတွေ့ခင်အထိ ပျော်နေခဲ့တာဖြစ်၏။
အိမ်တံခါးကို တွန်းဖွင့်လို့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့်..."ဒေါ်လေး...ဒါက ဘယ်လိုဖြစ်..!"
တစ်အိမ်လုံးကရှိရှိသမျှ ပစ္စည်းတွေအားလုံးက ကျိုးကြေလို့နေပြီး ဒေါ်လေးရဲ့နဖူးစပ်မှာလည်း သွေးတွေနဲ့မို့ စိုးရိမ်တကြီး မေးလိုက်မိတော့..
"ထယ်ယောင်းရေ..!"
ကျွန်တော့်ကိုလည်းတွေ့ရော ရှိုက်ကြီးတငင်နဲ့ဖက်ကာ ငိုသည့် ဒေါ်လေးကြောင့် ထယ်ယောင်းမှာ စကားစပင်ရှာမရတော့ပါ..။
"ဒေါ်လေး!!!ဘာဖြစ်တာလဲလို့..!ပြောပါဦး.."
"နင် ဘယ်တွေသွားနေတာလဲ ထယ်ယောင်းရယ်...အိမ်ကို လူစိမ်းတွေဝင်လာပြီး တစ်အိမ်လုံးမွှေသွားတာ...."
"ဟင်..?ကျွန်တော့်ကို အစဆုံး သေချာပြောပြပါဦး ဒေါ်လေးရယ်..."
ထယ်ယောင်းရဲ့ စကားကြောင့် သူမဘက်က တစ်ခုမကျန်အကုန်ပြောပြလိုက်တော့၏။
.
.
.
ထယ်ယောင်းရောက်မလာခင် လွန်ခဲ့သော တစ်နာရီခန့်က အိမ်ရှေ့သို့ ကလေးတွေရောက်လာကာ သကြားလုံးလာတောင်းကြလေ၏။
Halloween ညရောက်တိုင်း ကလေးတွေက ရောက်လာနေကြမို့ သူမလည်း အသင့်ဝယ်ထားသည့် သကြားလုံးတွေကို ယူကာ ထိုကလေးလေးတွေကို ဝေပေးနေမိသည်။"ကလေးတို့ မပြေးနဲ့ ချော်လဲမယ်..!"
သကြားလုံးရပြီးတာနဲ့သူမကို ပျော်ရွှင်စွာနှုတ်ဆက်ပြီး ပြေးထွက်သွားကြသည့် ကလေးအုပ်စုကို လှမ်းသတိပေးရင် သူမလည်း စိတ်ထဲကြည်နူးနေမိသည်။
ကလေးဘဝကသာ အပူပင်မရှိပဲ အေးချမ်းနိုင်လို့ အကောင်းဆုံးမဟုတ်လား?ထို့နောက် သူမ အိမ်ထဲပြန်ဝင်ခဲ့ပြီး သိပ်မကြာလိုက်ခင်မှာပဲ ထပ်မြည်လာသော တံခါးဘဲလ်သံကြောင့် ကလေးတွေ နောက်တစ်ခေါက် ထပ်ပြီးသကြားလုံးလာတောင်းတယ်ဟုထင်ကာ အိမ်တံခါးဖွင့်၍ ထွက်ကြည့်ခဲ့သည်။